saturngod

  • `ဘာပြောတယ် လော်ရာ´ `စိတ်မဝင်စားဘူးလို့ ပြောတာပါ ဒယ်ဒီ ´ `မရဘူးသမီး ။ ဒီခေတ် ဒီအချိန်ခါကြီးထဲမှာ သမီး ဗမာစကားမတတ်လို့မရဘူး´ `ဒါဆိုလဲ နောက်မှတက်မယ်ဒယ်ဒီ။ အခု သမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ့ ဂျပန်ယဉ်ကျေးမှုသင်တန်းတွေတက်ရဦးမယ်´ `အဲဒါ ခက်တာပဲ .. မင်းတို့ကလေးတွေ ဘာကအရေးကြီးလဲဆိုတာ မခွဲခြားနိုင်သေးဘူး။ ဗမာစကားတတ်ရင် ကမ္ဘာမှာမင်းသွားချင်တဲ့နိုင်ငံဆီသွားပြီး အလုပ်လုပ်လို့ရပြီ။´ `အင်္ဂလိပ်စာထက်ပဲ အသုံးဝင်ရဦးမလား ဒယ်ဒီရာ´

  • Launcher တွေ Dock တွေက windows အတွက် အများကြီးရှိပါတယ်။ ဒါပေမယ့် ကျွန်တော့် စိတ်ကြိုက်တော့ မတွေ့ဘူးဗျ။ ကျွန်တော့် အကြိုက်ဆုံး Launcher ကတော့ ဝေဖြိုးပြောပြတဲ့ run ကနေ သွားတာပဲဗျ။ ကျွန်တော် အရင်ကတည်းက run ကနေပဲ သွားတာ။ ဝေဖြိုးရေးတာ တွေ့တာနဲ့ပဲ ကျွန်တော်လည်း ပြန်မျှဝေလိုက်ရတာ။

  • အရင်ကတော့ ကျွန်တော် computer journal မှာ မြန်မာလိုဖတ်ဘူးတယ်။ ကျွန်တော် linux အပေါ် ပထမအကြိမ် ခြေချခြင်းလို့ဆိုရမယ်။ အဲဒီ ဆောင်းပါးလေးကနေ တဆင့် ကျွန်တော် ကိုယ်တိုင် စမ်းသပ်လေ့လာရင်း red hat ကို စတင်ခဲ့ပါတယ်။ အခု အဲဒါ ဆောင်းပါး အကုန်လုံးပေါင်းထားတာလေးရပြီဗျ။ ဘယ်သူရေးထားတာလဲတော့ မသိဘူး။ ကိုကိုရဲ ဆီက ရတာနဲ့ အကုန်လုံးကို မျှဝေလိုက်ပါတယ်။ ကျွန်တော့်အတွက် ပထမဆုံး Linux ကိုလေ့လာဖြစ်ခဲ့တဲ့ လစဉ်ဆောင်းပါး (အခုတော့ စာအုပ်ပေါ့) ကို Linux ကိုလေ့လာလိုသူတွေ ဖတ်နိုင်ဖို့ အတွက် Download Here

  • Pubic Access Center ဖွင့်လှစ်သူများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ ၁။ လာရောက်အသုံးပြုသူများ၏ နိုင်ငံသားစီစစ်ရေးကဒ်ပြားအား ကြည့်ရှုစစ်ဆေး၍ အမည် ၊ မှတ်ပုံတင်အမှတ် ၊ (Pasport Number) ၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပတ် စသည်တို့ကို မှတ်ပုံတင်ထားရှိရမည်။ ၂။ လာရောက်သုံးစွဲသူများ၏ သုံးစွဲမှုမှတ်တမ်း (Date/Time/Screenshot/URLs) အား (၂)ပတ် တစ်ကြိမ် Myanmar-Info-Tech သို့ CD ဖြင့်ရေးသားပေးပို့ရမည်။ ၃။ အလားတူ မိမိတို့ထံတွင်လည်း Back-up အားသိမ်းဆည်းထားရှိရမည်။ ၄။ Screen Shot များကို (၅)မိနစ် တစ်ကြိမ် ရယူထားရမည်။ ၅။ မော်နီတာများအား အများမြင်သာသည့်ဘက်သို့ မျက်နှာမူထားရှိရမည်။

  • wordpress မှာ blog လုပ်တာ မြန်မာလို မပေါ်ဘူး။ နောက်ပြီး plugin တွေကို ကိုယ်လိုချင်တဲ့ plugin မရဘူးဖြစ်နေလား။ wordpress blog ကို ကိုယ်ပိုင် host မထိုင်တတ်ဘူးလား။ blog လုပ်ချင်ပြီး ဘယ်ကနေ စလုပ်ရမှန်းမသိတာလား။ အဲဒီအတွက် MZ blog လာပါပြီ။ ကျွန်တော်တို့ MYSTERY ZILLION ကပေးလိုက်တဲ့ နောက်ထပ်တစ်ခုပါ။ Blog တွေကို လွယ်လွယ်ကူကူလုပ်နိုင်အောင် စီစဉ်ထားပါတယ်။ template တွေအများကြီးထည့်ထားတယ်။ နောက်ပြီး လိုအပ်တဲ့ plugin တွေထည့်သွင်းထားပေးတယ်။ blogger ကနေလည်း import လုပ်လို့ရတယ်လေ။ www.mzblog.net ကနေ သင် blogger တစ်ယောက်ဖြစ်လာဖို့ လမ်းစ တစ်ခု ဖွင့်ပေးလိုက်ပါတယ်။

  • Software source အသစ်ထည့်ခြင်း Terminal တွင် $sudo gedit /etc/apt/sources.list လို့ရိုက်လိုက်ပါ။ password ကို ထည့်လိုက်ပါ။ # newer versions of the distribution ကိုရှာလိုက်ပါ။ အဲဒီ အောက်တွင် deb http://security.ubuntu.com/ubuntu/ hardy main deb http://mirror.in.th/ubuntu hardy main deb http://repository.cairo-dock.org/ubuntu hardy cairo-dock deb http://ppa.launchpad.net/googlegadgets/ubuntu hardy main deb-src http://ppa.launchpad.net/googlegadgets/ubuntu hardy main ထည့်သွင်းလိုက်ပါ။ ပြီးရင် save သွင်းပြီး ပိတ်လိုက်ပါ။ terminal တွင် $sudo apt-get update ရိုက်ထည့်လိုက်ပါ။ အဲဒါကတော့ package list…

  • MZ မကြာခင်ပြန်လာမှာပါ။ အခုအကုန်လုံး ဝိုင်းဝန်းလှုကြလို့ အဆင်ပြေလာပါပြီ။ grid server နဲ့ vbulletin ကို ကိုမင်းကျော်က စိုက်ဝယ်ပေးထားတယ်။ အလှုငွေနဲ့ အကြွေးပြန်ဆပ်မှာပါ။ အခုဖြစ်နေတဲ့ ပြသနာတစ်ခုကတော့

  • သင့်ရဲ့ blog ကို backup လုပ်ဖို့မမေ့ပါနဲ့။ တပတ်တကြိမ်လောက်တော့ လုပ်ထားပါ။ ဘာတွေလုပ်ရမလဲ။ ဘယ်လိုလုပ်ရမလဲ။ သိပ်မခက်ပါဘူး။ ကျွန်တော်က wordpress သုံးတဲ့အတွက် wordpress မှာဆိုရင်တော့ firefox addon ဖြစ်တဲ့ fireftp ကိုအသုံးပြုပြီး ftp ကနေ file တွေကို backup လုပ်ပါတယ်။ ကိုယ့် blog က ကိုယ်ပိုင် host မှ ftp သုံးလို့ရမှာနော်။ နောက်မို့ဆိုရင်တော့ မရဘူးဗျ။