saturngod
-
Tag & Category လုပ်ထားတာလေးကို လူတော်တော်များများ မေးကြတယ်။ သိချင်ကြတာတော့ တော်တော်များများပဲ။ ဘယ်သူမှ right click မနှိပ်မိကြဘူး။ နှိပ်ပြီး ရှာတော့လည်း ရှာမတွေ့။ ဒါကြောင့် တိုက်ရိုက် link လေးပေးလိုက်ပါတယ်။ http://wordpress.org/extend/plugins/wp-cumulus/ ကဲ… စိတ်ချမ်းသာကြပါစေသော်…… :)
-
ကျွန်တော်တို့ အခုမှ MZ စတက်တယ်။ ပြသနာတွေကလည်း အများကြီးပဲဗျ။ MZ တက်အောင် လုပ်ဖို့လည်း မလွယ်ဘူး။ Database တွေ ပြန်ရဖို့လည်း မလွယ်ဘူး။ အခု အမှန်အကုန် ဝယ်သုံးနေပြီ။ Template ကို ဝယ်တာလည်း မလွယ်မှန်းသိလာပြီ။ $30 ဆိုတာက ဘာမှ မပြောပလောက်ပါဘူး။ ဒါပေမယ့် ကျွန်တော့်အများ တစ်ခုလုပ်မိလိုက်တယ်။ 10% off coupon ကို google ကနေ ရှာပြီးထည့်သုံးလိုက်မိတယ်။ အဲမှာ ဆိုးတာပဲဗျာ။ $3 လေး လျော့သွားတာပဲရှိတယ်။ $3 အတွက် ကျွန်တော်တို့မှာ အချိန်တွေ အများကြီးပေးလိုက်ရတယ်။ ကိုမင်းကျော် ရဲ့ paypal လည်း ပိတ်ခံထိသွားတယ်။ ပြန်ပွင့်အောင် အချိန်တွေ ပေးလိုက်ရတယ်။ ကျွန်တော် MZ…
-
Launchy ကတော့ တော်တော်ကောင်းတယ်ဗျာ ။ Run command ထက်တောင်သာသေးတယ်။ အခုတော့ Ubuntu မှာလည်း သုံးလို့ရတော့ တကယ့်ကို ရှယ်ပဲဗျာ။ ကိုသာသာ ကိုလည်း ကျေးဇူးတင်ပါတယ်။ Launchy.net မှာ အခုပဲ download ချလိုက်ပါ။ Essential For Ubuntu မှာလည်း ထည့်သွင်းလိုက်ပါပြီ။
-
မနေ့ညကတည်းက စည်သူလုပ်နေတာ မနက် ၈ နာရီခွဲတော့ ထခေါ်တယ်။ MZ အတွက် အကုန်လုပ်ပြီးပြီ။ Database က MySQl 5 ကနေ 4 ကိုပြန်ပြောင်းပြီးတင်ရတယ်။ အခု mysteryzillion.org ရပြီ။ လာခဲ့ပါအုံးဆိုလို့ ကျွန်တော်လည်း ၉ နာရီ အရောက်ပြေးလိုက်ရတယ်။ ရောက်တာနဲ့ MZ stable stage ရောက်အောင် file တွေပြင် template ဝယ်ဖို့ကြိုးစားနဲ့ ၁၂ ကျော်ကျော်လောက်မှ စတင်တည်ငြိမ်လာပြီး ၂ နာရီလောက်မှာ ရောက်သွားတယ်။ ဝယ်ထားတဲ့ template ကတော့ ၁၂ နာရီစောင့်မှ ရမယ်ဆိုလို့ စောင့်နေရတယ်။ $30 တောင် template အတွက်ပေးရပါတယ်။ နောက်တော့ ကျွန်တော် edu အတွက် ဆက်လုပ်တယ်။…
-
ကျွန်တော်တို့ MZ ရတော့မယ်ဆိုပြီး ညက ပြန်လုပ်ကြပါတယ်။ file တွေပြန်တင်ကြတယ်။ ကိုမင်းကျော် တင်ပေးတာ ၂ ရက်လောက်ကြာတယ်ဗျ။ အဲလောက်စောင့်ရတာ။ database ပြန်တင်မယ်ဆိုကော webhostingpad ရဲ့ backup ထဲမှာ ပါမလာပါဘူးဗျာ။ တော်တော်တော့ တင်းသွားတာ။ ဒါနဲ့ edu ရအောင်လုပ်မယ်ဆိုပြီး ပြန်လုပ်တယ်။ အဲမှာကျတော့ database ပဲပါလာတယ်။ file ပါလာဘူး။ ဘာပြောလို့ပြောရမှန်းတောင် မသိဖြစ်သွားတယ်ဗျာ။ တော်တော်ညံတဲ့ webhostingpad ဗျာ။
-
`ဘာပြောတယ် လော်ရာ´ `စိတ်မဝင်စားဘူးလို့ ပြောတာပါ ဒယ်ဒီ ´ `မရဘူးသမီး ။ ဒီခေတ် ဒီအချိန်ခါကြီးထဲမှာ သမီး ဗမာစကားမတတ်လို့မရဘူး´ `ဒါဆိုလဲ နောက်မှတက်မယ်ဒယ်ဒီ။ အခု သမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ့ ဂျပန်ယဉ်ကျေးမှုသင်တန်းတွေတက်ရဦးမယ်´ `အဲဒါ ခက်တာပဲ .. မင်းတို့ကလေးတွေ ဘာကအရေးကြီးလဲဆိုတာ မခွဲခြားနိုင်သေးဘူး။ ဗမာစကားတတ်ရင် ကမ္ဘာမှာမင်းသွားချင်တဲ့နိုင်ငံဆီသွားပြီး အလုပ်လုပ်လို့ရပြီ။´ `အင်္ဂလိပ်စာထက်ပဲ အသုံးဝင်ရဦးမလား ဒယ်ဒီရာ´
-
Launcher တွေ Dock တွေက windows အတွက် အများကြီးရှိပါတယ်။ ဒါပေမယ့် ကျွန်တော့် စိတ်ကြိုက်တော့ မတွေ့ဘူးဗျ။ ကျွန်တော့် အကြိုက်ဆုံး Launcher ကတော့ ဝေဖြိုးပြောပြတဲ့ run ကနေ သွားတာပဲဗျ။ ကျွန်တော် အရင်ကတည်းက run ကနေပဲ သွားတာ။ ဝေဖြိုးရေးတာ တွေ့တာနဲ့ပဲ ကျွန်တော်လည်း ပြန်မျှဝေလိုက်ရတာ။
-
အရင်ကတော့ ကျွန်တော် computer journal မှာ မြန်မာလိုဖတ်ဘူးတယ်။ ကျွန်တော် linux အပေါ် ပထမအကြိမ် ခြေချခြင်းလို့ဆိုရမယ်။ အဲဒီ ဆောင်းပါးလေးကနေ တဆင့် ကျွန်တော် ကိုယ်တိုင် စမ်းသပ်လေ့လာရင်း red hat ကို စတင်ခဲ့ပါတယ်။ အခု အဲဒါ ဆောင်းပါး အကုန်လုံးပေါင်းထားတာလေးရပြီဗျ။ ဘယ်သူရေးထားတာလဲတော့ မသိဘူး။ ကိုကိုရဲ ဆီက ရတာနဲ့ အကုန်လုံးကို မျှဝေလိုက်ပါတယ်။ ကျွန်တော့်အတွက် ပထမဆုံး Linux ကိုလေ့လာဖြစ်ခဲ့တဲ့ လစဉ်ဆောင်းပါး (အခုတော့ စာအုပ်ပေါ့) ကို Linux ကိုလေ့လာလိုသူတွေ ဖတ်နိုင်ဖို့ အတွက် Download Here
