saturngod

  • Nook က အတော်လေးကို စုတ်သွားပြီးတော့ page ပြောင်းတဲ့ ခလုတ်တွေ နှိပ် မရတာနဲ့ နောက်ပိုင်း iBooks နဲ့ပဲ ဖတ်ဖြစ်တယ်။ သို့ပေမယ့် iBook နဲ့ ကြာကြာ မဖတ်နိုင်ဘူး။ iPad Air 2 ဆိုပေမယ့် ညအိပ်ခါနီး စာဖတ်တဲ့ အခါမှာ လေးတာနဲ့ နောက်ပြီး အရွယ်အစားကြီးတာရယ်ကြောင့် အကြာကြီး ကိုင်ပြီး မဖတ်နိုင်ဘူး။ ဒါကြောင့် Kindle သို့မဟုတ် Kobo ဝယ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ Lazada မှာ discount ချထားတာတွေ့ပြီး coupon သုံးပြီး ဝယ်ရင် အပြင်ပေါက်ဈေးထက် ၁၀၀ လောက် သက်သာနဲ့ Kindle Paperwhite 2015 ကိုပဲ ဝယ်ဖြစ်သွားတယ်။ Kobo Glod…

  • Android Ornagai Android 2.3 မှာတော့ ဘာမှ ထွေထွေထူးထူး လုပ်ထားတာ မရှိပါဘူး။ အဓိကတော့ Data တွေကိုသာ ထပ်ပြီး update လုပ်ထားတာပါ။ Ornagai Android 2.3 ကို Google Play Store မှာ download ချနိုင်ပါပြီ။ Google Play Store မရှိသူများ အနေနဲ့ APK file ကို ဒီမှာ သို့မဟုတ် Ornagai website မှာ Download ချနိုင်ပါတယ်။ Mac Dictionary Ornagai English-Myanmar Mac Dictionary အကြောင်းကို ဒီမှာ ရေးဖူးပါတယ်။ Update မလုပ်ဖြစ်တာ ၅ လ လောက် ရှိသွားပြီဖြစ်တဲ့…

  • The pragmatic programmer စာအုပ်ဖတ်ပြီးတော့ ကိုယ့်ဘာသာကိုယ် ပြန်မေးမိတဲ့ မေးခွန်းက အခြား တစ်ယောက် က ငါ program ထဲမှာ bugs ရှာတွေ့ ရင် ငါ ရှက်မိသလား ? ရုတ်တရက် ဖြေမိရင်တော့ မရှက်မိဘူး။ Program တိုင်းမှာ bug ရှိတာပဲ။ bug ဖြစ်ရင် ပြန်ပြင်ပေါ့လို့ ပဲ လွယ်လွယ် ဖြေမိမှာပဲ။ The Pragmatic Programmer ဖတ်ပြီးတဲ့ အခါမှာ bug ရှိနိုင်ပေမယ့် လျော့ချနိုင်တယ်။ Testing အပိုင်းမှာ developer တွေ ရဲ့ ပေါ့လျော့တာကြောင့် bug များရခြင်း ဆိုရမယ်။ ဒါဟာ ရှက်စရာ ဆိုတာကို သဘောပေါက်လာတယ်။ ကျွန်တော်တို့ project…

  • ဒီစာအုပ်ကို မဖတ်ခင်တုန်းက အတော့်ကို မျှော်လင့်ထားပါတယ်။ သို့ပေမယ့် တစ်အုပ်လုံး ဖတ်ပြီးသွားသည့် အချိန်မှာတော့ သိပ်ပြီးတော့ အချက်အလက် တွေ မပါပေမယ့် အခုမှ စပြီးတော့ REST API ဆိုတာ ဘာလဲ REST API ဘယ်လို တည်ဆောက် သင့်သလဲ ဆိုတာကို လေ့လာ နေသည့် သူတွေ အတွက် အသုံးဝင်မယ့် စာအုပ်ပါ။ Build API You Won’t Hate ဆိုတဲ့ ခေါင်းစဉ်ထက် How RESTFUL API should be ဆိုရင် စာအုပ်ထဲက စာနဲ့ ခေါင်းစဉ်နဲ့ ကိုက်ပါလိမ့်မယ်။ စာအုပ်ထဲမှာ စိတ်ဝင်စားဖို့ ကောင်းတာက Authentication , Pagination and API…

  • Rabbit converter ကို အသုံးပြုထားသည့် Rabbit Zawgyi Unicode Converter ကို ကျွန်တော် version 1.1 ကို ထပ်ပြီး update လုပ်လိုက်ပါတယ်။ Rabbit ကို တကယ်လက်တွေ့ အသုံးပြုသည့် အခါမှာ ပြဿနာ ၂ ခု ကို ကျွန်တော် ကြုံရတယ်။ ပထမ တစ်ခုက zawgyi ကော unicode ကော ပြချင်တယ်။ နောက်ပိုင်း အချို့က Zawgyi Version , Unicode Version ဆိုပြီး ၂ မျိုး ရေးကြရတယ်။ နောက်တစ်ခုက တခြားသူတွေက Unicode နဲ့ ရေးထားတာကို ချက်ခြင်း ဖတ်ကြည့်ချင်တယ်။ Zawgyi နဲ့ ရေးထားတာတွေကို…

  • The Pragmatic Programmer ဆိုတဲ့ စာအုပ်ကို ပြီးခဲ့တဲ့ အပတ် က မှ ဖတ်လို့ ပြီးသွားတယ်။ စာအုပ်ဖတ်နေရင်းနဲ့ ဒီစာအုပ်ကို အလုပ်စလုပ်တဲ့ အချိန်လောက်က ဖတ်ထားမိခဲ့ရင် ကောင်းမှာပဲ ဆိုပြီး တွေးမိတယ်။ စာအုပ်ထဲက အချက် တော်တော်များများကတော့ အလုပ်လုပ်တာ ၈ နှစ် ဝန်းကျင်လောက် ရှိလာတဲ့ အခါ စာအုပ်ထဲက အချက်အလက် တော်တော်များများက အလုပ်ကနေ တဆင့် သင်ပြီးလို့ လက်တွေ့ လုပ်ခဲ့တာတွေ များတယ်။ သို့ပေမယ့် လိုအပ်လို့တာ လုပ်ခဲ့ပေမယ့် ဘယ်လောက် အရေးပါတယ်။ ဘာကြောင့် လုပ်သင့်သလဲ ဆိုတာ ကောင်းကောင်းမသိဘူး။ ဒီစာအုပ်ဖတ်ရင်းနဲ့ မှ အသုံးဝင်ပုံတွေကို သဘောပေါက်လာတယ်။ တစ်အုပ်လုံးကတော့ ဖတ်ရတာ မဆိုးဘူး။ အထူးသဖြင့် ကျွန်တော်နဲ့…

  • Ornagai 2.6 ကို Apple App Store မှာ download ချနိုင်ပါပြီ။ အခု version မှာတော့ today widget ကို ထည့်သွင်းပေးထားပါတယ်။ How to use Today Widget Today widget ကို အသုံးပြုဖို့ အတွက် Notification bar ကို အပေါ်ကနေ ဆွဲချလိုက်ပါ။ Today tab ကို သွားပြီးတော့ အောက်ဆုံးက Edit ကို နှိပ်ပါ။ Ornagai ဘေးနားက အစိမ်းရောင် အပေါင်းလေးကို နှိပ်လိုက်ပါ။ ပြီးရင် Done လုပ်ပါ။ ပြီးရင် ကြိုက်တဲ့ နေရာက Text ကို copy လုပ်ပြီး Notification…

  • ဂျာနယ်ကျော်မမလေး ရေးတဲ့ သွေး ဝတ္ထုကို ငယ်ငယ်ကတည်းက ဖတ်ချင်နေတာ ကြာပြီ။ အဲဒီ အချိန်တိုင်းက စာအုပ် ဆိုင်တွေမှာ ဝယ်လို့ မရတာရယ် နောက်ပြီး အသစ်ပြန်ထုတ်ချိန်မှာတော့ မဝယ်ဖြစ်တော့ရယ်ကြောင့် မဖတ်ဖြစ်ခဲ့ဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကမှ သွေးဝတ္ထုကို စဖတ်ဖြစ်ခဲ့တယ်။ ကျွန်တော်က ဂျာနယ်ကျော် မမလေးရဲ့ စာအုပ်တွေ တစ်ခါမှ မဖတ်ဘူးခဲ့တော့ ဒီစာအုပ်ဟာ ပထမဆုံး ဖတ်ဖြစ်တဲ့ ဂျာနယ်ကျော်မမလေး ရဲ့ စာအုပ်လို့ ဆိုရမယ်။ အမှာစာမှာ ရှုမဝ မဂ္ဂဇင်းအတွက် လစဉ် ရေးသားထားပြီး လတိုင်း အချိန် တတ်နိုင်သလောက်ပေးပြီး ရေးသားထားတဲ့ စာအုပ်လို့ဆိုထားပါတယ်။ ဖတ်ကာစကတော့ တော်တော်လေး အေးပြီး လေးလွန်းလှတယ်။ နောက်ပိုင်းမှာတော့ ဖတ်ရတာ မဆိုးလှပါဘူး။ လစဉ် ဖော်ပြတဲ့ ဝတ္ထုဖြစ်တာကြောင့်…