saturngod

  • Kindle Paper White နဲ့ စာဖတ်တဲ့ အခါမှာ တစ်ခါတစ်လေ မသိတဲ့ စာလုံးတွေကို Kindle မှာ ပါတဲ့ Oxford English To English ကို အသုံးပြုဖြစ်တာ များတယ်။ သို့ပေမယ့် ပြီးခဲ့တဲ့ အပတ်က စာဖတ်ရင်းနဲ့ Ornagai Dictionay ရရင် ပိုကောင်းမှာပဲ လို့ စဉ်းစားမိပြီး ဒီအပတ်မှာ Kindle ကို Custom Dictionary support လုပ်မလုပ် ရှာကြည့်ဖြစ်တယ်။ ကံကောင်းတာက Kindle က custom dictionary အလုပ်လုပ်ပါတယ်။ နောက်ပြီးတော့ Unicode font ပါပြီးသား ဖြစ်တဲ့ အတွက်ကြောင့် font ပြဿနာ မရှိဘူး။ သို့ပေမယ့် Unicode Rendering…

  • Ornagai Dictionary ကို ကျွန်တော် blog ဖတ်နေကျသူတွေ သိကြပါလိမ့်မယ်။ Ornagai Dictionary ဟာ iOS , Android , Apple Watch စသည့် အပြင် Telegram messenger bot ပါ ရှိပါတယ်။ Facebook ကနေ messenger ကို bot ရေးသားခွင့်ပေးလိုက်သည့် အတွက် ornagai dictionary ကို messenger ကနေ တဆင့် အသုံးပြုနိုင်ပါပြီ။ Ornagai Facebook Page ကို သွားပါ။ Message ကို click နှိပ်ပြီးတော့ define [your text] ဆိုရင် dictionary မှာ ရှာပြီးတော့ result ပြပါလိမ့်မယ်။ ဥပမာ define…

  • Harry Potter စာရေးဆရာမ J. K. Rowling ရဲ့ ရုပ်ရှင် အသစ် Fantastic Beast and Where to find them ဒီ နှစ်အတွင်းထဲမှာ ထွက်မယ် ဆိုတာကြောင့် အဲဒီ စာအုပ်ကို ဝယ်ဖြစ်တယ်။ တကယ်တန်းတော့ စာအုပ်က ဝတ္ထုမဟုတ်ပဲ Beast တွေ အကြောင်း အသေးစိတ်ရေးသားထားတဲ့ စာအုပ်ပါ။ တနည်းပြောရရင် Hogwarts က Text Book လို့ ဆိုရမယ်။ ပထမတော့ နည်းနည်း ပျင်းဖို့ ကောင်းတယ် ထင်ရပေမယ့် အရေးအသားက အသေးစိတ်ပြီး ဖတ်လို့ ကောင်းတာ ကြောင့် ၂ နာရီ လောက်နဲ့ တစ်အုပ်လုံး ပြီးသွားတယ်။ စာအုပ်ကလည်း တော်တော်လေး…

  • စာရေးဆရာ မင်းဆွေကို ဓား ဝတ္ထုနဲ့ တွဲပြီးတော့ မှတ်မိကျပါလိမ့်မယ်။ သွေး ဝတ္ထုကို သိပေမယ့် ရန်ကုန်ရောက်တုန်း စာအုပ်ဆိုင်မှာ မတွေ့ဖြစ်တော့ မဝယ်ဖြစ်ခဲ့ဘူး။ ပြီးခဲ့တဲ့ အခေါက်က လူကြုံ ရှိတာနဲ့ သွေးစာအုပ်ကို ရခဲ့တယ်။ စာရေးဆရာ အရေးအသားက ဓားအတိုင်းပဲ ကောင်းပေမယ့် ဇာတ်လမ်းကတော့ ကောင်းလှတယ် မဟုတ်ဘူး။ လူပျိုကြီး တစ်ယောက် အသဲကွဲပုံကို ဖွဲ့နွဲ့ထားပြီးတော့ ကြားထဲမှာ မျိုးချစ်စိတ်ဓာတ် ထက်သန်ရေးလေးတွေ ညှပ်ညှပ်ထည့်ပြီးတော့ ရေးထားပါတယ်။ သမာရိုးကျ ပေါ့ပေါ့ပါးပါး ဖတ်ဖို့လောက်သာ အဆင်ပြေပါတယ်။ ဓားနဲ့ ယှဉ်ရင် အရမ်းကောင်းလှတဲ့ ဝတ္ထုမဟုတ်ပေမယ့် အရေးအသား ကောင်းလို့ တစ်အုပ်လုံး ဖတ်လို့ ပြီးသွားတယ်။ ဇာတ်လမ်းက ထွေထွေထူးထူး မရှိသလို ဖတ်ပြီးတော့ ဖတ်ပြီးသွားတယ် ဆိုတာလောက်ပဲ ခံစားရပါတယ်။

  • Walter Isaacson ရဲ့ Steve Jobs စာအုပ်ထွက်ပြီး နောက်ပိုင်းထွက်တဲ့ Steve Jobs အကြောင်းရေးထားတဲ့ စာအုပ်ပါ။ ဒီစာအုပ်ကို Steve Jobs နဲ့ တွဲ လုပ်ဖူးတဲ့ လက်ရှိ Apple က executives တွေက သဘောကျတဲ့ စာအုပ် ဆိုတာ ကြောင့် ထပ်ပြီးတော့ ဖတ်ဖြစ်ပါတယ်။ ဒီစာအုပ်က အတ္ထုပတ္တ ထက်စာရင် drama ပိုဆန်ပါတယ်။ ဖတ်ရတာ ပိုပြီးတော့ အရှိန်ရပါတယ်။ ကျွန်တော်ကတော့ Walter Isaacson စာအုပ်ထက် စာရင် Becoming Steve Jobs စာအုပ်ကို ဖတ်ရတာ ပိုအားရတယ်။ Walter Isaacson က Steve Jobs အကြောင်း အသေးစိတ်ပါတဲ့ အတွက်…

  • HTML 5 စာအုပ်ကို online ပေါ်မှာ စပြီး ရောင်းတော့ အဓိက ပြဿနာက မြန်မာနိုင်ငံက ဝယ်မရတာ ပဲ။ ဝယ်ချင်တဲ့ သူတွေ ရှိပေမယ့် မြန်မာနိုင်ငံကနေ ဝယ်မရဘူးလို့ ဆိုပါတယ်။ Gumroad က မြန်မာနိုင်ငံကို ပိတ်ထားတဲ့ အတွက် ပြည်တွင်းကနေ ဝယ်မရတာပါ။ ဒါကြောင့် Stripe ကို ပြန်ပြောင်းရေးရပါတယ်။ Stripe ကို ပြန်ပြောင်းရေးတော့ အဓိက ပြဿနာက backend ပိုင်း code တွေ database တွေပါ ရေးရတာတွေ ပါလာပါတယ်။ ပြီးတော့ ပထမ ဆုံး အကြိမ် Stripe ကို အသုံးပြုတာကြောင့် စမ်းသပ်နေတာနဲ့တင် အချိန် တော်တော်ကြာသွားတယ်။ Gumroad ကို အသုံးပြုရင်တော့…

  • HTML 5 စာအုပ်ကို ရေးထားခဲ့တာတော့ ကြာပါပြီ။ Online မှာ အခမဲ့ ဖတ်ခွင့်ပြုပြီးတော့ Ebook အနေနဲ့ကတော့ iOS , Android app တွေ ထုတ်ထားခဲ့ပေးပါတယ်။ စာအုပ်ကို EPub ပြောင်းဖို့ အဆင်မပြေတာရယ် နောက်ပြီး ePub ကို အခမဲ့ ဆိုတာထက် online မှာ ရောင်းဖို့ စဉ်းစားမိတာလည်း ပါပါတယ်။ သို့ပေမယ့် အဲဒီ အခြေအနေကို မရောက်ခဲ့ပဲ ပြီးခဲ့တဲ့ အပတ်ကမှ HTML 5 Epub ကို စပြီး ရောင်းဖို့ လုပ်ဖြစ်ခဲ့ပါတယ်။ HTML 5 Epub version ကို http://html5book.saturngod.net မှာ US$1.99 ဖြစ် ဝယ်ယူနိုင်ပါပြီ။ gumroad…

  • Nook က အတော်လေးကို စုတ်သွားပြီးတော့ page ပြောင်းတဲ့ ခလုတ်တွေ နှိပ် မရတာနဲ့ နောက်ပိုင်း iBooks နဲ့ပဲ ဖတ်ဖြစ်တယ်။ သို့ပေမယ့် iBook နဲ့ ကြာကြာ မဖတ်နိုင်ဘူး။ iPad Air 2 ဆိုပေမယ့် ညအိပ်ခါနီး စာဖတ်တဲ့ အခါမှာ လေးတာနဲ့ နောက်ပြီး အရွယ်အစားကြီးတာရယ်ကြောင့် အကြာကြီး ကိုင်ပြီး မဖတ်နိုင်ဘူး။ ဒါကြောင့် Kindle သို့မဟုတ် Kobo ဝယ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ Lazada မှာ discount ချထားတာတွေ့ပြီး coupon သုံးပြီး ဝယ်ရင် အပြင်ပေါက်ဈေးထက် ၁၀၀ လောက် သက်သာနဲ့ Kindle Paperwhite 2015 ကိုပဲ ဝယ်ဖြစ်သွားတယ်။ Kobo Glod…