saturngod

  • အိမ်က အခန်းထဲမှာ wifi connection ကောင်းကောင်းမရတာ နဲ့ သူငယ်ချင်း တစ်ယောက်ပြောလို့ HomePlug ကို သုံးကြည့်ဖြစ်တယ်။ အခု အချိန်မှာ HomePlug ရဲ့ Speed က 1200 Mbps ထိ ရနေပါပြီ။ တစ်ခါမှ မသုံးဖြစ်တဲ့ အတွက် 1200 Mbps ကို ၆၀ နဲ့ ရတယ်ဆိုပြီး ဝယ်ခဲ့ပြီးမှ ၂ ခု လို နေမှန်း သိတယ်။ ဒါနဲ့ နောက်ထပ် တစ်ခု ထပ်ဝယ်ရတယ်။ 500 Mbps ၂ ခုကို S$60 ဝန်းကျင်လောက်နဲ့ ရနိုင်ပြီးတော့ 1200 Mbps HomePlugs ၂ ခုကိုတော့ S$120 ဝန်းကျင်လောက်တော့ ရှိပါတယ်။…

  • Unsplash Wall ကို iOS အတွက် လွန်ခဲ့တဲ့ နှစ်က January လောက်မှာ App Store ပေါ်ကို တင်ခဲ့ပါတယ်။ Unsplash.com က ပုံတွေကို wallpaper အနေနဲ့ သိမ်းလို့ ရအောင် ဒါမှမဟုတ် နှစ်သက်ရာ ပုံတွေကို download ချလို့ရအောင် ဖန်တီးထားခဲ့တဲ့ App တစ်ခုပါ။ Unsplash.it API ကို အသုံးပြုထားပါတယ်။ New Year အားလပ်ချိန်တုန်းက Android အတွက် Material Design လေးကို လေ့လာရင်းနဲ့ Unsplash Wall ကို Android အတွက် ရေးဖြစ်ခဲ့ပါတယ်။ အခု Play Store မှာ download ချနိုင်ပါပြီ။ material design…

  • Adoit JotScript 1 ကို ဝယ်ထားပေးမယ့် iPad Air 2 နဲ့ အဆင်မပြေတာ ကြောင့် မသုံးဖြစ်သလောက်ပဲ။ Bamboo က fineline 2 ကို iPad Air 2 အတွက် ထုတ်တယ်ဆိုတာကြောင့် ဝယ်ဖို့ စဉ်းစားခဲ့တာ အတော့်ကို ကြာခဲ့ပါပြီ။ ထွက်ကတည်းက ဝယ်ဖို့ စဉ်းစားပေမယ့် review တွေကို စောင့်ဖတ်နေတာ နဲ့ အတော်လေးကို ကြာသွားတယ်။ Review တွေ အဆိုအရ မဆိုးလှတဲ့အပြင် လက်ရှိက Bamboo Paper နဲ့ Noteshelf ကို သုံးဖြစ်တယ်။ အဓိကတော့ Project design, flow တွေ အတွက် Bamboo Paper ကို…

  • ဒီ ၂ ပတ် ခရီးသွားနေချိန်အတွင်းမှာ ရတဲ့ အချိန်လေးတွေမှာ စာအုပ်ကို ထပ်ပြီး update လုပ်ဖြစ်ပါတယ်။ Programming Basic စာအုပ်မှာ OOP အပိုင်းကို ထပ်ဖြည့်ထားပါတယ်။ Python နဲ့ OOP က အပြည့်အစုံ ရှင်းပြလို့ မရတဲ့ အတွက် နောက် အခန်းတွေ အတွက်လောက်ပဲ အနည်းအကျဉ်း ရှင်းပြလို့ ရတယ်။ စာအုပ်ကို Data Structure က အချို့ အပိုင်းလေးတွေပါ ထည့်ချင်တာကြောင့် တစ်အုပ်လုံး ပြီး ဖို့ ကတော့ နည်းနည်းတော့ ကြာအုံးမယ်။ အခုမှ Stack အပိုင်းကို ရေးတုန်းဆိုတော့ Data Structure အပိုင်းက စလုံးရေစ ဆိုတဲ့ အဆင့်ပဲ ရှိသေးတယ်။ မျှော်မှန်းထားတဲ့…

  • လွန်ခဲ့တဲ့ ၉ နှစ် နိုင်ဝင်ဘာလ ၈ ရက်က blogspot ကနေ ပြီးတော့ blog တစ်ခု ကို စပြီးရေးဖြစ်ခဲ့တယ်။ အဲဒီအချိန်တုန်းကတော့ facebook လည်း မရှိသလို လူတွေလည်း blog စ ပြီး မရေးကြသေးဘူး။ အဲဒီအချိန်က ကိုညီလင်းဆက်တို့ ကိုမောင်လှ တို့ blog ကို ဖတ်ပြီးတော့ blog တစ်ခု စဖြစ်ခဲ့တယ် ဆိုရမယ်။ ကိုညီလင်းဆက် နဲ့ ကိုမောင်လှ ကျေးဇူးကြောင့် မြန်မာစာနဲ့ blog ရေးနည်းကို စပြီး သိခဲ့တယ် ဆိုရမယ်။ အခုအချိန်မှာတော့ မြန်မာလို ရေးတာဟာ ထူးထူးဆန်းဆန်း မဟုတ်တော့ပေမယ့် အဲဒီ အချိန်တုန်းက browser ပေါ်မှာ မြန်မာစာ ကော English…

  • Apple TV 4

    Apple TV 4 ကို Apple စ မိတ်ဆက် ကတည်းက မဖြစ်မနေ ဝယ်ဖြစ်အောင် ဝယ်မယ်ဆိုတဲ့ စာရင်းထဲမှာ ပါခဲ့ပါတယ်။ Apple TV 4 ကို ၃ နှစ် နီးပါးလောက် စောင့်ခဲ့ရတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက Apple TV အသစ်ထွက်မယ်ဆိုပြီး သတင်းတွေ ထွက်နေပေမယ့် တကယ်တန်း ထွက်လာဖို့ အတော်လေးကို ကြာမြင့်ခဲ့တယ်။ Apple TV အသစ်မှာ အရင်ကနဲ့ မတူတာကတော့ Siri နဲ့ App ပါပဲ။ သို့ပေမယ့် Siri feature က စင်္ကာပူမှာ မရသည့်အတွက် ဈေးနှုန်းခြင်း တူပေမယ့် ရတဲ့ service ခြင်း ကွာခြားလှတယ်ဆိုရမယ်။ US…

  • Bill Gates ရဲ့ recommend လုပ်တဲ့ စာအုပ်တွေထဲမှာ ရှားရှားပါးပါး ဝတ္ထုစာအုပ် တစ်အုပ်ပါပါတယ်။ စာအုပ်တော်တော်များများက non-fiction တွေ ဖြစ်ပြီး Graeme Simsion ရေးထားတဲ့ The Rosie Project ကို သူ့ မိန်းမက recommend လုပ်လို့ ဖတ်ကြည့်ပြီးတော့ သူက ပြန်ပြီး recommend လုပ်ထားတာပါ။ လတ်တလော ဖတ်စရာ စာအုပ် ကုန်နေတာနဲ့ Rosie Project ကို ဖတ်ကြည့်လိုက်တော့ ၄ ရက် လောက်နဲ့ ပြီးသွားတယ်။ တော်ရုံတန်ရုံ စာအုပ် ၁ အုပ်ကို ၁ လ လောက် အေးအေးဆေးဆေး ဖတ်ပေမယ့် Rosie Project က ရယ်ရတာကြောင့် လက်က…

  • ပြီးခဲ့တဲ့ လ က Orchard က Kinokuniya ကို ရောက်တုန်းက အရောင်းရဆုံး စာအုပ်တွေထဲမှာ Elon Musk စာအုပ်တွေ့တာနဲ့ ဝယ်ဖြစ်ခဲ့တယ်။ Elon Musk ကို လွန်ခဲ့တဲ့ ၅ နှစ်လောက်က သူငယ်ချင်း တစ်ယောက် သူ့ interview youtube video link ပို့တာကနေ သူ့ကို စသိခဲ့တာ။ အဲဒီ video ကနေ တဆင့် Space X , Tesla နောက်ပြီး PayPal founder တစ်ယောက်ဆိုတာကို တဖြည်းဖြည်း သိလာခဲ့တယ်။ နောက်ပိုင်း Tesla က ကား မိတ်ဆက်ပွဲတွေ ကြည့်ဖြစ်ရင်း Elon Musk ဟာ ကား လောက…