saturngod

  • iOS 7.1 မှာ Zawgyi profile မရတော့တဲ့ အတွက် ဖျက်လိုက် ပြန်သွင်းလိုက်လုပ်နေရတယ်။ Internet connection မရှိတဲ့ အခါမှာ profile ကို download ချဖို့ မလွယ်ဘူး။ ဒါနဲ့ ကျွန်တော် web clip တစ်ခု ဖန်တီးထားပေးပါတယ်။ Zawgyi Profile Offline ကို iOS safari ကနေ ဖွင့်လိုက်ရင် profile သွင်းဖို့ တက်လာပါမယ်။ သွင်းပြီးသွားတဲ့ အခါမှာ iOS application list တွေထဲမှာ Zawgyi Profile ဆိုတာ ပါလာပါမယ်။ အဲဒီ App လေးကို ဖွင့်လိုက်တိုင်း profile install သွင်းဖို့ တက်လာပါမယ်။ Internet မလိုအပ်ပါဘူး။…

  • အရင်တုန်းက markdown အတွက် haroopad ကို သုံးတယ်။ English လိုရေးတဲ့ အခါမှာတော့ ရေးရတာ အဆင်ပြေပေမယ့် မြန်မာလို ရေးရင် အဆင်မပြေဘူး။ Unicode Cursor position က Ace Editor နဲ့ Code Mirror version 4 မတိုင်ခင်မှာ ဖြစ်နေပါတယ်။ Code Mirror version 4 နောက်ပိုင်းမှာ unicode cursor postion bug ကို fix လုပ်ပေးထားတယ်။ ဒါပေမယ့် haroopad က CM 4 ကို update မလုပ်ရသေးတဲ့အတွက် မြန်မာစာရေးတဲ့ အခါမှာ cursor position အမှန်မပြတော့ ရေးရတာ စာပြန်ဖျက်တဲ့ အခါမှာ…

  • ကို BluePhoenix ရဲ့ ရှရှား မြန်မာ အဘိဓာန်ကိုတော့ သိတာကြာပြီ။ သို့ပေမယ့် data တွေက lingvo dictionary အတွက်ပဲ ဖြစ်နေတာကြောင့် သေသေချာချာ မကြည့်မိဘူး။ ကို BluePhoenix က Basic Android Programming စာအုပ် ရေးပြီးနောက်ပိုင်း ရှရှား မြန်မာ အဘိဓာန် android ထွက်ခဲ့ပါတယ်။ သို့ပေမယ့် play store ပေါ်မှာ မတင်ထားပါဘူး။ ဒါနဲ့ ကို BluePhoenix ဆီက data တွေကို ခွင့်တောင်းပြီးတော့ OrnagaiRu ကို ပြန်ရေးဖြစ်တယ်။ OrnagaiRu ကို လက်ရှိ ornagai app မှာ update လုပ်တာ မဟုတ်ပဲ အစကနေ ပြန်ရေးဖြစ်တယ်။…

  • codeschool က hall pass ဆိုပြီး ၂ ရက် unlimit access ပေးထားပါတယ်။ Free acount နဲ့ဆိုရင် အချို့ courses တွေနဲ့ screencasts တွေသာ ကြည့်လို့ရပေမယ့် hall pass နဲ့ ဆိုရင် အကုန်လုံးကို access လုပ်လို့ရပါမယ်။ လက်ရှိ တော့ Ember.js ကို code schoold ကနေ လေ့လာနေတယ်။ ကိုယ့်ဘာသာကိုယ် စာဖတ်တာ ထက် code school မှာ video လေး ကြည့်လိုက် ပြီးတော့ သူပေးထားတဲ့ challenge လေးကို ဖြေလိုက်နဲ့ တော်တော် အဆင်ပြေပါတယ်။ ပုံမှန် စာအုပ်ဖတ်ရင်တော့ လက်တွေ့ မလုပ်ပဲ တောက်လျှောက်…

  • iOS 7.1 ကို update လုပ်ပြီး နောက်ပိုင်း Zawgyi profile ထည့်ထားပေမယ့် မမြင်ရတော့ဘူး။ အခုအချိန်ထိတော့ fixed ရှာမတွေ့သေးဘူး။ ဖြစ်နိုင်တာကတော့ Apple ရဲ့ bugs ဖြစ်နိုင်သလို ပိတ်လိုက်တာလည်း ဖြစ်နိုင်တယ်။ ခဏတာ အဆင်ပြေမယ့် နည်းလမ်းတော့ ရှိပါတယ်။ ၁။ Multi Task မှာ Run နေတဲ့ App အားလုံးကို ပိတ်လိုက်ပါ။ ၂။ Setting > General > Profiles အောက်ကို သွားပြီးတော့ သွင်းထားတဲ့ font profile ကို ဖျက်လိုက်ပါ။ ၃။ font ပေါ်ချင်တဲ့ application တွေကို ဖွင့်ထားပါ။ (Safari ကတော့ အရင်အတိုင်းပါပဲ…

  • ပြီးခဲ့တဲ့လက MYMC radio iOS app ကို သုံးကြည့်တာ သိပ်ပြီး အဆင်မပြေဘူး။ အဓိကတော့ design မလှတာရယ် album art မပါတာကြောင့် ကြည့်လို့ မကောင်းဘူး ဖြစ်နေတယ်။ နောက်ပြီးတော့ background မှာ run တဲ့ အခါမှာ Pause နဲ့ Play ပြန်လုပ်လို့ မရဘူး။ ဒါနဲ့ ကိုယ့်ဘာသာကိုယ် App တစ်ခုရေးမယ်ဆိုပြီး နားဆင် app ကို ရေးဖြစ်သွားတယ်။ App ကို စဖို့အတွက် ပထမဆုံး design ရေးဆွဲဖြစ်တယ်။ ဘယ်အချက်တွေကို လက်ရှိ app မှာ မကြိုက်ဘူးလဲဆိုတာ ချရေးဖြစ်တယ်။ နောက်ပြီးတော့ ဘယ်လိုမျိုး ပုံစံနဲ့ album art ပြမယ်။…

  • Fitbit Flex

    Fitbit flex ကို သုံးတာ ၂ ပတ်လောက် ရှိပြီ။ စဝယ်သုံးကတော့ Fitibt Force ဝယ်ဖို့ပဲ။ Fitibit Force ကို စောင့်ရင်း နဲ့ စိတ် မရှည်တော့တာကြောင့် fitbit flex ပဲ ဝယ်လိုက်တယ်။ Fitbit force စင်္ကာပူမှာ ဝယ်လို့ ရမယ့် အချိန်မှာ အခြား ပြိုင်ဘက်တွေ လည်း သူ့ထက်ကောင်းတာ ထွက်နေလောက်ပြီ။ ဒါကြောင့် fitibt force ထက် ဈေးသက်သာတဲ့ fitibt flex ကို စမ်းကြည့်မယ်ဆိုပြီး ဝယ်ဖြစ်သွားတယ်။ Fitbit flex ဆိုတာကတော့ fitness tracking device ပါပဲ။ fitbit force နဲ့ ကွာတာကတော့ force…

  • မဟာဘုတ် iOS version နဲ့ Android version ကို အသစ်တင်ထားပါတယ်။ Version အသစ်မှာ အကြွင်း နေ့ဖွား အလိုက် ဆရာ မောက် ဟောထားတာတွေ ကို ထည့်ထားပေးပါတယ်။ iOS version ကို အားရပေမယ့် Android version ကို အားမရဘူး။ သုံးပြီး အဆင်မပြေတာတွေ ရှိရင် ပြောပါ။ တကယ်လို့ တွက်ထားတာ မှားနေတာ ရှိရင်လည်း မှတ်ချက် ပေးခဲ့ပါ။ ဆရာ ဒလမင်းခေါင် ရဲ့ စာအုပ်ထဲက ဆရာ မောက် ရဲ့ အဟော က အနီစပ် ဆုံးဖြစ်တာမို့ ဆရာမောက် ရဲ့ အဟောကို ယူထားပါတယ်။ အကြွင်း ၇ ခု ၊…