saturngod
-
အခု စာရေးတဲ့ အချိန်က စင်္ကာပူမှာ ည ၁ နာရီထိုးနေပြီ။ မနက်ဖြန် တနင်္လာ ရုံးပြန်တက်ရတော့မယ်။ ဒီ အပတ် စနေ တနင်္ဂနွေ ရုံး အလုပ်နဲ့ပဲ အချိန်ကုန်သွားတယ်။ အင်္ဂါ နေ့ client ကို ပေးရမှာ ဖြစ်တာကြောင့် ပြီးအောင် လုပ်လိုက်ရတယ်။ တော်သေးတာကတော့ အိမ်မှာ အလုပ်လုပ်လို့ ရတာပဲ။ Weekend တွေဆိုရင် ရုံးမသွားချင်ဘူး။ ရုံးသွားရတာထက် အိမ်မှာ အလုပ်လုပ်ရတာ ပိုသဘောကျတယ်။ အဓိက ပြဿနာက product က ထင်သဘောက် မပြီးတော့ နောက်ဆုံး ကျွန်တော့် လက်ထဲ ရောက်လာပြီး လောလော နဲ့ လုပ်ခိုင်းတာပဲ။ အိန္ဒိယ ရုံးခွဲက လူတွေ က အလုပ်မလုပ်တာလည်း ဆိုတော့…
-
Steve Jobs စာအုပ်ကို Nook STR နဲ့ ဖတ်ဖြစ်တယ်။ Nook STR က စာဖတ်လို့ တော်တော်ကောင်းတာတော့ အမှန်ပဲ။ စာအုပ်တစ်အုပ်လုံး ခြုံကြည့်ရင်တော့ စာအုပ်ကောင်း တစ်အုပ်ပါ။ တစ်ချို့ အချက်လေးတွေ သဘောမကျစရာ ပါတယ်။ နည်းပညာနဲ့ ပတ်သက်ပြီး သေချာမပါဝင်ပေမယ့် Steve Jobs အကြောင်းကိုတော့ ပြည့်ပြည့်စုံစုံ ပါဝင် ပါတယ်။ စာအုပ်ထဲမှာကတော့ Steve Jobs စမွေးတဲ့ အကြောင်းကနေ ကင်ဆာဖြစ်ပြီး အနားယူလိုက်တဲ့ အထိ ပါဝင်ပါတယ်။ ငယ်စဉ် ဘဝအကြောင်းကို ဖတ်မိရင်တော့ Pirate Of the Silicon Vally မှာ Steve Jobs က ဘာကြောင့် ဒီလောက် ဆိုးရသလဲဆိုတာကို နားလည်လို့…
-
အပိုင်း ၁ Brian Frank လက်ရှိ အခြေအနေ : Mobile Partnership Product Manager at Twitter. “working with OEMs, Operators & Platform providers to build high-quality Twitter experiences.”
-
Posterous ကို twitter ((http://blog.twitter.com/2012/03/welcoming-posterous-team-to-flock.html)) ဝယ်လိုက်တယ်ဆိုတဲ့ သတင်းကြားတော့ တော်တော်လေးကို အံဩသွားတယ်။ twitter အနေနဲ့ posterous blog ကို ဝယ်ဖို့ အကြောင်းက သိပ်မရှိလှဘူး။ micro blog ကို ဝယ်ချင်တာဆိုရင် posterous ထက်စာရင် tumblr ကို ပိုပြီး ဝယ်သင့်တယ်လို့တောင် ထင်မိတယ်။ ဒါနဲ့ internet မှာ ရှာဖတ်ကြည့်လိုက်တော့မှပဲ posterous blog site ထက် posterous team ကို လိုချင်လို့ ဝယ်လိုက်တာလို့ ဆိုရပါလိမ့်မယ်။ posterous team မှာ တကယ့်ကို တော်တဲ့ လူတွေ အများကြီးရှိပါတယ်။ small group ဆိုပေမယ့် သူတို့ရဲ့ history တွေ ဖတ်ကြည့်လိုက်တော့…
-
Manga တွေကို Nook Simple Touch ထဲမှာ ထည့်ဖတ်ဖို့အတွက် epub file format သို့မဟုတ် PDF format မှ အဆင်ပြေပါလိမ့်မယ်။ iPad , iPhone တို့မှာလို app တွေ မရှိတဲ့အတွက် သီးသန့် image တစ်ခုခြင်းဆီကို download ချရပါတယ်။ ဒါနဲ့ github မှာရှာကြည့်လိုက်တော့ mdl ဆိုပြီး ruby နဲ့ ရေးထားတာ တွေ့ပါတယ်။
-
Devices iOS development လုပ်မယ်လို့ ဆုံးဖြတ်လိုက်ရင်တော့ Mac , iPad , iPodTouch အပြင် $99/year developer account တို့ကတော့ မဖြစ်မနေ ဝယ်ရတော့တာပဲ။ iDevices တွေ မရှိပဲနဲ့ ရေးတဲ့ app က တကယ့်လက်တွေ့ device မှာ ပြသာနာတွေ ရှိနိုင်ပါတယ်။ Simulator က iOS devices တွေထက်စာရင် memory ပိုများများရှိပါတယ်။ Simulator က CPU , Memory တွေက device က limit တွေနဲ့ မတူပါဘူး။ ဒါကြောင့် လက်တွေ့ စမ်းမယ်ဆိုရင် simulator ထက် Device မှာ စမ်းသာ အကောင်းဆုံးပါ။…
-
အရင်တုန်းကတော့ web development လုပ်ရင် IE ကြောင့် အမြဲစိတ်ညစ်ရတယ်။ Safari , Firefox , Opera စတဲ့ browser တွေမှာ align တစ်ခုနဲ့ တစ်ခု မညီတာ ညှိရတာတွေ တချို့ javascript တွေက အလုပ်မလုပ်တာတွေကို ပြင်ရတာတွေကို တော်တော် စိတ်ညစ်ခဲ့တာ။ လွန်ခဲ့တဲ့ ၁ နှစ် ကျော်လောက်တုန်းက အခုအချိန်လို HTML5 , CSS 3 standard က ကျယ်ပြန့်မှုမရှိသေးဘူး။ webkit မှာ တစ်မျိုး firefox မှာ တစ်မျိုး အဆိုးဆုံးကတော့ customer က IE 6 , IE 7 , IE…
-
ဖေဖော်ဝါရီ ၁၃ ရက်နေ့ကတည်း Nook Store ကနေ Nook Simple Touch နဲ့ cover လေး ဝယ်ဖြစ်တယ်။ Kindle နဲ့ Nook Simple Touch ဘာဝယ်ရမလဲဆိုတာကို ဇန်နဝါရီလ ကတည်းက ခေါင်းစားနေတာ။ iPad 2 လည်း မဝယ်နိုင်သေး။ iPad 1 ကလည်း စာဖတ်ရတာ အဆင်မပြေဘူး။ သယ်ရတာ ပေါ့ပေါ့ပါးပါးမရှိတာကြောင့် လက်ထဲမှာ ကြာကြာ မကိုင်ထားနိုင်ဘူး။ ဒါကြောင့် ပေါ့ပေါ့ပါးပါး စာဖတ်လို့ ကောင်းမယ် ebook reader လေး ဝယ်ဖို့ ဆုံးဖြတ်လိုက်တာ။ သို့ပေမယ့်လည်း Kindle နဲ့ Nook Simple Touch ကြားမှာ ဗျာ များနေတာ အမှန်ပဲ။…
