saturngod
-
Using Vanilla Using Unicode Can login with twitter, facebook, google account Support iPhone I need to make so many things with vanilla … will come soon in MYSTERY ZILLION …..
-

ရန်ကုန်မှာ အင်္ကျီဝယ်တုန်းက ကံစမ်းမဲ form လေးပေးလို့ email ပါ ထည့်ဖြည့်လိုက်ပါတယ်။ နောက်ပိုင်း ကြော်ငြာတွေ အလကားနေရင်း ဝင်လာတယ်။ ဒါနဲ့ Filter လုပ်ထားလိုက်ရတယ်။ အဲလိုပဲ တက်ခဲ့ဘူးတဲ့ သင်တန်းတွေရဲ့ ကြော်ငြာတွေလည်း ခဏခဏ ဝင်လာတယ်။ အဲဒါတွေလည်း Filter လုပ်ရတာပဲ။ မြန်မာနိုင်ငံက ပို့တဲ့ Mail တော်တော်များများက unsubscribe link မပါလာဘူး။ အဲဒါက Spam နဲ့ အတူတူပဲဗျ။ တကယ်လို့ သတင်းတွေ ပို့ချင်တယ်ဆိုရင်တောင် အနည်းဆုံး မလိုချင်တဲ့အခါမှာ Unsubscribe လုပ်ခွင့်ရသင့်တယ်။ ကြည့်ရတာ မြန်မာနိုင်ငံမှာ email marketing ဆိုပြီး email ပဲ အကုန်လုံးကို To တွေ ခံပြီး ပို့တယ်နဲ့တူတယ်။ No…
-
VPS မှာ ဘာ OS သွင်းမှာလဲ အရင် ဆုံးဖြတ်ပါ။ ကျွန်တော်ကတော့ Ubuntu ပဲ အသုံးပြုပါတယ်။ PHP , Apache2, MySQL တွေ သွင်းပြီးသွားရင်တော့ apache နဲ့ domain ကို ချိတ်ပေးဖို့ လိုပါတယ်။ Apache ကို အသုံးပြုရင် virtual host ထည့်တတ်ပါတယ်။ ကျွန်တော်ကတော့ default ကိုပဲ copy ကူးပြီး နည်းနည်းပြင်လိုက်တယ်။ $cp /etc/apache2/sites-available/default /etc/apache2/sites-available/example.com $ vi example.com vi နဲ့ virtual host ကို ဒီလို ပြင်တယ်။
-
နောက်ဆုံး ထုတ်ထားတဲ့ Ornagaime iPhone application ကို မဲဖောက်ပေးပါမယ်။ အသေးစိတ်ကိုတော့ ဒီမှာ ဖတ်ကြည့်ပါ။
-

Angry Birds ကို App Store မှာ December 2009 မှာ စပြီး ပေါက်ခဲ့ပါတယ်။ Mat Wilson က ငါတို့ စောစော သိခဲ့တာက ပေါက်သွားဖို့အတွက် အရင်ဆုံး နိုင်ငံသေးသေးလေးတွေမှာ အရင်ဆုံး ပေါက်အောင် လုပ်ဖို့ လိုတယ်။ လို့ဆိုပါတယ်။ Finnish App store မှာ ရာကျော်မျှသာ ရောင်းရပြီးတော့ Sweden , Denmark , Greece နဲ့ Czech Republic မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ UK နဲ့ US store မှာ မပေါက်ခင်ထိ 30,000 ကနေ 40,000 downloads ကို နိုင်ငံသေးသေးလေးတွေကနေ ရခဲ့ပါတယ်။ အများကြီးတော့…
-

Blackberry အတွက် ဇော်ဂျီ font ကို လိုချင်သူများအနေနဲ့ Smiley Myanmar လာပါပြီ။ ကိုမျိုးဟန်ထွန်း နဲ့ ကိုမျိုးကျော်ထွန်း တို့ ညီအစ်ကို ၂ ယောက်ရဲ့ Design နဲ့ သူတို့တွေ ဖန်တီးထားတဲ့ Smiley Myanmar Blackberry application က ဇော်ဂျီ font တွေကို ဖတ်လို့ရပြီး English Myanmar dictionary ကို internet connection နဲ့ အသုံးပြုလို့ရပါတယ်။ အသေးစိတ်ကိုတော့ ဒီမှာ ဖတ်နိုင်ပါတယ်။
-

မနေ့ညကပဲ App Store မှာ Ornagaime ကို Approve ဖြစ်သွားပါတယ်။ Ornagaime ဆိုတာကတော့ Ornagai Myanmar to English Dictionary ဖြစ်ပါတယ်။ လက်ရှိ Ornagai က Data ကိုပဲ reverse ပြန်လုပ်လိုက်တာပါ။ reverse လုပ်တယ်ဆိုပေမယ့် လက်ရှိ www.ornagai.com မှာ သုံးထားတဲ့ နည်းပညာအတိုင်း ။ တွေကို ခွဲထုတ်ပြီး တော့ လုပ်ထားပါတယ်။ စာလုံးပေါင်း 61579 ရှိပါတယ်။ သို့ပေမယ့် စာလုံးတွေက လိုအပ်နေပါသေးတယ်။ လက်ရှိ version ကတော့ 0.5 ဖြစ်ပြီးတော့ iOS 4.2 သို့မဟုတ် နောက်ပိုင်း version တွေမှသာ သွင်းလို့ရမှာပါ။ zawgyi keyboard…

