saturngod
-

ဖတ်မယ် ဖတ်မယ် နဲ့ မဖတ်ဖြစ်ခဲ့တဲ့ Angry Birds အကြောင်းပါတဲ့ Wired Magazine ကို ရုံးကနေ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့လောက်က ယူလာပြီး ဖတ်ဖြစ်ခဲ့တဲ့။ ခဏလောက် အကြမ်းဖတ်မယ်ဆိုပြီး ရထားပေါ်မှာ ဖတ်လိုက်တာ ရပ်လို့ မရတော့လောက်အောင် စွဲဆောင်မှု ရှိတဲ့ ဆောင်းပါးတစ်ပုဒ်ပဲ။ တကယ်ကို ကောင်းမွန်တဲ့ Success Story ဆိုလည်း မမှားပါဘူး။ Angry Birds က Rovio ကို ကယ်တင်ခဲ့တဲ့ Game ဆိုလည်း မမှားပါဘူး။ တော်တော်များများက Angry Birds က ကံကောင်းလို့ အောင်မြင်သွားတယ်လို့ ဆိုတယ်။ အချို့တွေကလည်း ဘာမှ သိပ်ထူးထူးဆန်းဆန်း မဟုတ်ပဲ ဘာလို့ အောင်မြင်တာလဲဆိုတာကို မေးခွန်းထုတ်ကြတယ်။ အဲဒီမေးခွန်းတွေရဲ့ အဖြေတွေကို…
-
ဒီနှစ် MZ နှစ်ပတ်လည်ကို Myanmar Tutorial ရဲ့ နှစ်ပတ်လည် နှင့် web design ဆုပေးပွဲနဲ့ အတူတူကျင်းပါမယ်။ MICT Park conference hall မှာ ကျင်းပပါမယ်။ MZ နဲ့ မြန်မာ tutorial ပူးပေါင်းပြီးကျင်းပတဲ့အတွက် ပိုမိုစည်ကားပြီး ပိုပြီး အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ ပွဲ အစီစဉ်အသေးစိတ်ကိုတော့ ကိုသီဟ နဲ့ အသေးစိတ် ဆွေးနွေးပြီးရင် ပြန်လည်ကြေငြာပါ့မယ်။
-

မနေ့ညက ၁ နာရီလောက်မှာ WWDC က June ၆ ရက်နေ့ဆိုပြီး mail ရောက်လာတယ်။ ဈေးနှုန်းက $1599 ။ ရုံးက ပြင်သစ် ကတော့ သွားမယ်ဆိုပြီး ရုံးကိုတော့ ခွင့်တောင်းထားပေမယ့် ရုံးက မဆုံးဖြတ်ရသေးဘူး။ ဒီလိုနဲ့ မနက် ရုံးတက်တော့ WWDC က June ၆ ရက်နေ့နော် လို့ ပြောပြီး Google Reader ကနေ သတင်းဖတ်လိုက်တော့ လက်မှတ်ကုန်သွားပါပြီတဲ့။ ၁၂ နာရီ အတွင်း လက်မှတ် အကုန် ရောင်းကုန်သွားပါပြီတဲ့ဗျာ။ ရုံးက တစ်ယောက်တော့ ဒီနှစ် WWDC လွတ်သွားပြီ။
-
MAMP မှာ pspell ကို မထည့်ထားလို့ ornagai မှာ spell checking ကို ဖြုတ်လိုက်ရတယ်။ ဒါပေမယ့် စိတ်က သိပ်မကျေနပ်ဘူး။ ပြန်ထည့်မယ်ဆိုပြီး စဉ်းစားပေမယ့် php ကို ပြန် compile လုပ်ရမှာကြောင့် မလုပ်ဖြစ်ဘူး ဖြစ်နေတယ်။ ဒါနဲ့ google က api လေး ပေးထားရင်တော့ php လည်း ပြန်ပြီး compile လုပ်စရာမလိုဘူး။ server တိုင်းအတွက်လည်း သုံးလို့ရသွားမယ်ဆိုပြီး ရှာလိုက်တော့ တွေ့ပါတယ်ဗျာ။ code ကလည်း လွယ်လွယ်လေးပဲ။ code example ကို အောက်မှာပဲ ကြည့်လိုက်ပါ။ ornagai.com မှာတော့ အမြန်ဆုံး ထည့်သွင်းနိုင်အောင် ကြိုးစားလိုက်အုံးမယ်။ Ornagai.com ကို v3…
-
Dhamma Stream ဆိုတာက iPhone Application တစ်ခုပါ။ တရားတော်တွေကို online ကနေ တိုက်ရိုက် နားထောင်လို့ရအောင် ဖန်တီးပေးထားပါတယ်။ လက်ရှိ ဆရာတော် ၉ ပါး ကို online ကနေ တိုက်ရိုက် နားထောင်လို့ရပါတယ်။ data တွေ အားလုံးကို မူရင်း website ကနေ ပဲ ရယူထားပါတယ်။ တရားတော် များများကိုတော့ http://dhammadownload.com/ ကနေ ယူထားပါတယ်။ အခု version မှာတော့ download ချတာနဲ့ favorite list လုပ်တာတော့ မပါသေးဘူး။ Database ကို online ကနေ တိုက်ရိုက် update လုပ်ယူအောင် လုပ်ဖို့ ကြိုးစားပေမယ့် အချိန်ယူရမှာကြောင့် မထည့်ဖြစ်ဘူး။ နောက်…
-
![Myanmar Tutorials’ Web Design Contest [Review 2]](https://blog.saturngod.net/wp-content/uploads/Screen-shot-2011-03-22-at-PM-02.38.54.png)
အပိုင်း ၁ ကိုတော့ ဒီမှာ ဖတ်နိုင်ပါတယ်။ Color Pattern လက်ရှိ ပြိုင်ပွဲဝင် site တွေက color တွေက မလိုက်ဖက်သလို ခံစားရတယ်။ အများအားဖြင့် ကိုယ်ကြိုက်တဲ့ အရောင်တွေ ထည့်ထားသလိုပဲ။ အချို့ site တွေကတော့ မှောင်သလို ခံစားရတယ်။ Color တွေထဲမှာတော့ Romantic wedding plan လေးကတော့ မဆိုးဘူး။ သို့ပေမယ့် သုံးထားတဲ့ graphic တွေ နောက်ပြီး font တွေကို ပြင်လိုက်ရင် တော်တော်လေးကို လှသွားမယ့် site ပါ။ Mobile Network လေး ရဲ့ Color လေးကိုလည်း သဘောကျတယ်။ Music For Living က မှောင်လွန်းနေတယ်။…

