saturngod
-
Dhamma Stream ဆိုတာက iPhone Application တစ်ခုပါ။ တရားတော်တွေကို online ကနေ တိုက်ရိုက် နားထောင်လို့ရအောင် ဖန်တီးပေးထားပါတယ်။ လက်ရှိ ဆရာတော် ၉ ပါး ကို online ကနေ တိုက်ရိုက် နားထောင်လို့ရပါတယ်။ data တွေ အားလုံးကို မူရင်း website ကနေ ပဲ ရယူထားပါတယ်။ တရားတော် များများကိုတော့ http://dhammadownload.com/ ကနေ ယူထားပါတယ်။ အခု version မှာတော့ download ချတာနဲ့ favorite list လုပ်တာတော့ မပါသေးဘူး။ Database ကို online ကနေ တိုက်ရိုက် update လုပ်ယူအောင် လုပ်ဖို့ ကြိုးစားပေမယ့် အချိန်ယူရမှာကြောင့် မထည့်ဖြစ်ဘူး။ နောက်…
-
အပိုင်း ၁ ကိုတော့ ဒီမှာ ဖတ်နိုင်ပါတယ်။ Color Pattern လက်ရှိ ပြိုင်ပွဲဝင် site တွေက color တွေက မလိုက်ဖက်သလို ခံစားရတယ်။ အများအားဖြင့် ကိုယ်ကြိုက်တဲ့ အရောင်တွေ ထည့်ထားသလိုပဲ။ အချို့ site တွေကတော့ မှောင်သလို ခံစားရတယ်။ Color တွေထဲမှာတော့ Romantic wedding plan လေးကတော့ မဆိုးဘူး။ သို့ပေမယ့် သုံးထားတဲ့ graphic တွေ နောက်ပြီး font တွေကို ပြင်လိုက်ရင် တော်တော်လေးကို လှသွားမယ့် site ပါ။ Mobile Network လေး ရဲ့ Color လေးကိုလည်း သဘောကျတယ်။ Music For Living က မှောင်လွန်းနေတယ်။…
-
ဒီနေ့ MMTut မှာ web design ပြိုင်ပွဲက website တွေကို ကြည့်ဖြစ်လိုက်တယ်။ အကုန်လုံးကတော့ ရှိသမျှ အစွမ်း အကုန်ထုတ်ထားပဲ။ လက်ရှိ design တွေထဲမှာတော့ professional အနေနဲ့ လုပ်နေတဲ့သူတွေ မပါလောက်ဘူးလို့ ထင်ရတယ်။ အကုန်လုံးရဲ့ အားနည်းချက်က typography ကို သွားတွေ့ရတယ်။ အစကတော့ တစ်ခုခြင်းဆီကို ပြောအုံးမလို့ စဉ်းစားပေမယ့် အများကြီး ဖြစ်သွားမှာဖြစ်လို့ရယ်.. အခုမှ ရုံးက ပြန်ရောက်လို့ ပင်ပန်းနေတာရယ် ကြောင့် ခြုံပြီးတော့ပဲ ရေးလိုက်တော့မယ်။ ကျွန်တော့် ထက်စာရင် web designer အလုပ်လုပ်နေတဲ့ သူတွေရဲ့ အမြင်နဲ့ ဝေဖန်ချက်တွေက ပိုကောင်းမယ်လို့ ထင်ပါတယ်။ လက်ရှိ web design တွေ အားလုံးနည်းပါးက HTML4…
-
ကျောင်းပြီးရင် အလုပ်လုပ်မယ်လို့ ဆိုပေမယ့် လုပ်ငန်းခွင်ဆိုတာ ဘယ်လို မျိုးလဲ ? အလုပ်ထဲမှာ ဘာတွေ လုပ်ရမလဲ ? စတာတွေက တွေးတော စရာတွေပါ။ အများသူငှာ ထင်တာကတော့ မတတ်ပေမယ့် လုပ်ငန်းခွင်ထဲ ရောက်ရင် တတ်သွားမှာပဲလို့ ဆိုကြတယ်။ မှန်တော့မှန်ပါတယ်။ သို့ပေမယ့် တွေးထင်သလို မလွယ်ဘူး။ အလုပ်လုပ်တဲ့ အခါမှာ ဘယ်သူမှ ကိုယ့်ကို မကူညီနိုင်ကြဘူး။ တော်တော်များများ တွေးထင်ကြတာက လုပ်ငန်းခွင်ထဲရောက်ရင် အပေါ်ကလူတွေက သင်ပေးမယ်လို့ ထင်တတ်ကြတယ်။ အဲလိုထင်ရင်တော့ တက်တက်စင်အောင် လွဲတာပဲ။ တကယ်တန်း လုပ်ငန်းခွင်ဆိုတာက ရေကူး သလိုပဲ။ မင်းရေကူးတတ်လားဆိုပြီး အင်တာဗျုးမယ်။ ကူးတတ်တယ်လို့ ပြောလိုက်ရင် ရေကန်ထဲ ပစ်ချလိုက်မယ်။ ကိုယ့်ဘာသာ ကူးတော့။ ဘယ်သူမှ လာမကယ်နိုင်ဘူး။ မကူးနိုင်ရင် နှစ်သွားမှာပဲ။…
-
ကျွန်တော် Why SaaS ? ကိုတော့ ရေးပြီးပါပြီ။ Why SaaS ကို ရေးရခြင်း အဓိက အကြောင်းကိုတော့ Why Cloud Server ? အကြောင်းကို ရေးချင်တာကနေ အစပြုခဲ့တယ်ဆိုလည်း မမှားပါဘူး။ SaaS တွေရဲ့ အောင်မြင်လာမှုမှာ Cloud Server က မပါမဖြစ် ဆိုလည်း မမှားပါဘူး။ Cloud Server ဆိုတာ ဘာလဲ ။ ဘာလို့ Cloud Server ကို သုံးသင့်တာလဲ။ ဘာလို့ Cloud ကို စဉ်းစားသင့်တာလဲ။ Cloud Computing ဆိုတဲ့ စကားလုံးက အရမ်းကို ကျယ်ပြန့်ပါတယ်။ Cloud Server တွေကိုလို့ ပြောလိုက်ရင် ၂ မျိုး…
-
ဒီနေ့ ရုံးမှာ ၃ လလောက် ရေးထားတဲ့ Game ကို app store မှာ approve ဖြစ်သွားပါပြီ။ Game ကတော့ ရိုးရိုးရှင်းရှင်းလင်းလင်းပေမယ့် bugs တွေပြင်တာတွေ အခြား feature တွေ ဖြုတ်ထုတ်တပ် တွေ လုပ်နေတာနဲ့ ၃ လ ကျော်ကျော်လောက် ကြာသွားတယ်။ game ရဲ့ အဓိက ဇာတ်လမ်းကတော့ ပန်းသီး ကြွေကျတာကို pop လိုက်လုပ်ပေးရတာပါ။ Newton ခေါင်းပေါ် ပန်းသီး မကြွေကျအောင် ကာကွယ်ပေးရတာက အဓိက game ဇာတ်လမ်းပဲ။ ကျွန်တော်ကတော့ ဒီ game မှာ mini game ဖြစ်တဲ့ worm game နဲ့ zombie game…
-
Software as a Service , Platform As A Service တစ်ခုပြီး တစ်ခုပေါ်လာကြတယ်။ ကျွန်တော် Second Year လောက်တုန်းက သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောတုန်းက နောက်ဆိုရင် Online မှာ လူတွေ software တွေ ရောင်းစားလာလိမ့်မယ်။ PDA တွေနဲ့ နေရာအနှံ့သုံးလာနိုင်တယ်လို့ ပြောခဲ့ဘူးတာ မှတ်မိသေးတယ်။ အဲတုန်းက ရန်ကုန်မှာ HP ရဲ့ PDA iPaq ဆိုတာပဲ ရှိသေးတယ်။ လူတိုင်းလည်း ဝယ်မသုံးနိုင်သလို စိတ်လည်း သိပ်မဝင်စားဘူး။ သို့ပေမယ့် သူငယ်ချင်းက အဲဒီ PDA လေး ဝယ်တော့ တော်တော် စိတ်ဝင်စားသွားပြီး စမ်းကြည့်သေးတယ်။ PDA က နောက်ဆိုရင် နေရာ ပြောင်းလဲယူလာနိုင်တယ်လို့တောင်…