saturngod
-
ဒီနေ့ Solveware Solution က လုပ်ထားတဲ့ ပါရဂူ convertor ရဲ့ javascript ကို ယူသုံးပြီးတော့ chrome extension လေး လုပ်ဖြစ်တယ်။ အခု extension က အရင်ကလို unicode to zawgyi မဟုတ်တော့ပဲ Unicode 5.1 <=> Zawgyi 2008 ရသွားပါတယ်။ ဒါကြောင့် unicode သမားတွေအတွက်လည်း အဆင်ပြေတာပေါ့။ javascript ကို အသုံးပြုခွင့်ပေးတဲ့ solveware solution က ကိုငွေထွန်းကို လည်း ကျေးဇူးတင်ပါတယ်။ Download Here
-
http://blog.mysteryzillion.org/basic/ဘယ်-programming-language-စ-လေ့လာမလဲ/ http://blog.mysteryzillion.org/basic/ဘယ်-programming-language-စ-လေ့လာမလဲ-part-2/
-
Cydia ကနေ zawgyi iOS Font Package ကို iPhone 4 အတွက် သွင်းလို့ရပါပြီ။ Fixed ဖို့ နည်းလမ်းပြောပြပေးတဲ့ ကို GloblHawk နဲ့ စမ်းသပ်ပေးတဲ့ ကို သက်ထွေးအောင် နဲ့ ကောင်းထိုက်သူ တို့ကို ကျေးဇူးတင်ပါတယ်။
-
စိုင်းညီဖြိုးလုပ်ထားတာလေးပါ။ သူလုပ်ချင်တာကို သူ့ဘာသာ စာတွေ ဖတ်ပြီးတော့ ရအောင် လုပ်သွားနိုင်တာကိုတော့ လေးစားတယ်။ http://www.mysteryzillion.org/discussion/8905
-
ကျွန်တော် Dropbox နဲ့ ပတ်သက်ပြီးတော့ ပြောခဲ့ပြီးပါပြီ။ Dropbox ကို အခုတလော ကျွန်တော် အပါအဝင် တော်တော်များများ သုံးလာကြတာကို တွေ့ရတယ်။ နောက်ပြီး Dropbox public folder ထဲမှာ ထည့်ပြီး public link က direct download link က mediafire တို့4shared တို့ထက် download ချရတာ မြန်ပါတယ်။ နောက်ပြီးတော့ bandwidth limit မရှိတဲ့အတွက် တော်တော် အဆင်ပြေတယ်။ bandwidth limit ရှိနေရင် ကျွန်တော်တို့ share ချင်သလောက် share လို့မရပဲ ဖြစ်နေမှာပေါ့။
-
iPad နဲ့ ပတ်သက်ပြီး ခဏခဏ မေးတဲ့ မေးခွန်းတွေရှိတယ် ။ iPad က ဘာနဲ့ တူသလဲ။ ဘာအသုံးကျသလဲပေါ့။ NetBook ဝယ်ရမလား iPad ဝယ်သင့်သလား။ Nook က စာဖတ်ဖို့အတွက် iPad ထက် ပိုကောင်းမယ်ထင်တယ်နော်။ စတဲ့ … စတဲ့ မေးခွန်းပေါင်းများစွာရဲ့ အနှစ်ချုပ်ကတော့ iPad က ဘာလဲ ဆိုတာပဲ။ iPad ကတော့ အရိုးအရှင်းဆုံးပြောရရင်တော့ iPodTouch အကြီးစားပေါ့ဗျာ။ Code တွေ ဘာတွေ ရေးဖို့ဆိုတာထက် iPodTouch နဲ့ အတူတူပဲလို့ ဆိုလို့ရမယ်။ သူက laptop တစ်ခုလို coding တွေရေးလို့ရမှာမဟုတ်ဘူး။ Development တွေ လုပ်လို့ရမှာတော့မဟုတ်ဘူး။ သို့ပေမယ့် စာဖတ်တာကတော့ laptop ထက်စာရင် အများကြီး သာတာပေါ့ဗျာ။ PDF file တွေကို လွယ်လွယ်ကူကူ…
-
http://paungthar.blogspot.com/2010/08/having-fun-zawgyi-font-with-iphone-4.html
-
ဒီနေ့ မနက်ပဲ Pulse ကို ဝယ်ဖြစ်လိုက်တယ်။ $3.99 ပေးရပါတယ်။ အစကတော့ ခိုးကူးသုံးကြည့်သေးတယ်။ မဝယ်ခင်ကပေါ့။ သုံးကြည့်လိုက်တော့ တော်တော်လေးကို သဘောကျသွားတယ်။ idea လေးလည်း ကောင်းတယ်။ စာဖတ်ရတာလည်း အဆင်ပြေတယ်။ သုံးကြည့်လိုက်တော့ ခိုး သုံးရမှာ စိတ်မသန့်တော့ဘူး။ တကယ်တော့ ဝယ်ရတဲ့ဖိုးနဲ့ ရတဲ့ quality ကို ယှဉ်ကြည့်လိုက်ရင် ရတဲ့ Quality က အသာကြီး သာနေရင် ဝယ်သုံးဖို့ မနှမြောပါဘူး။ Coding က လေ့လာတတ်သူတိုင်း ရေးလို့ရပါတယ်။ idea ကတော့ လူတိုင်း မလုပ်နိုင်ဘူး။ ဒါက လေးစားဖို့ လိုတယ်။ Pulse က $3.99 နဲ့ရတာ သက်သာတယ် တန်တယ်လို့ ဆိုလို့ရမယ်။ Apollo ကို…
