saturngod
-

အခုတလော Rework ဖတ်နေတယ်။ အကုန်လုံးတော့ မပြီးသေးဘူး ပြီးခါနီးတော့ ရောက်နေပြီလို့ ဆိုလို့တယ်။ Rework စာအုပ်က ဖတ်ကြည့်လိုက်တော့ ပြီးခဲ့တဲ့ Getting Real စာအုပ်နဲ့ တော်တော်လေးကို တူပါတယ်။ သို့ပေမယ့် Getting Real ထက်စာရင် အရေးအသားပိုကောင်းပြီး ပြေပြစ်လာတယ်လို့ ဆိုလို့ရမယ်။ Getting Real စာအုပ်က ဖတ်လို့ကောင်းတယ်။ အဲဒီထက် Rework က ပိုဖတ်လို့ကောင်းတယ်လို့ ပြောလို့ရမယ်။ Rework ကို ကိုဒီဘီ ရဲ့ မှတ်ချက်ကတော့ ရှင်းရှင်းလေးပဲ။ ဖတ်လိုက်တော့ shock ဖြစ်သွားတယ်တဲ့။ ဒီထက် ပိုပြီး မပြောသလို ပြောစရာလည်း မလိုလောက်အောင် ပြည့်စုံသွားတဲ့ စကားလို့ပဲ ဆိုရပေမလားပဲ။ ဟုတ်ပါတယ်။ တကယ်ပဲ shock ဖြစ်သွားပါတယ်။ သမာရိုးကျ…
-

ဒီနေ့ West Cost မှာ One Piece Figure တွေ့တယ်လို့ ပြောလို့ ထပ်ပြီး ဝယ်ခဲ့တာပါ။ ၆ ရုပ် ကို S$20 ကျပါတယ်။ လိုချင်တဲ့ အရုပ်တွေကကတော့ ကျန်သေးတယ်။ အခု အရုပ်ထဲမှာ Usopp အရုပ်မပါသေးဘူး။ ထပ်လိုချင်တဲ့ အရုပ်က Boa Hancock အရုပ်။ နောက် ကြုံရင်တော့ Nico Robin အရုပ်အသေးလေး ရှာဝယ်အုံးမယ်။ Boa Hancock Figure ကတော့ ရှားမယ်ထင်တယ်။ နည်းနည်းကြီးတဲ့ One Piece Kids အရုပ်တွေက ၃ ရုပ် S$13 လောက်တော့ ပေးရတယ်။ ဒါပေမယ့် Kids အရုပ်တွေကတော့ မကြိုက်လှဘူး။ Boa Hancock…
-

ဒီနေ့ Theme ပြောင်းချင်တာနဲ့ Theme တွေ ရှာတာ စိတ်ကြိုက်မတွေ့ဘူး။ ဒါနဲ့ တစ်ခါတစ်လေ ကိုယ့်ဘာသာကိုယ် ဆွဲကြည့်ပါမယ်လေဆိုပြီး စမ်းဆွဲလိုက်တာ အခု လက်ရှိ Theme ဖြစ်သွားတယ်။ WordPress 3.0 menu ကို သုံးထားတယ်။ Widget support လုပ်အောင် ရေးထားတယ်။ design အကြမ်းကိုတော့ http://iphone.appstorm.net ကနေ အခြေခံထားတယ်။ အခုထက်ထိတော့ အလုံးစုံတော့ မပြီးသေးဘူး။ ၁၀ နာရီလောက်က စဆွဲလိုက်တာ ၃ နာရီလောက်မှာတော့ အကြမ်းထည်လေး ပြီးသွားတယ် ဆိုရမယ်။ အခု Design ကို 960gs css framework နဲ့ ပဲ ဆောက်ထားတယ်။ နောက်ပြီး color scheme ကို ပြင်လို့ရအောင် color scheme အတွက် သီးသန့် CSS ခွဲထုတ်ထားတယ်။
-
ဗုဒ္ဓဟူးနေ့က Apple ကနေ magic mouse deliver ရောက်လာပါပြီ။ စစခြင်းရတုန်းက ဘယ်လို ဖွင့်ရမှန်းတောင် မသိဘူး။ ကျွန်တော်ကိုယ်တိုင်က manual မဖတ်ခင် ကိုယ်တိုင် စမ်းကြည့်ရတာ အကျင့်ဖြစ်နေလို့လားမသိ manual မဖတ်ဖြစ်ဘူး။ power ဖွင့်ပြီးတော့ macbook မှာလာပြီး detect မဖြစ်တော့ နည်းနည်းတောင် ကြောင်တောင် ဖြစ်သွားတယ်။ မရတော့ ဘာလုပ်လဲဆိုတော့ ရုံးက designer ကို လှမ်းမေးလိုက်တာပေါ့။ manual ဖတ်နေရင် ကြာနေအုံးမယ်လေ။ နောက်မှ bluetooth ကနေ browser device လုပ်ပြီး ခေါ်လိုက်မှ သိသွားတာကို။ ရုံးက Designer ကည်း magic mouse နဲ့ပဲ။
-
http://maniacdev.com/2010/09/cross-platform-iphone-and-android-solutions/ ကို ဖတ်မိပြီး တော့ ပြန်ရေးထားတာပါ။ http://blog.mysteryzillion.org/article/7-cross-platform-ios-and-android-solutions/
-
Myanmar Tutorial မှာ Idea လား idle လား ဆိုတာလေးကို ဖတ်မိပြီး ဒီ အကြောင်းလေး ရေးမယ်လို့ စဉ်းစားထားတာ အခုမှပဲရေးဖြစ်တော့တယ်။ Resource ကျွန်တော်တို့ အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် လိုအပ်တာကတော့ Resource ပဲ။ အဓိကလိုအပ်တဲ့ Resource ၃ မျိုးရှိတယ်။ Money | Time | Human (skill and knowledge) ။ အဲဒီ ၃ မျိုးထဲက ၂ ခု ပြည့်စုံမှ ကျွန်တော်တို့တွေ idea တွေ စတင်နိုင်မယ်။ ၁ ခု တည်းပြည့်စုံလို့ မရဘူးလား ဆိုတော့ ရတော့ ရတယ် မပြည့်စုံဘူးလို့ပဲ ဆိုရမယ်။ ကျွန်တော်တို့တွေ စဉ်းစားကြည့်ရအောင်
-
ရှေ့ရပ်နေထွက်ပြီး… နောက်အရပ်က နေဝင်တာ… အနောက်အရပ် အသုံးမကျလို့လား.. ဓူဝံကြယ် မြောက်ဘက်မှာ ရှိတာ ဘက်လိုက်ခြင်းလား… သောကြာကြယ် ထူးခြားနေတာ…. သူ အစွမ်းထက်လို့များလား.. ညဘက်မှ လထွက်သာ လက နေမင်းကို ကြောက်လို့များလား.. တိမ်တွေဖုံးလို့ ကြယ်တွေပျောက်…. ကြယ်တွေ ကြောက်လို့များလား… အကြောင်းကြောင့် အကျိုးတွေ ဖြစ်နေတာ… မတူညီတာ မတူညီတာပဲ… နေမင်းက လရဲ့ ခံစားချက်ကို ခံစားပေးလို့မရဘူး.. လကလည်း နေမင်းရဲ့ ဘဝကို နားလည် မပေးချင်ဘူး.. နေမင်းက သူ့ အလင်းရောင်နဲ့ မာန်တက်တယ်.. လမင်းကလည်း သူ့အလင်းရောင်နဲ့ မာန်တက်တယ်.. လမင်း အလင်းနဲ့ နေမင်း အလင်း… နေမင်းဘဝ နဲ့ လမင်းဘဝ မတူညီဘူး..

![Readability on blog [Poll]](https://blog.saturngod.net/wp-content/uploads/poll1.png)