saturngod
-
ရှေ့ရပ်နေထွက်ပြီး… နောက်အရပ်က နေဝင်တာ… အနောက်အရပ် အသုံးမကျလို့လား.. ဓူဝံကြယ် မြောက်ဘက်မှာ ရှိတာ ဘက်လိုက်ခြင်းလား… သောကြာကြယ် ထူးခြားနေတာ…. သူ အစွမ်းထက်လို့များလား.. ညဘက်မှ လထွက်သာ လက နေမင်းကို ကြောက်လို့များလား.. တိမ်တွေဖုံးလို့ ကြယ်တွေပျောက်…. ကြယ်တွေ ကြောက်လို့များလား… အကြောင်းကြောင့် အကျိုးတွေ ဖြစ်နေတာ… မတူညီတာ မတူညီတာပဲ… နေမင်းက လရဲ့ ခံစားချက်ကို ခံစားပေးလို့မရဘူး.. လကလည်း နေမင်းရဲ့ ဘဝကို နားလည် မပေးချင်ဘူး.. နေမင်းက သူ့ အလင်းရောင်နဲ့ မာန်တက်တယ်.. လမင်းကလည်း သူ့အလင်းရောင်နဲ့ မာန်တက်တယ်.. လမင်း အလင်းနဲ့ နေမင်း အလင်း… နေမင်းဘဝ နဲ့ လမင်းဘဝ မတူညီဘူး..
-
ဟိုနေ့က iReader လေး ရေးရင်း iReader မသုံးပဲနဲ့ကော blog တွေမှာ ပေါ်အောင် လုပ်လို့မရဘူးလား လို့စဉ်းစားမိတယ်။ iReader က readability နဲ့ safari reader ၂ ခုကို ပေါင်းထားတာ။ ဒါနဲ့ readability ကို သုံးဖို့ ဆုံးဖြတ်လိုက်တာ။ အဲဒါနဲ့ wordpress plugin တစ်ခု ကောက်ရေးပြီး လက်ရှိ blog နဲ့ mz blog မှာ စမ်းထားတယ်။ public တော့ မထုတ်သေးဘူး။ public ထုတ်ရင် setting တွေထည့်ရမှာ အလုပ်ရှုပ်လို့။ setting page လေး မရေးချင်လို့ public ကတော့ စိတ်ကူးပေါက်မှပဲ ထုတ်တော့တယ်။ အခု MZ blog နဲ့ ကျွန်တော့် blog ကို pdf ထုတ်ချင်တဲ့သူတွေကတော့ readability ဆိုတာလေးကို နှိပ်ပြီး…
-
ကဲ… Flash သမားတွေ အတွက် ဝမ်းသာစရာပဲ… Apple က app store မှာ Xcode objective C နဲ့ မရေးထားတဲ့ဟာတွေလည်း Allow လုပ်ပြီလို့ ဆိုပါတယ်။ In particular, we are relaxing all restrictions on the development tools used to create iOS apps, as long as the resulting apps do not download any code. This should give developers the flexibility they want, while preserving…
-
အပျင်းပြေဆော့နေတဲ့ Fruit Ninja Game အကြောင်းကို ဒီနေ့ MMGamer မှာရေးထားတယ်။ ပျင်းရင် ဆော့ဖြစ်နေတဲ့ Game ၂ ခုက Fruit Ninja နဲ့ NinjaJump ပဲ။ နောက်တော့မှ NinjaJump အကြောင်းရေးတော့မယ်။ ဒါနဲ့ ကျွန်တော့် iPodTouch မှန် အက်သွားလို့ စိတ်ထဲ မကောင်းဘူးဖြစ်သွားတယ်။ iPodTouch အသစ်ပေါ်လာလို့လားတော့ မသိ။ အသစ်ပေါ်လာတော့ အဟောင်းက အလိုလို ပျက်စီး ရတာလည်းတော့ မသိဘူး။ Laptop ကို စားပွဲပေါ်ကနေ မလိုက်တာ iPodTouch နဲ့ USB Cable ချိတ်ထားတော့ တန်းလန်းကြီးပါလာပြီးတော့ စားပွဲဇောင်းနဲ့ တိုက်ပြီး မှန်အက်သွားတယ်။ game ဆော့ရတာ သိပ်မကောင်းတော့ပေမယ့် development အတွက်တော့ သုံးလို့ရနေသေးတယ်။
-
သူများတွေက US account card မရှိပဲနဲ့ လုပ်လို့မရဘူးဆိုလို့ ဒီနေ့ ကိုယ့်ဘာသာ ကိုယ် us account တစ်ခု စမ်းဖွင့်ကြည့်ချင်တယ်။ Google Earth ကလည်း US store မှာပဲ ရတယ်။ Ping လည်း US store အတွက်ပဲဆိုတော့ ကိုယ့်ဘာသာကိုယ် US account တစ်ခု ဖွင့်ကြည့်ရတာပေါ့။ အရင်ဆုံး free app တစ်ခုကို သွားဖို့လိုပါတယ်။ ဒီအတိုင်းဖွင့်ရင် card နံပတ်တောင်းပါလိမ့်မယ်။ ဒီတော့ skype app ကိုသွားလိုက်တယ်။ iTune ဖွင့်ထားရင် လက်ရှိ iTune store account ကို logout လုပ်ထားဖို့တော့ လိုတယ်။ Skye မှာ View…
-
ဒီနေ့ Solveware Solution က လုပ်ထားတဲ့ ပါရဂူ convertor ရဲ့ javascript ကို ယူသုံးပြီးတော့ chrome extension လေး လုပ်ဖြစ်တယ်။ အခု extension က အရင်ကလို unicode to zawgyi မဟုတ်တော့ပဲ Unicode 5.1 <=> Zawgyi 2008 ရသွားပါတယ်။ ဒါကြောင့် unicode သမားတွေအတွက်လည်း အဆင်ပြေတာပေါ့။ javascript ကို အသုံးပြုခွင့်ပေးတဲ့ solveware solution က ကိုငွေထွန်းကို လည်း ကျေးဇူးတင်ပါတယ်။ Download Here
-
http://blog.mysteryzillion.org/basic/ဘယ်-programming-language-စ-လေ့လာမလဲ/ http://blog.mysteryzillion.org/basic/ဘယ်-programming-language-စ-လေ့လာမလဲ-part-2/