စိတ်အချဉ်ပေါက်မှုများ
-
Personal Computer Magazine 2009 May လထုတ် စာမျက်နှာ 148 မှာ Linux မှာ ဇော်ဂျီ အလုပ်မလုပ်ဘူးဆိုတာ စေတန်တို့တောင် ရေးလာပြီ။ ကို Linux Desktop တစ်ခုဖြစ်တဲ့ KDE မှာ ဇော်ဂျီ အလုပ်မလုပ်ဘူးဆိုတာ စေတန်တို့တောင် ရေးလာပြီ။ လို့ပြင်ဖတ်ပေးစေချင်ပါတယ်။ Gnome မှာ ဇော်ဂျီ အလုပ်လုပ်တယ်။ LXDE မှာလည်း အလုပ်လုပ်တယ်။ LXDE မှာ keyboard change ဖို့ ပြဿနာ နည်းနည်းရှိပေမယ့် အဆင်ပြေတယ်။ KDE မှာတော့ rendering ကြီးကို မဖြစ်မနေထည့်ထားတဲ့အတွက်ကြောင့် ကေ ဆိုရင် ကေ လို့ပြောင်းသွားတယ်…. KDE မှာ အလုပ်မလုပ်တာပါ။
-
Babylon နဲ့ stardict အတွက် update တင်ထားတယ်.. www.ornagai.com/site/ မှာသွားယူနိုင်ပါတယ်… အခုတလော MZ ပြဿနာ ငြိမ်းတော့ အခြား ပြဿနာတွေ ရောက်လာတယ်… အော်… တစ်ခုတော့ သိလိုက်တယ်.. ဖြစ်ချိန်တန်တဲ့အခါ…. ဖြစ်သင့်တဲ့ အခါ…. အချိန်တွေ ဘယ်လိုဆွဲဆွဲ နောက်ဆုံးတော့ ဖြစ်လာတာပဲ…..
-
မီးပျက်တယ်… ပျက်ချိန်မှာ အချိန်မှန်ပျက်တယ်.. လာချိန်မှာလည်း ပျက်တယ်… အမြဲတန်းပျက်တယ်… ရုပ်ရှင်ကြည့်မရဘူး.. မီးစက် အမြဲဖွင့်နေရတယ်… ညဘက် အမှောင်ထဲနေရတယ်…. ညဆို အမြဲ ပူလောင် အိုက်စွာ အိပ်ရတယ်… အဲ… မနှစ်ကလည်း ဒီအတိုင်းပဲ… ဒီနှစ်လည်း ဒီအတိုင်းပါပဲ… မထူးပါဘူးလေ…
-
connection ကျနေချိန်မှာ bangan လိုင်းမှာ game , social network စတဲ့ site တော်တော်များများ ဘန်းလိုက်ပါတယ်။ ဆော့နေကျ ikariam.org လည်း ban ခံထိပြီ။ facebook.com လည်း ban ခံထိပြီ။ online ပေါ်တက်ရတာလည်း ၂၅ ရက်နေ့မတိုင်ခင်ထိ နှေးနေအုံးမှာ ဖြစ်တဲ့အတွက် gtalk , gmail ကို သာသုံးစွဲနေရပါတယ်။ Update : ည ၁၀ နာရီကျော်တော့ ်facebook ပြန်ဖွင့်ပေးပါတယ်။
-
တစ်ခါတစ်လေ ဘာလုပ်ရမယ်.. ဘာလုပ်သင့်လဲ… ဘယ်အခြေအနေက အဆင်ပြေဆုံးဖြစ်မလဲ… ဘာတွေ ဆက်လုပ်ရမလဲ… ဘာတွေ လုပ်လိုက်ရင် ပိုဆိုးသွားမလဲ… ဘယ်သူ့ဘက်မှာ ရှိရမလဲ.. ရွေးရကျပ်တဲ့အခြေအနေတွေ…. လုပ်ရကိုင်ရခက်တဲ့ အခြေအနေတွေ… ရှုပ်ရှက်ခက်နေတဲ့ အခြေအနေတွေ… ဘယ်လို ထိန်းချုပ်ရမလဲ… တစ်ယောက်တစ်မျိုး အကြံပေါင်းစုံထဲက… တစ်ခုခုတော့ ထွက်လာမယ်လို့ မျှော်လင့်ပါတယ်..
-
MZ နှင့် MMEnglish ကို ခဏပိတ်ထားပါတယ်။ Dos ကြောင့် database connection မရတော့သောကြောင့်ဖြစ်သည်။ မြန်မာ IP ပိတ်ပြီး ပြန်စမ်းဖွင့်သော အခါ ပြန်ရပါသည်။ သို့သော် ရေရှည်မခံ။ နာရီ ဝက်တွင် freedom IP နဲ့ ဝင်ရောက်လာခဲ့သောကြောင့် connection ပြတ်တောက်ရပြန်သည်။ ထို့ကြောင့် အချို့ချို့သော မြန်မာများကြောင့် ခဏပိတ်ထားပါသည်။ ပြန်ဖွင့်မည် အချိန်ကိုမူ မသိရသေး။ အဘယ့်ကြောင့်ဆိုသော် Grid Processing Unit သည် အလုံး ၁၀၀၀ သာ အသုံးပြုခွင့်ရှိသည်။ ယခု အလုံး ၇၇၁ အထိ ရောက်ရှိနေပြီ။ ၂ နာရီအတွင်း ၇၇၀ မှ ၇၇၁ သို့ကူးပြောင်းသွားသည်။ ထို့ကြောင့် ၁၀၀၀…
-
လူတွေကပြောတယ်.. စေတန်ဆိုတာ နတ်ဆိုးတဲ့… သူဘာကြောင့်ဆိုးလဲ… လူတွေမေးကြည့်ဘူးလား… လူတွေ လေ့လာဘူးလား… တစ်ခါတစ်လေ… လူတွေဖိအားကြောင့်… လူတွေက ဆိုးလာကြတယ်… အရောင်ပြောင်းလာကြတယ်.. ကိုယ့်ဘာသာကိုယ် ကာကွယ်ခြင်းတွေလုပ်လာတယ်.. မူရင်းဘဝပျောက်ဆုံးပြီး… cover အပြည့်နဲ့ ဘဝကြီးကိုဖန်တီးလာတယ်.. လူဆိုးတွေက တဖြည်းဖြည်းဆိုးလာကြတယ်… လူကောင်းတွေက လူဆိုးတွေကို ပိုဆိုးလာအောင် ဖန်တီးလာကြတယ်.. သူမှန်တယ်.. ငါမှန်တယ်နဲ့… ရှုံးနိမ့်သူက လူဆိုးပဲ… သမိုင်းဆိုတာ အောင်နိုင်သူရေးခဲ့တာ… ဇူးနတ်မင်းကြီး ရေးခဲ့လို့ စေတန်က နတ်ဆိုးဖြစ်တာ ဖြစ်ကောင်းဖြစ်မယ်… သမိုင်းဆိုတာ အောင်နိုင်သူရေးတာပဲ… သူငယ်ချင်းတစ်ယောက်ပြောတယ်… ပြိုင်ငြင်းမနေနဲ့… ဘယ်သူမှန်တယ်ဆိုတာထက်.. ဘယ်သူနိုင်တယ်ဆိုတာကိုကြည့်… နိုင်တဲ့လူက မှန်တာပဲ… နိုင်တဲ့လူထဲမှာ သမိုင်းပဲ… အမှန်တရား… စာနာနားလည်ချင်း… ဝါးဟားဟားနဲ့ ရယ်လိုက်ချင်တယ်… ကိုယ့်အမြင်တစ်ခုနဲ့ ရပ်တည်နေတာလား.. ကိုယ့်အမြင်ကသာ အမှန်တရား.. အင်အားတောင့်သူကသာ အမှန်တရား..…
-
မအိပ်ရတာ ၄ ရက်ရှိပြီ… ဒီနေ့လည်း အိပ်ရမယ် မထင်ဘူး.. MZ ပွဲအတွက် DVD လုပ်နေတာ မပြီးသေဘူး… MZ site တစ်ခု offline လွယ်လွယ်ကြည့်လို့ရအောင် Ubuntu နဲ့ boot တက်မလို့ လုပ်နေတာ… နောက်ဆုံး ရခါနီးမှ… Ubuntu က boot မတက်လာတော့ဘူး… မီးချောင်းလည်း ကျွမ်းနေပြီ… အမှောင်ထဲမှာ မမြင်မစမ်းနဲ့ပဲ… Ubuntu အခွေပြန်ရှာရအုံးမယ်… :D ပြီးရင် အစကနေ ပြန်စရအုံးမှာလား… :( အခုတော့ ၃ နာရီ ထိုးနေပြီ…
