သဘာဝပတ်ဝန်းကျင်နှင့် ရန်ကုန်

ကျွန်တော် တစ်ခါတစ်လေ စဉ်းစားမိတယ်။ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းခြင်း ဆိုတဲ့ အကြောင်းပေါ့။ အထက်တန်းကျာင်းတုန်းကလည်း သင်ခဲ့ရတယ် လေထု ညစ်ညမ်းခြင်း။ ကျွန်တော်တို့ နေ့စဉ် မီးစက်တွေ ဒီလောက်အသုံးပြုနေတာ ရန်ကုန်မြို့ကြီးကော လေထု မညစ်ညမ်းဘူးလား။ အင်တာနက်ဆိုင်တွေ များပြားလာတာနဲ့ အမျှ မီးစက်တွေ များလာတယ်။ တစ်ဆိုင်မှာ လူနှစ်ယောက်ပဲရှိတယ်။ ဒါကြောင့် မီးစက်ဖွင့်ရတာပဲ။ စုစုပေါင်း ဆိုင် ၃ ဆိုင်ဆိုရင် မီးစက် ၃ ခု ပေါ့။ တနည်းပြောရင် လူ ၆ ယောက်အတွက် မီးစက် ၃ လုံးတောင်လေ။ တကယ်တန်းတော့ အလကား ဖြုန်းတီးမှုတွေ ဖြစ်နေသလိုပဲ။ အင်တာနက်ဆိုင်တွေ များလာတာနဲ့အမျှ ငွေတွေ အချိန်တွေ ကုန်ဆုံးရတဲ့ အပြင် သဘာဝ ပတ်ဝန်ကျင်…More

အရင်အတိုင်းပဲ မြန်မာနိုင်ငံ

ဟိုးအရင်တုန်းက မြန်မာနိုင်ငံမှာ လူတွေဟာ လူရှေ့သူရှေ့ မရှောင် ဆေးလိပ်သောက်တာတွေ့ဘူးတယ်။ မကြိုက်တဲ့လူရှိရင် ပိုလို့တောင် သောက်သေး။ လူအများကြီးတွေရှိတဲ့နေရာ ၊ လူစု လူဝေးတွေ ရှိတဲ့ နေရာ ၊ ကလေးတွေ ရှိတဲ့ နေရာမျိုးတွေမှာ ဆေးလိပ်မသောက်သင့်ဘူးဗျ။ အခုတော့ အရင်ကလောက် မဆိုးတော့ဘူး။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ပုံစံကို PAC ဆိုင်တွေမှာ တွေ့ရတတ်တယ်။ ဘာလဲဆိုတော့ IDM တွေ သုံးတာပဲ။ ကျွန်တော်လည်း သုံးခဲ့ဘူးတယ်။ ဒါပေမယ့် အခုအချိန်မှာ မှားမှန်းသိသွားပြီ။ ကျွန်တော့် တစ်ယောက်တည်းအတွက် လူအများကြီး စတေးရတဲ့အလုပ်ပဲဗျ။ ကိုယ်ကျိုး ကြည့်တဲ့အလုပ်ပဲ။ IDM သုံးလိုက်ခြင်းအားဖြင့် ကိုယ့်မှာ connection တွေ အပြည့်နဲ့ download ချလိုက်ပေမယ့် အခြား စက်တွေကတော့ တော်တော်လေးကို…More

ပြင်ဖတ်ပေးပါ

Personal Computer Magazine 2009 May လထုတ် စာမျက်နှာ 148 မှာ Linux မှာ ဇော်ဂျီ အလုပ်မလုပ်ဘူးဆိုတာ စေတန်တို့တောင် ရေးလာပြီ။ ကို Linux Desktop တစ်ခုဖြစ်တဲ့ KDE မှာ ဇော်ဂျီ အလုပ်မလုပ်ဘူးဆိုတာ စေတန်တို့တောင် ရေးလာပြီ။ လို့ပြင်ဖတ်ပေးစေချင်ပါတယ်။ Gnome မှာ ဇော်ဂျီ အလုပ်လုပ်တယ်။ LXDE မှာလည်း အလုပ်လုပ်တယ်။ LXDE မှာ keyboard change ဖို့ ပြဿနာ နည်းနည်းရှိပေမယ့် အဆင်ပြေတယ်။ KDE မှာတော့ rendering ကြီးကို မဖြစ်မနေထည့်ထားတဲ့အတွက်ကြောင့် ကေ ဆိုရင် ကေ လို့ပြောင်းသွားတယ်…. KDE မှာ အလုပ်မလုပ်တာပါ။More

Today…

Babylon နဲ့ stardict အတွက် update တင်ထားတယ်.. www.ornagai.com/site/ မှာသွားယူနိုင်ပါတယ်… အခုတလော MZ ပြဿနာ ငြိမ်းတော့ အခြား ပြဿနာတွေ ရောက်လာတယ်… အော်… တစ်ခုတော့ သိလိုက်တယ်.. ဖြစ်ချိန်တန်တဲ့အခါ…. ဖြစ်သင့်တဲ့ အခါ…. အချိန်တွေ ဘယ်လိုဆွဲဆွဲ နောက်ဆုံးတော့ ဖြစ်လာတာပဲ…..More

မထူးဆန်းသော အကြောင်းအရာများ

မီးပျက်တယ်… ပျက်ချိန်မှာ  အချိန်မှန်ပျက်တယ်.. လာချိန်မှာလည်း ပျက်တယ်… အမြဲတန်းပျက်တယ်… ရုပ်ရှင်ကြည့်မရဘူး.. မီးစက် အမြဲဖွင့်နေရတယ်… ညဘက် အမှောင်ထဲနေရတယ်…. ညဆို အမြဲ ပူလောင် အိုက်စွာ အိပ်ရတယ်… အဲ… မနှစ်ကလည်း ဒီအတိုင်းပဲ… ဒီနှစ်လည်း ဒီအတိုင်းပါပဲ… မထူးပါဘူးလေ…More

ban and ban again

connection ကျနေချိန်မှာ bangan လိုင်းမှာ game , social network စတဲ့ site တော်တော်များများ ဘန်းလိုက်ပါတယ်။ ဆော့နေကျ ikariam.org လည်း ban ခံထိပြီ။ facebook.com လည်း ban ခံထိပြီ။  online ပေါ်တက်ရတာလည်း ၂၅ ရက်နေ့မတိုင်ခင်ထိ နှေးနေအုံးမှာ ဖြစ်တဲ့အတွက် gtalk , gmail ကို သာသုံးစွဲနေရပါတယ်။ Update : ည ၁၀ နာရီကျော်တော့ ်facebook ပြန်ဖွင့်ပေးပါတယ်။More

ဘာလုပ်သင့်လဲ

တစ်ခါတစ်လေ ဘာလုပ်ရမယ်.. ဘာလုပ်သင့်လဲ… ဘယ်အခြေအနေက အဆင်ပြေဆုံးဖြစ်မလဲ… ဘာတွေ ဆက်လုပ်ရမလဲ… ဘာတွေ လုပ်လိုက်ရင် ပိုဆိုးသွားမလဲ… ဘယ်သူ့ဘက်မှာ ရှိရမလဲ.. ရွေးရကျပ်တဲ့အခြေအနေတွေ…. လုပ်ရကိုင်ရခက်တဲ့ အခြေအနေတွေ… ရှုပ်ရှက်ခက်နေတဲ့ အခြေအနေတွေ… ဘယ်လို ထိန်းချုပ်ရမလဲ… တစ်ယောက်တစ်မျိုး အကြံပေါင်းစုံထဲက… တစ်ခုခုတော့ ထွက်လာမယ်လို့ မျှော်လင့်ပါတယ်..More

MZ နင့် MMEnglish ခဏပိတ်ထား

MZ နှင့် MMEnglish ကို ခဏပိတ်ထားပါတယ်။ Dos ကြောင့် database connection မရတော့သောကြောင့်ဖြစ်သည်။ မြန်မာ IP ပိတ်ပြီး ပြန်စမ်းဖွင့်သော အခါ ပြန်ရပါသည်။ သို့သော် ရေရှည်မခံ။ နာရီ ဝက်တွင် freedom IP နဲ့ ဝင်ရောက်လာခဲ့သောကြောင့် connection ပြတ်တောက်ရပြန်သည်။ ထို့ကြောင့် အချို့ချို့သော မြန်မာများကြောင့် ခဏပိတ်ထားပါသည်။ ပြန်ဖွင့်မည် အချိန်ကိုမူ မသိရသေး။ အဘယ့်ကြောင့်ဆိုသော် Grid Processing Unit သည် အလုံး ၁၀၀၀ သာ အသုံးပြုခွင့်ရှိသည်။ ယခု အလုံး ၇၇၁ အထိ ရောက်ရှိနေပြီ။ ၂ နာရီအတွင်း ၇၇၀ မှ ၇၇၁ သို့ကူးပြောင်းသွားသည်။ ထို့ကြောင့် ၁၀၀၀…More