Knowledgebase

  • Flash Player http://www.4shared.com/file/70814179/3231f3b2/Flash_Player.html Install သွင်းလိုက်ရုံပဲ, File assoication ပါ တစ်ခါတည်းရအောင် လုပ်ထားပေးတယ်။ တချို့တွေစက်ထဲမှာ firefox နဲ့ပဲ flash က ပွင့်တယ်ဆိုလို့ flashplayer CS 3 လေးကို package လုပ်လိုက်တာ။ Gtalk Smile http://www.4shared.com/file/70814635/5aa46c18/smile_orkutPicture.html Double Click လုပ်ပြီးသွင်းရုံပဲ။ ပြီးရင် Gtalk -> Setting -> Apperance မှာ Smile OrkutPicture ကိုရွေးပေးရုံပဲ။

  • ကျွန်တော်တို့တွေ အခု .deb package တစ်ခုဖန်တီးကြည့်ပါမယ်။ သိပ်မခက်ပါဘူး အရမ်းကို လွယ်ပါတယ်။ အခုတည်ဆောက်မှာကတော့ Wininnwa font package ပါ။ ကဲ… ကျွန်တော်တို့တွေ desktop မှာ Wininnwa ဆိုတဲ့ Folder အရင်ဆောက်ပါမယ်။ ပြီးရင် ကျွန်တော်တို့တွေ font ထည့်ရမယ်။ ပုံမှန်အားဖြင့် font တွေကို /usr/share/fonts/truetype/ အောက်မှာ ထည့်ကြတယ်။ Truetype font တွေအတွက်ပေါ့။

  • WordPress Related Posts — ဆက်စပ်ရာ post များကို ဖော်ပြရန် Akismet — Spam Comment များ ကာကွယ်ရန် Dagon Design Sitemap Generator — Blog အတွက် sitemap ထုတ်ပေးရန်

  • တချို့တွေအတွက်တော့ လိုချင်မှ လိုလိမ့်မယ်။ တချို့တွေအတွက်ကတော့ မရှိမဖြစ်ပေါ့။ ကျွန်တော့်အတွက်လည်း မရှိမဖြစ်ပဲ။ ကျွန်တော်အရင်တုန်းက Fantastico De Luxe ကနေပြီးတော့ wordpress ကို သွင်းဘူးတယ်။ အဲမှာ ရွာစပတ်တာပဲ။ မြန်မာလို ဘယ်လိုမှ ရိုက်လို့မရဘူး။ ??? တွေပဲပေါ်လာတယ်။ ဘာဖြစ်လို့ အဲလိုဖြစ်ရတာလဲဆိုတော့ mysql database မှာ Latin ဖြစ်နေတာပဲ။ တကယ်လို့ UTF-8 တာဆိုရင် code လေးနည်းနည်းပြင်စမ်းလိုက်ရင် ရအုံးမယ်။ ဒါပေမယ့် Table တစ်ခုခြင်းစီ Field တစ်ခုခြင်းစီ လိုက်ပြင်ဖို့ မလွယ်ဘူး။ ဒါနဲ့ နောက်ဆုံးမှာတော့ အစအဆုံး upload ပြန်တင်လိုက်ရတယ်။ တကယ်တန်း ကျွန်တော်တို့ one click install သွင်းလို့ရနေရဲ့သားနဲ့ upload တင်ရတာအလုပ်မဟုတ်ဘူးဗျာ။…

  • ကျွန်တော်တို့တွေ browser တွေမှာ အများအားဖြင့် bookmark လုပ်ပြီး အသုံးပြုကြတာများပါတယ်။ ဒါပေမယ့် ပြသနာက ကိုယ့် browser မဟုတ်ပဲနဲ့ အသုံးပြုတဲ့အခါမှာ ကိုယ်မှတ်ထားတဲ့ bookmark တွေမပါရှိတော့တာပဲ။ အဲဒီအခါမှာ Search Engine ကနေ ပြန်ရှာဖွေရတော့တာပဲ။ ဒါအတွက်ကြောင့် ကျွန်တော်တို့တွေဟာ Online ပေါ်မှာ bookmark လုပ်ဖို့လိုအပ်လာတာပေါ့။ အရင်တုန်းကလည်း browser မှာ RSS နဲ့ဖတ်နေပေမယ့် browser မရှိတဲ့အခါမှာ ပြသနာစတာပဲ။ ဒါကြောင့် ကျွန်တော်တို့တွေဟာ နောက်ပိုင်းမှာ google reader လိုမျိုး online rss reader တွေအသုံးပြုလာခဲ့ကြတယ်။

  • အင်တာနက်စသုံးကာစက image verify ဘာကြောင့်လုပ်ရတယ်ဆိုတာကို ကောင်းကောင်းနားမလည်ဘူး။ သူငယ်ချင်းတစ်ယောက်ဆိုရင် သူ့မျက်စိကောင်းမကောင်း စစ်တဲ့အနေနဲ့ ထည့်ထားတာလားလို့တောင် ကျွန်တော့်ကို မေးဘူးတယ်။ အခုတလော MZ မှာ ပြသနာတွေ ကြုံတော့မှ ကောင်းကောင်း နားလည်တော့တယ်။

  • ကျွန်တော် ၂ ရက်လောက်ရှိပြီ။ wordpress ကို edit လုပ်လို့မရတာ။ မအားတာနဲ့ google မှာတောင် မရှာဖြစ်ဘူး။ ဒီနေ့မှ google မှာ အချိန်ပေးပြီး ရှာလိုက်တော့ တွေ့ပါပြီဗျာ။ ကျွန်တော် FTP ထဲဝင်ပြီးတော့ wp-admin ဆိုတဲ့ folder ထဲမှာ .htaccess file တစ်ခုကို create လုပ်လိုက်တယ်။ အဲဒီအထဲမှာတော့ <IfModule mod_security.c> SecFilterInheritance Off </IfModule> ဆိုပြီး ရေးထည့်လိုက်တော့ အိုကေသွားပါတယ်ဗျာ။

  • 1. Gmail ကို login ဝင်လိုက်ပါ။ 2. Search box ထဲမှာ label:unread ကို ရိုက်ထည့်ပြီး ရှာလိုက်ပါ။