Knowledgebase
-
အင်တာနက်စသုံးကာစက image verify ဘာကြောင့်လုပ်ရတယ်ဆိုတာကို ကောင်းကောင်းနားမလည်ဘူး။ သူငယ်ချင်းတစ်ယောက်ဆိုရင် သူ့မျက်စိကောင်းမကောင်း စစ်တဲ့အနေနဲ့ ထည့်ထားတာလားလို့တောင် ကျွန်တော့်ကို မေးဘူးတယ်။ အခုတလော MZ မှာ ပြသနာတွေ ကြုံတော့မှ ကောင်းကောင်း နားလည်တော့တယ်။
-
ကျွန်တော် ၂ ရက်လောက်ရှိပြီ။ wordpress ကို edit လုပ်လို့မရတာ။ မအားတာနဲ့ google မှာတောင် မရှာဖြစ်ဘူး။ ဒီနေ့မှ google မှာ အချိန်ပေးပြီး ရှာလိုက်တော့ တွေ့ပါပြီဗျာ။ ကျွန်တော် FTP ထဲဝင်ပြီးတော့ wp-admin ဆိုတဲ့ folder ထဲမှာ .htaccess file တစ်ခုကို create လုပ်လိုက်တယ်။ အဲဒီအထဲမှာတော့ <IfModule mod_security.c> SecFilterInheritance Off </IfModule> ဆိုပြီး ရေးထည့်လိုက်တော့ အိုကေသွားပါတယ်ဗျာ။
-
1. Gmail ကို login ဝင်လိုက်ပါ။ 2. Search box ထဲမှာ label:unread ကို ရိုက်ထည့်ပြီး ရှာလိုက်ပါ။
-
ကျွန်တော် ပြီးခဲ့တဲ့ post က လုပ်ခဲ့သလို လုပ်ထားတာကတော့ taggify အကူအညီနဲ့ပါ။ သူက ဘာတွေ လုပ်ပေးလဲဆိုတော့ ကိုယ့် website မှာ ပုံတွေပါခဲ့ရင် အဲဒီ ပုံလေးတွေကို တစ်ခါတည်း ပြုပြင်သွားပေးပါတယ်။ သူ့ site မှာ သွားပြင်စရာမလိုပဲ ကိုယ့် site မှာ ပြင်လိုက်ရုံပဲပေါ့။ taggify ကိုသုံးမယ်ဆိုရင် လုပ်ရမယ့်အဆင့်တွေက
-
Emerlad ဆိုတာကတော့ Ubuntu ကိုလှပစွာ တန်ဆာဆင်ပေးတဲ့ Windows Decoration တစ်ခုပါ။ လှပတဲ့ windows ဘောင်လေးတွေ အကြည်ဖောက်လေးတွေ မြင်ရဖို့အတွက်ဆိုရင်တော့ emerald ကိုအသုံးပြုရမှာပါ။ Emerald ကို အသုံးပြုရန်အတွက် အရင်ဆုံး compiz config setting ကိုသွင်းထားရမှာပါ။ terminal တွင် $sudo apt-get install compiz-fusion-* compizconfig-settings-manager $sudo apt-get install emerald emerald-themes လို့ရိုက်လိုက်ပါ။ ပြီးလျှင် System > Preference > Advanced Desktop Effect Settings ကိုသွားလိုက်ပါ။ Filter မှာ Window Decoration ကိုထည့်လိုက်ပါ။ အဲဒီအခါမှာ Window Decoration တက်လာပါမယ်။…
-
ရေးတောင်မရေးရသေးဘူး။ ခေါင်းစဉ်ယူထားတာတောင် comment တွေက တက်လာပြီ။ google chrome ကိုတော်တော်များများ စမ်းပြီးပြီ ထင်ပါ့။ ကဲ… အခုမှ ကျွန်တော် ဘာလို့ မကြိုက်ရတာလဲဆိုတာလေးကို ရေးပါတော့မယ်။ ရေးတာ ရေးရမှာ သူများတွေ comment မှာလာထည့်သွားပြီ။ ဒန်….တန်…တန်…… လိုက်ကာဖွင့်စေ… ( ကိုပီဇီ ဇာတ်ဆရာ အထာတွေ :P )
-
Egress က စာသင်ချိန်မှာ ပြောပြခဲ့တဲ့ဟာလေးကို နည်းနည်းလေး ပြင်ထားလိုက်တာပါ။ virus ဆိုတာဘာလဲ။ ဘယ်လိုအလုပ်လုပ်လဲဆိုတာကိုပေါ့။ power point file လေးပါ။ http://www.4shared.com/file/61470954/6d981593/About_Virus.html
-
အရင်ကတော့ ကျွန်တော် computer journal မှာ မြန်မာလိုဖတ်ဘူးတယ်။ ကျွန်တော် linux အပေါ် ပထမအကြိမ် ခြေချခြင်းလို့ဆိုရမယ်။ အဲဒီ ဆောင်းပါးလေးကနေ တဆင့် ကျွန်တော် ကိုယ်တိုင် စမ်းသပ်လေ့လာရင်း red hat ကို စတင်ခဲ့ပါတယ်။ အခု အဲဒါ ဆောင်းပါး အကုန်လုံးပေါင်းထားတာလေးရပြီဗျ။ ဘယ်သူရေးထားတာလဲတော့ မသိဘူး။ ကိုကိုရဲ ဆီက ရတာနဲ့ အကုန်လုံးကို မျှဝေလိုက်ပါတယ်။ ကျွန်တော့်အတွက် ပထမဆုံး Linux ကိုလေ့လာဖြစ်ခဲ့တဲ့ လစဉ်ဆောင်းပါး (အခုတော့ စာအုပ်ပေါ့) ကို Linux ကိုလေ့လာလိုသူတွေ ဖတ်နိုင်ဖို့ အတွက် Download Here
