nothing
-
ကျွန်တော့် laptop ကို Apirl 30 ကမှ ဝယ်ထားတာ။ လွန်ခဲ့တဲ့ နှစ်ရက်က laptop ရဲ့ LCD အဖွင့်အပိတ်လုပ်တဲ့နေရာ အံချော်သွားတာလား ၊ ဟသွားတာလား မသိဘူး။ ကောင်းကောင်း ပြန်ပိတ်လို့မရတော့ဘူး။ ဒါနဲ့ ဝယ်ထားတဲ့ Lucy Bird ဆိုင် မှာသွားပြတယ်။ ဝန်ထမ်းတွေကတော့ ချိုချိုသာသာပါပဲ။ ကျွန်တော်လည်း ၁ နှစ်တောင် မပြောနဲ့ ၃ လပဲရှိသေးတော့ ဒီ hardware လည်းမဟုတ် software လည်းမဟုတ် အပြင်ဘက် အကာလေး နည်းနည်းလေး ဟ သွားတယ်လို့ပဲ ထင်တယ်။ သွားပြတော့ ချက်ခြင်းပဲ ကြည့်ပေးမယ်ဆိုပြီး ယူသွားတယ်။ စောင့်တော့ စောင့်လိုက်ရတာပေါ့။
-
အစကတော့ drupal ကို သုံးဖြစ်တယ်။ wordpress 2.0 ကနေ ကျွန်တော် drupal ကိုပြောင်းခဲ့ပါတယ်။ နောက်တော့ 2.5 ထွက်လာတော့ drupal ကို မကြိုက်တော့ဘူး။ wordpress 2.5 ကို သဘောကျသွားတယ်။ ပိုလည်း မိုက်လာတာကို။ ဒါပေမယ့် စိတ်လျော့ပြီး drupal ကို Update လုပ်ပြီး သုံးတယ်။ ကြာလာတော့ မသုံးချင်လာတော့ဘူး။ ဒါနဲ့ပဲ wordpress 2.5 ကိုပြန်ပြောင်းခဲ့ပါတယ်။ ဒီ website အကူအညီနဲ့ ပြောင်းခဲ့တာပါ။ ကျွန်တော် wordpress 2.0 ကိုပြန် download ချရတယ်။ drupal ရဲ့ database ကို download ချရပါတယ်။ ပြီးတော့ offline မှာပဲ drupal…
-
ကျွန်တော်တို့ အင်တာနက် ဆိုင်မှာ gtalk တွေ သုံးတတ်ပါတယ်။ အဲဒီအခါမှာ ဘာဖြစ်လည်းဆိုတော့ ကိုယ့် account ကျန်ခဲ့တတ်ပါတယ်။ login ဝင်ပြီး ထွက်လိုက်တယ်။ remember password လည်းမလုပ်ထားဘူး။ ဒါတောင် username အမြဲကျန်ခဲ့ပါတယ်။ ဟုတ်တယ်ဗျ။ gtalk က ထွက်လိုက်ရင် username လေးကတော့ အဆင်သင့်ကျန်ခဲ့တယ်။ အဲဒီအခါ တစ်ခြားတစ်ယောက် ဝင်ပြီး အဲဒီ username ကို add လိုက်နိုင်ပါတယ်။ ဒါဟာ privacy ချိုးဖောက်မှုတစ်ခုပါ။ အဲဒါကိုလည်း gtalk က ဖြေရှင်းပေးသင့်တယ်။ သူကတော့ လွယ်အောင် လုပ်ထားပေမယ့် cyber cafe မှာသုံးတဲ့သူတွေအတွက် privacy ကျဆင်းတာပဲ။
-
အရင်တုန်းကတော့ Dolby Sound Room ဆိုတာ ရုပ်ရှင်ရုံထဲကလိုပဲပေါ့… မြန်မာနိုင်ငံက ရုပ်ရှင်ရုံတွေကလည်း အသံပိုင်းကောင်းပါတယ်.. ဒါပေမယ့် ကျွန်တော့်အတွက် မထူးသလိုပဲ… Dolby Sound Room ဆိုတာ ကျွန်တော်က အသံပိုင်းနည်းနည်းကောင်းလာမယ်… နောက်ပြီး Surround Speakers နဲ့မှ ကောင်းမယ်… သိပ်မပြီး မထူးခြားတဲ့ အရာလို့ထင်မှတ်ထားခဲ့တယ်…. ကျွန်တော်က အသံပိုင်းဆိုင်ရာမသိတာကြောင့်လည်း ပါမှာပေါ့.. သီချင်းနားထောင်ရုံလောက်ပဲလေ… အခုတော့ laptop မှာပါလာတဲ့ Dolby Sound Room ဆိုတာက နားထောင်မိလိုက်တော့ အံ့သြမှင်သက်မိသွားတယ်… ကျွန်တော် နားကြပ်နဲ့ နားထောင်နေကြပေမယ့် အခုတော့ နားကြပ်နဲ့တောင် သီချင်းနားမထောင်ချင်တော့ဘူး… တော်တော်ကောင်းတယ်ဗျ… ဘယ်လိုရှင်းပြရမလဲတော့မသိဘူး… Dolby Sound Room ဆိုတဲ့အတိုင်း ကျွန်တော့် နား နားမှာ speaker…
-
လူကလည်း မအားကို မအားနိုင်ဘူး…. nargis ကြောင့် အလုပ်တွေ ပိကုန်တယ်… မီးလာလို့တော်သေး… ပြသနာတွေပေါင်းစုံလည်း ရှင်းရ… ubutnu ဘက်တောင် ပြန်မလှည့်နိုင်တော့ဘူး… အခုလည်း nargis အတွက် ဘာမှ မလုပ်ပေးနိုင်ဘူး… www.nargisaction.org ဆိုပြီး Nargis Action Gorup အတွက်တော့ ကူညီပေးနေတယ်… အလုပ်တွေ မအားတာတော့ မပြောတော့ပါဘူး… ကိုမင်းကျော်ကူညီလို့တော်သေးတယ်.. နောက်မို့ဆို ကျွန်တော့် blog တောင် ပြန်ရမှာမဟုတ်ဘူး.. ကဲ… နောက်မှပဲ ဆက်ရေးတော့မယ်.. လုပ်စရာတွေ ပုံနေလို့.. PS : မီးတော့လာပါတယ်… သို့သော်လည်းပဲ ပလက်ပေါက်မဖြုတ်ထားမိ UPS က ပျက်ခြင်းကြောင့် မီးအား ဆောင့်တက်မှုဖြစ်ပြီး Computer ပျက်သွားရပါတယ်…
-
Joomla! ကို တတ်ချင်ရင်တော့ ကိုယ်တင်လေ့လာလရင်ဖြစ်ပါတယ်… စာအုပ်တွေကိုတော့ http://www.mmopenlibrary.com/?s=Joomla အဲမှာရယူနိုင်ပါတယ်… တကယ်လို့ သင်တန်းပဲတက်ချင်ရင်တော့ မြို့ထဲ ၃၉ လမ်း ( မဟာဗန္ဓုလလမ်း နဲ့ ကုန်သည်လမ်းကြား ) က M2 Computer Center မှာ သင်လို့ရပါတယ်။ ဖုန်းနံပါတ်ကတော့ 0951-20492 ကိုဆက်သွယ်နိုင်ပါတယ်… PS: Blog တွင် ကြော်ငြာများလက်ခံပါသည် =P
-
ပျော်လိုက်တာ သြင်္ကန်ပြီးပြီ… မီးက ၂ ရက်တော့ ၁၄ နာရီ လာတာ တော်သေးတာပေါ့… သြင်္ကန်ကိုတော့ စိတ်မဝင်စားတာ ကြာလှပေါ့… ဟိုတစ်ခေါက်က မျက်မမြင်ကျောင်းသွားတော့ ကောင်လေးတစ်ယောက်က သြင်္ကန်လည်ရင်း မီးသတ်ပိုက်နဲ့ ထိုးလို့ မျက်စိကန်းသွားတာတွေ့ခဲ့ရတယ်… ပျော်တာတော့ ပျော်ပေါ့… မကဲနဲ့ပေါ့.. စည်းကမ်းလည်း ရှိသင့်တယ်လေ…. မင်္ဂလာ နှစ်သစ် မှာ အားလုံး ပျော်ရွှင်ကြပါစေဗျာ…