nothing

  • MZ နဲ့ပတ်သက်ပြီး ပြောဖို့ ကျန်ခဲ့တာလေးတွေပါ။ Edu ကိစ္စပေါ်ပေါက်လာပုံ။ MZ စတင်ကာစက ကိုပီဇီ နဲ့ ကျွန်တော် moodle ကို ပူးပေါင်း အကောင်အထည် ဖော်ဖို့ကြိုးစားခဲ့ပါတယ်။ အဲဒီ အချိန်က MZ က အခုလိုမျိုးမဟုတ်ပါဘူး။ လူလည်း နည်းပါးနေပါတယ်။ ကို DBA ပြောတဲ့ အချိန်မှ MZ စတင်ကာလကို ကျွန်တော်တို့တွေ ပြန်လည် သတိရလာမိပါတယ်။ ဒါကြောင့် ကို DBA ကို ကျေးဇူးတင်ပါတယ်။ Edu ကိစ္စမှာ ကို DBA နာမည် ဂျာနယ်မှာ မပါခဲ့တာ ကျွန်တော်တို့ နှစ်ယောက် မေ့လျော့မှုပါ။ အခုလို ထောက်ပြတဲ့ အတွက် ကျွန်တော်တို့အတွက် အကျိုးကျေးဇူးရှိပါတယ်။ ကျွန်တော်သီးသန့် MZ edu…

  • တနေကုန်လုံး မူးနောက်သွားတာပဲ။ MZwiki မှာ မူရင်း wikipedia လို infobox လေးရဖို့ ဖတ်လိုက်ရတဲ့စာတွေ မနည်းဘူးပဲ။ အဓိကတော့ မူရင်း code ကို နားလည်အောင် မနည်းဖတ်ရတယ်။ မူရင်း code ကြီးက တကယ့်ကို structure ကျလွန်းတယ်။ နောက်ပြီး တော်ရုံတန်ရုံကူးလို့မရအောင် လုပ်ထားတယ်။ မနည်းနားလည်အောင် ဖတ်ရတယ်။ သူ့အတိုင်း တိုက်ရိုက်ကူးရင်မရဘူးဗျ။ Mediawiki မှာသုံးတဲ့ parser တွေကို သေသေချာချာ ဖတ်ရတယ်။ နောက်ပြီး စမ်းပြီးလုပ်ရတယ်။ အခုတော့ တော်တော် အဆင်ချောလာပြီ။ မူရင်းလောက်မတူရင်တောင် မူရင်းလောက်နီးပါး ကောင်းအောင် ပြုပြင်ဖြည့်စွက်ထားတယ်။ ကိုယ်ပိုင် template တွေ သေသေချာချာ ဆွဲရတယ်။ code တွေကို လိုက်ဖတ်လေလေ မူရင်းလုပ်ထားတဲ့လူတွေကို သဘောကျလေလေပဲ။…

  • ကျွန်တော်တို့တွေ အများအားဖြင့် database transfer လုပ်ရင် UTF-8 မပြောင်းတာ အမြဲ ပြသနာဖြစ်တယ်ဗျ။ကျွန်တော်တို့တွေ အစအဆုံး ပြန်ပြန်တင်နေရတာတွေ ကြုံတတ်တယ်။ အဲဒီအတွက် ကျွန်တော် sahana project လုပ်တုန်းက ရေးထားတဲ့ db_setup.php လေးက တော့ ကိုယ့် database တစ်ခုလုံး ရှိတဲ့ field တွေအပါအဝင် UTF-8 ပြောင်းပေးအောင်ရေးထားပါတယ်။အဲဒီ file လေးကို download ချပြီး notepad နဲ့ဖြစ်ဖြစ် wordpad နဲ့ဖြစ်ဖြစ် ဖွင့်ပြီး $db_name=’sahana’;$host=”localhost”;$username=”root”;$pwd=””; အဲဒီနေရာတွေမှာ ကိုယ့် database နဲ့ဆိုင်ရာတွေ ဖြည့်ပြီး db_setup.php ကို run လိုက်ရင် အားလုံးအဆင်ပြေသွားမှာပါ။ မြန်မာတွေအတွက် database transfer လုပ်ပြီးတဲ့အခါ အသုံးဝင်နိုင်လို့ ဖြန့်ဝေလိုက်ပါတယ်။

  • ကျွန်တော်တို့တွေဆီမှာ Google account တစ်ခုမက ရှိကြပါတယ်။ Gmail စစ်ရင် ပြသနာ အမြဲဖြစ်တယ်။ account တစ်ခုကနေ တစ်ခုပြောင်းရတာ ပြသနာပဲဗျ။ အခုတော့ ကျွန်တော်က firefox addon လေး သုံးလိုက်တော့ အဆင်ပြေသွားပါတယ်ဗျာ။ ကျွန်တော် သုံးတဲ့ add on ကတော့ Gmail Manager လို့ခေါ်တဲ့ add on လေးပါပဲ။ Google account တွေ တစ်ခု မကထည့်လို့ရတယ်။ နောက်ပြီး account အားလုံးရဲ့ email အဝင်ကို ကြည့်လို့ရတယ်။ ကိုယ်ပြောင်းချင်တဲ့ account လေးကို နှိပ်လိုက်ရုံပါပဲ။ ကျွန်တော့် အတွက်တော့ တော်တော်လေးကို အဆင်ပြေတာပဲဗျာ။

  • ကျွန်တော့် laptop လေးပြန်ရောက်လာပါပြီ။ အခုမှပဲ နေရထိုင်ရ သက်သာတော့တယ်။ Ubuntu ပြန်သုံးရလို့လေ။ ဒီနေ့မရလည်း ထားလိုက်တော့ သွားယူလိုက်တော့မယ်လို့ စဉ်းစားထားတာ။ ဖုန်းဆက်လို့သွားယူတော့ “singapore က ပစ္စည်းမှာရမယ်ဆို” “ကျွန်တော်တို့တွေ ပြန်ကပ်လိုက်တယ်ဗျ။ ဖြည်းဖြည်း ဖွင့်ပိတ်ရင်တော့ ရတယ်” “အော်… ဒါဆို ယူသွားလို့ရပြီပေါ့” “ပစ္စည်းစစ်ပြီးရင် ယူသွားလို့ရပါပြီ” “Service ခ ဘယ်လောက်ကျလဲမသိဘူး” “ရပါတယ်… ပေးစရာမလိုပါဘူး” မည်သို့ပင်ဖြစ်စေ…. အခုတော့ သုံးလို့ရနေပြီ… သို့သော်…laptop ကတော့ LCD ပြန်မပိတ်ရဲချေ…

  • ကျွန်တော့် laptop ကို Apirl 30 ကမှ ဝယ်ထားတာ။ လွန်ခဲ့တဲ့ နှစ်ရက်က laptop ရဲ့ LCD အဖွင့်အပိတ်လုပ်တဲ့နေရာ အံချော်သွားတာလား ၊ ဟသွားတာလား မသိဘူး။ ကောင်းကောင်း ပြန်ပိတ်လို့မရတော့ဘူး။ ဒါနဲ့ ဝယ်ထားတဲ့ Lucy Bird ဆိုင် မှာသွားပြတယ်။ ဝန်ထမ်းတွေကတော့ ချိုချိုသာသာပါပဲ။ ကျွန်တော်လည်း ၁ နှစ်တောင် မပြောနဲ့ ၃ လပဲရှိသေးတော့ ဒီ hardware လည်းမဟုတ် software လည်းမဟုတ် အပြင်ဘက် အကာလေး နည်းနည်းလေး ဟ သွားတယ်လို့ပဲ ထင်တယ်။ သွားပြတော့ ချက်ခြင်းပဲ ကြည့်ပေးမယ်ဆိုပြီး ယူသွားတယ်။ စောင့်တော့ စောင့်လိုက်ရတာပေါ့။

  • အစကတော့ drupal ကို သုံးဖြစ်တယ်။ wordpress 2.0 ကနေ ကျွန်တော် drupal ကိုပြောင်းခဲ့ပါတယ်။ နောက်တော့ 2.5 ထွက်လာတော့ drupal ကို မကြိုက်တော့ဘူး။ wordpress 2.5 ကို သဘောကျသွားတယ်။ ပိုလည်း မိုက်လာတာကို။ ဒါပေမယ့် စိတ်လျော့ပြီး drupal ကို Update လုပ်ပြီး သုံးတယ်။ ကြာလာတော့ မသုံးချင်လာတော့ဘူး။ ဒါနဲ့ပဲ wordpress 2.5 ကိုပြန်ပြောင်းခဲ့ပါတယ်။ ဒီ website အကူအညီနဲ့ ပြောင်းခဲ့တာပါ။ ကျွန်တော် wordpress 2.0 ကိုပြန် download ချရတယ်။ drupal ရဲ့ database ကို download ချရပါတယ်။ ပြီးတော့ offline မှာပဲ drupal…

  • ကျွန်တော်တို့ အင်တာနက် ဆိုင်မှာ gtalk တွေ သုံးတတ်ပါတယ်။ အဲဒီအခါမှာ ဘာဖြစ်လည်းဆိုတော့ ကိုယ့် account ကျန်ခဲ့တတ်ပါတယ်။ login ဝင်ပြီး ထွက်လိုက်တယ်။ remember password လည်းမလုပ်ထားဘူး။ ဒါတောင် username အမြဲကျန်ခဲ့ပါတယ်။ ဟုတ်တယ်ဗျ။ gtalk က ထွက်လိုက်ရင် username လေးကတော့ အဆင်သင့်ကျန်ခဲ့တယ်။ အဲဒီအခါ တစ်ခြားတစ်ယောက် ဝင်ပြီး အဲဒီ username ကို add လိုက်နိုင်ပါတယ်။ ဒါဟာ privacy ချိုးဖောက်မှုတစ်ခုပါ။ အဲဒါကိုလည်း gtalk က ဖြေရှင်းပေးသင့်တယ်။ သူကတော့ လွယ်အောင် လုပ်ထားပေမယ့် cyber cafe မှာသုံးတဲ့သူတွေအတွက် privacy ကျဆင်းတာပဲ။