nothing
-
စမ်းကြည့်ပါ။ အခုထိတော့ စာလုံးအပြည့်အစုံမဟုတ်သေးဘူး။ ဒါပေမယ့် တော်တော်လေးကို ကောင်းမွန်ပြီး မြန်ဆန်တာကိုတွေ့နိုင်ပါတယ်။ မာ့ခ်ရဲ့ အစွမ်းတစ်ခုပါပဲ။ http://em1.mmdictionary.net/lookup.htm
-
Empire တစ်ခု ထူထောင်ဖို့ဆိုတာ မလွယ်ဘူးဆိုတာကို တကယ်နားလည်လာစေနိုင်တဲ့ game ပါ။ Empire ကြီးတစ်ခု မဖြစ်ခင် ကိုယ့်နိုင်ငံကို အင်းအားတောင့်တင်းပြီး ကာကွယ်ဖို့ကလည်း လိုတယ်။ ဒီ game ကစားရင်တော့ တစ်ယောက်နဲ့ တစ်ယောက် idea မတူလောက်ပါဘူး။ ကျွန်တော်ကတော့ အရင်ဆုံး အင်အားတောင့်တင်းလာအောင် လုပ်။ ပြီးရင် နယ်မြေအသစ်ရှာ။ အိမ်နီးချင်းတွေနဲ့ ငြိမ်းချမ်းရေးယူထား။ အိမ်နီးချင်းဆိုပေမယ့် တကယ်ယုံလို့ရတာမှ မဟုတ်တာ။ ပထမပွဲက ငြိမ်းချမ်းရေးယူထားတယ်ဆိုပြီး အေးအေးဆေးဆေး စီးပွားရေး တက်အောင်ပဲ လုပ်နေတာ။ စစ်အင်အားကို ထားကို မထားတာ။ အဲမှာ ဟိုဘက်အိမ်နီးချင်းကလည်း သူတို့ အင်အားတောင့်သွားတော့ စစ်ကြေငြာပြီးတိုက် ဒီဘက်ကလည်း တိုက်။ ကြားမှ ညှပ်လိုက်တော့ လုံးဝက မတောင့်ခံနိုင်လိုက်ဘူး။ နောက်တစ်ခေါက်ကတော့ အဲလိုမရတော့ဘူး။ ကိုယ်တိုင်…
-
ကျွန်တော် အရင်က မြန်မာ့ IT ဘူရောပြည် မှာ ဘီးကိစ္စပြောခဲ့ဘူးတယ်။ mmgeek က aTxIvG4001 (မာ့ခ်)နဲ့ Technical 7 က ကိုမင်းကျော်တို့ဟာ တကယ်လေးစားဖို့ ကောင်းတဲ့လူတွေပဲဗျာ။ ကိုယ့် project တွေရှိလျက်နဲ့ အခြားက Project တွေကို ကူညီပေးနေတာ။ အထူးသဖြင့် မာ့ခ်ပေါ့။ သူ့လုပ်လက်စ Project ကြီးကို ခဏလောက်ရပ်ပြီး MZ က dictionary project ကြီးကို တောက်လျှောက်ကူသွားပေးတယ်ဗျာ။ မယုံနိုင်လောက်အောင်ပဲ။ ကျွန်တော်လည်း ပညာတွေ အရမ်းရသွားတယ်။ mmgeek အနေနဲ့ မာ့ခ် ရဲ့ လုပ်နိုင်စွမ်းနဲ့ သူတို့ကိုယ်တိုင် dictionary လုပ်ရင် အခုလောက်ဆို ပြီးနေလောက်ပြီ။ ဒါပေမယ့် သူတို့ မလုပ်ဘူး။ MZ ကို…
-
တခြား မြန်မာတွေတော့ မသိဘူး။ ကျွန်တော်ကတော့ ကိုယ့်မြန်မာကို ကိုယ်စိတ်ကုန်နေတာ အမှန်ပဲ။ မြန်မာပြည်ကိုလည်း စိတ်ကုန်တယ်။ မြန်မာတွေကိုလည်း စိတ်ကုန်တယ်။ ဒါပေမယ့်လည်း မခွဲရက်ဘူး။ အခုထက်ထိ ကိုယ့်မြေကို မခွဲရက်သေးဘူး။ စလုံးက အဒေါ်က လာခဲ့လို့ခေါ်တော့လည်း မသွားချင်ဘူး။ တကယ်ကိုမသွားချင်တာ။ သူငယ်ချင်းတွေက သွားဖို့ ပြောတော့လည်း မသွားချင်ဘူး။ နိုင်ငံခြားထွက်ဖို့ ကိစ္စကို ကြားတိုင်း ကျောင်းက ဂျုနီယာ တစ်ယောက်ပြောတာကို သတိရမိတယ်။ အစ်ကိုနဲ့ နေရာချင်းသာ လဲလိုက်ချင်တယ်တဲ့။ အခုချိန်ထိ ကိုယ့်နိုင်ငံကနေ ထွက်ပြီး တခြားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ စိတ်မကူးဘူး။ တိုင်းပြည်ကိုတော့ ချစ်ပါတယ်။ ဒါပေမယ့်လည်း စိတ်ကုန်တယ်။ လူမျိုးကိုတော့ ချစ်ပါတယ်။ ဒါပေမယ့်လည်း "အော်.. မြန်မာပဲလေ…" ဆိုပြီး ဖြေသိမ့်ရတာပဲ။ တခြားလူတွေကို မပြောပါဘူး။ ကိုယ့်ကိုယ်တောင်…
-
အခုနောက်ပိုင်း Game က DVD တွေပဲ ဝင်လာတော့တယ်။ အရင်က Game အခွေကိုသာ ဝယ်တာ အိမ်ရောက်ရင် စက်နဲ့မကိုက်။ DVD ခွေဖိုး အလကားဖြစ်။ ဆော့လို့ရလည်း game က ကစားလို့ မကောင်း။ အဲလိုတွေ အခုတော့ မဖြစ်တော့ဘူး။ ဘာ အခွေဝယ်မလဲဆိုတာကို မဝယ်ခင် gamespot မှာ ကြည့်လိုက်တယ်။ အဲဒီမှာ rating ကောင်းရင်တော့ game ကတော့ ဆော့လို့ကောင်းဖို့ များတယ်။ ပြီးရင် wikipedia မှာ ရှာလိုက်တယ်။ wikipedia က system requirement က gamespot ထက်ပိုတိကျလို့။ hard disk requirement ပါ ပါတယ်လေ။ ကျွန်တော်က game အတွက်…
-
TMNT ဆိုတဲ့ လိပ်နင်ဂျာ Game ဆော့ဘူးကြလားဗျ။ Ubisoft က ထုတ်တာဆိုတော့ ဝယ်ခဲ့လိုက်တယ်။ Ubisoft က Prince Of Persia ကို ထုတ်တာလေ။ အဲဒါကတော့ အရမ်းမိုက်တယ်။ ကျွန်တော့်အကြိုက်ဆုံး Game Series တစ်ခုပဲ။ Game တွေကလည်း မကစားတာ ကြာပေါ့ ( စက်က requirement နိမ့်နေလို့ ) ။ TMNT ကတော့ requirement က နည်းတယ်။ Game rating က 12+ ဆိုတော့ အရမ်းလည်းလွယ်ပါ့။ Prince Of Persia က အကွက်တော်တော်များများကို ပြန်ထည့်ထားတယ်ဗျ။ လိပ်နင်ဂျာက လိပ်နဲ့မတူဘူး။ မျောက် အတိုင်းပဲ။ စကစားတာနဲ့ ခုန်ပေါက်နေရတာ။…
-
သူခိုးတစ်ယောက်အတွက် ပစ္စည်းကောင်းခိုးလို့ရတဲ့ရက်ဟာ ရက်ရာဇာဆိုရင် အဲဒီရက်မှာ ခိုးခံရတဲ့သူအတွက်ကတော့ ပြဿဒါးပဲ အဲဒီရက်ဟာ ပြဿဒါးလား ရက်ရာဇာလား ? သူငယ်ချင်းပြောတဲ့စကားလေးကို သဘောကျလို့ ရေးလိုက်တာပါ။
-
http://rapidshare.com/files/85991750/1059IMTDOWMA5126.rar http://www.megaupload.com/?d=6JWP0GON ကျွန်တော်တောင် မ down ရသေးဘူး။ :P
