nothing

  • ကျွန်တော် http://saturngod.mysteryzillion.com မှာ ရေးခဲ့တာ blogspot တွေ ပိတ်ကတည်းကပေါ့။ ဒါပေမယ့် လူတွေက saturngod.blogspot.com ကို သွားပြီး cbox ထဲမှာ မေးကြတာတွေ comment ပေးကြတာတွေကို ကျွန်တော် လုံးဝကို သိမှာ မဟုတ်ပါဘူး။ အဲဒီ cbox ကို မသုံးတာလည်း တော်တော်လေးကို ကြာလှပါပြီ။ အဲဒီမှာ comment ကို ဝင်ရေးပြီး မေးထားတာတွေကိုလည်း ကျွန်တော် သိမှာမဟုတ်ပါဘူး။ အဲလိုဖြစ်မှာဆိုးလို့ ကျွန်တော် blogspot မှာလည်း ကြော်ငြာခဲ့ပါတယ်ဗျာ။ ဒါပေမယ့် ထူးဆန်းတာက ကျွန်တော် Google Analytics နဲ့ကြည့်လိုက်တော့ တစ်နေ့ကို အယောက် ၈၀ ရှိနေတယ်။ ပုံမှန် အဲဒီ ပတ်ဝန်းကျင်ပဲ။ ယုံတောင် မယုံရဘူးနော်။ ဘာဖြစ်လို့မှန်းကို…

  • ကျွန်တော်တို့ မြန်မာတွေကလည်း မြန်မာပဲ။ ပိုက်ဆံပေးမှ ဟုတ်တယ်ထင်တယ်ဗျာ။ ဒါကြောင့်လည်း ခံရတာပါ။ Service ဆိုလည်း ဒီလိုပဲ။ ဆိုင်တွေကလည်း မရိပ်ပဲ ဈေးနှုန်းချိုသာရင် မကောင်းဘူးလို့ သာမာန် user တွေက ထင်တတ်ကြတာဆိုးတယ်ဗျာ။ ဈေးကြီးကြီး ပေးပြင်ရမှာ ဟုတ်တယ်ထင်တော့ ခက်တယ်။ Computer ဝယ်ရင်လည်း အပြင်ပန်းလေး ကြည့်ပြီး ကောင်းတယ် မကောင်းတယ်ထင်ကြတယ်။ အဲ… ဘယ်ကနေ ဘယ်လိုလပ် P5 တွေ P6 တွေ ထွက်လာလည်း မသိ။ သူ့စက်က P5 တဲ့ ။ ကျွန်တော့်ကို အဲလိုပြောတဲ့သူတောင် ရှိပါ့။ ဆိုင်ကတော့ ဘယ်လိုရောင်းလိုက်လဲမသိပါဘူးဗျာ။ ဆိုင်တွေက Dual Core တွေကို P5 တဲ့။ Core 2 Dual…

  • ကျွန်တော်တို့တွေ မြန်မာလိုရိုက်တဲ့အခါမှာ အချို့တွေကလည်း ကျွန်တော် အခုရေးသလို စာလေးတွေကြားမှာ Space လေးတွေနဲ့ ရေးတာရှိသလို တောက်လျှောက် Space မပါပဲ ရေးသွားတာတွေလည်း ရှိတယ်။ ကျွန်တော်ကတော့ Space လေးခြားခြားပြီး ရေးတာ အကျင့်ဖြစ်နေပြီ။ Space က မခြားတတ်ရင်လည်း ကိစ္စမရှိပါဘူး။ ကြိုးစားပြီး ရေးကြည့်ပါလား။ စကားပြောရင် နားနားပြီး ဖြတ်ဖြတ်ပြောသလို စာရိုက်ရင်လည်း ဖြတ်ဖြတ်ပြီး Space လေးတွေ ထည့်သွားလိုက်လေ။ ဘာကြောင့် ထည့်သင့်လဲဆိုရင်တော့ တစ်ကြောင်း ဆင်းလွယ်အောင်ပေါ့။ Space မပါပဲ တောက်လျှောက်ရေးသွားရင် စာက နောက်တစ်ကြောင်းဆင်းကို ဖြတ်ဖို့ ခက်သွားတာတွေ့ရမယ်။ အရမ်းကို ကြည့်ရဆိုးသွားတာကို တွေ့နိုင်ပါတယ်။ အခု ကျွန်တော် MMOpenLibrary မှာ Feed ယူထားတာလေးကို ကြည့်လိုက်ရင် တွေ့နိုင်ပါတယ်။…

  • မြန်မာနိုင်ငံမှာ ကျွန်တော် စာတွေထဲမှာလည်း တွေ့တွေ့နေတယ်။ တခြား အပြင်မှာ စကားပြောလည်း တွေ့ဖြစ်နေတဲ့ အချက်တစ်ခုရှိတယ်။ ဘာလဲဆိုတော့ ကိုယ်တတ်တယ်ဆို တစ်ဖက်သားကို တွယ်လိုက်ရမှ။ ပြီးရင် ငါကွ ဆိုတဲ့ ပုံတွေနဲ့ပေါ့။ တခါတလေ စကားပြောဆိုရင် ငြင်းခုန်ရတာလည်း ပါတာပဲလေ။ ငါမှန်တယ်ဆိုပြီး ဇွတ်ငြင်းတာတွေရှိပါတယ်။ ဟုတ်ပါပြီ။ ကိုယ်က မှန်တယ်ဆိုပါဆို့။ ဒါဆို ဟိုဘက်က မှားပြီပေါ့။ ဒါဆို ဟိုဘက်က အသုံးမကျတဲ့ ကောင်ဖြစ်သွားပြီပေါ့။ ဟုတ်ဘူးလား။ ကိုယ်မှန်တယ်ဆိုတိုင်းလည်း တစ်ဖက်သားကို ပစ်ပစ်ခါခါ မပြောသင့်ပါဘူး။ ဒါဆို ကိုယ်မှားနေရင်ကော။ စဉ်းစားကြည့်ပါ။ တဖက်သားမှန်ပြီး ကိုယ်မှားနေရင် ဘယ်လိုလုပ်မလဲ။ ကိုယ့်အမှားကို ဝန်ခံမလား။ ဒါမှ မဟုတ် မှားမှန်းသိလျက်နဲ့ ဇွတ်ခံငြင်းနေအုံးမှာလား။ အဲဒါကတော့ ကိုယ့်စိတ်ဓာတ်ပေါ်မှာပဲ မူတည်တယ်။ ကျွန်တော်ဆိုရင်တော့ မှားရင်…

  • Dock မှာ သက်ဆိုင်ရာ ပုံလေးတွေ တင်ဖို့ လိုချင်တဲ့ png မရှိဘူးဆိုရင်တော့ http://www.searchicon.net မှာရှာကြည့်ပါလား

  • ဒီနေ့တော့ တစ်ခုသိလိုက်တယ်… အစ်ကိုတစ်ယောက်က သူဖတ်ပြီးတဲ့ English စာအုပ်တစ်အုပ် အကြောင်းပြောရင်း… အဲဒီမှာပါတဲ့ စာကို ပြောပြလို့ သိရတာပါ.. ဘာစာလဲဆိုတော့… သူများနိုင်ငံတွေမှာ တစ်ယောက် ဘီးထွင်ရင် နောက်တစ်ယောက်က ကားထွင်တယ်.. မြန်မာတွေကတော့ တစ်ယောက် ဘီးထွင်ရင် နောက်တစ်ယောက် ဘီးပဲလိုက်ထွင်ပြီး… သူ့ ဘီးပိုကောင်းတယ်လို့ပဲ ထ အော်တတ်တယ်တဲ့…. ဒါကြောင့် ဘီးတွေသာ များလာပြိး ကားမပေါ်လာတော့ဘူးတဲ့ဗျာ… ထို English ကြီးပြောတာ မှန်မမှန်တော့ မသိပါ…. မြဝတီကလာတဲ့ ရာဇဝင်တွင်မယ့် သူရဲကောင်းကားကိုကြည့်ရင်း… (ဘူရောက ဟန်တိုင်းနယ်နဲ့ မတိုက်ရသေးဘူး.. ညီအစ်ကိုတွေက အချင်းချင်းဖိုက်နေကြတယ်…) စိတ်ထဲမှာတော့ မြန်မာ့ IT ဘူရောပြည် လို့ပဲ ဆိုလိုက်ချင်ပါတယ်.. စာကြွင်း .::. ဘူရောနယ်ဆို စကားထောက်လို့ ဘူရောပြည်လို့ သုံးထားခြင်းဖြစ်သည်။

  • Unicode သမားတွေကတော့ သိပြီးသားနေမှာပါ။ ကျွန်တော်ကတော့ အခုမှ တွေ့မိလို့ပါ။ နည်းနည်းဆော့ကြည့်တာ။ ဘာထူးလဲ။ ဘာမှထူးပါဘူး။ Calendar မှာတော့ မြန်မာလို လ နာမည် တွေပေါ်လာပါတယ်။ ခက်တာကတော့ Vista မှာပဲရတယ်ဗျ။ ဘာမှတော့ မဟုတ်ပါဘူး။ ဆော့လို့တော့ ကောင်းတာ အမှန်ပဲဗျ။ :D http://www.softpedia.com/progDownload/Microsoft-Locale-Builder-Download-81593.html

  • Ubuntu မှာ ကျွန်တော် Desktop Effect တွေရသွားပါပြီဗျာ။ Internet ချိတ်ထားမှ ရတယ်ဗျ။ မဟုတ်ရင် ဘယ်လိုမှ install သွင်းလို့မရဘူး။ အခုတော့ ရသွားပြီ။ တကယ်ကို လန်ထွက်တယ်။ ပြောနေရင် ရှည်နေပါအုံးမယ်။ အောက်က လိပ်စာလေးမှာ သွားကြည့်လိုက်ပါလား။ တကယ်လှတယ်နော်။ vista လောက်တော့ ပျင်းတောင်ပျင်းသေးတယ်။ (mac ကိုတော့ ယှဉ်နိုင်လောက်မည်ဟု မထင်။ ကျွန်တော့် အမြင်သာ ဖြစ်ပါသည်။) http://www.howtoforge.com/compiz-fusion-ubuntu-gutsy-gibbon-nvidia-geforce-fx-5200