nothing

  • အရင်တုန်းကတော့ Dolby Sound Room ဆိုတာ ရုပ်ရှင်ရုံထဲကလိုပဲပေါ့… မြန်မာနိုင်ငံက ရုပ်ရှင်ရုံတွေကလည်း အသံပိုင်းကောင်းပါတယ်.. ဒါပေမယ့် ကျွန်တော့်အတွက် မထူးသလိုပဲ… Dolby Sound Room ဆိုတာ ကျွန်တော်က အသံပိုင်းနည်းနည်းကောင်းလာမယ်… နောက်ပြီး Surround Speakers နဲ့မှ ကောင်းမယ်… သိပ်မပြီး မထူးခြားတဲ့ အရာလို့ထင်မှတ်ထားခဲ့တယ်…. ကျွန်တော်က အသံပိုင်းဆိုင်ရာမသိတာကြောင့်လည်း ပါမှာပေါ့.. သီချင်းနားထောင်ရုံလောက်ပဲလေ… အခုတော့ laptop မှာပါလာတဲ့ Dolby Sound Room ဆိုတာက နားထောင်မိလိုက်တော့ အံ့သြမှင်သက်မိသွားတယ်… ကျွန်တော် နားကြပ်နဲ့ နားထောင်နေကြပေမယ့် အခုတော့ နားကြပ်နဲ့တောင် သီချင်းနားမထောင်ချင်တော့ဘူး… တော်တော်ကောင်းတယ်ဗျ… ဘယ်လိုရှင်းပြရမလဲတော့မသိဘူး… Dolby Sound Room ဆိုတဲ့အတိုင်း ကျွန်တော့် နား နားမှာ speaker…

  • လူကလည်း မအားကို မအားနိုင်ဘူး…. nargis ကြောင့် အလုပ်တွေ ပိကုန်တယ်… မီးလာလို့တော်သေး… ပြသနာတွေပေါင်းစုံလည်း ရှင်းရ… ubutnu ဘက်တောင် ပြန်မလှည့်နိုင်တော့ဘူး…  အခုလည်း nargis အတွက် ဘာမှ မလုပ်ပေးနိုင်ဘူး… www.nargisaction.org ဆိုပြီး Nargis Action Gorup အတွက်တော့ ကူညီပေးနေတယ်… အလုပ်တွေ မအားတာတော့ မပြောတော့ပါဘူး… ကိုမင်းကျော်ကူညီလို့တော်သေးတယ်.. နောက်မို့ဆို ကျွန်တော့် blog တောင် ပြန်ရမှာမဟုတ်ဘူး.. ကဲ… နောက်မှပဲ ဆက်ရေးတော့မယ်.. လုပ်စရာတွေ ပုံနေလို့.. PS : မီးတော့လာပါတယ်… သို့သော်လည်းပဲ ပလက်ပေါက်မဖြုတ်ထားမိ UPS က ပျက်ခြင်းကြောင့် မီးအား ဆောင့်တက်မှုဖြစ်ပြီး Computer ပျက်သွားရပါတယ်…

  • Joomla! ကို တတ်ချင်ရင်တော့ ကိုယ်တင်လေ့လာလရင်ဖြစ်ပါတယ်… စာအုပ်တွေကိုတော့ http://www.mmopenlibrary.com/?s=Joomla အဲမှာရယူနိုင်ပါတယ်… တကယ်လို့ သင်တန်းပဲတက်ချင်ရင်တော့ မြို့ထဲ ၃၉ လမ်း ( မဟာဗန္ဓုလလမ်း နဲ့ ကုန်သည်လမ်းကြား ) က M2 Computer Center မှာ သင်လို့ရပါတယ်။ ဖုန်းနံပါတ်ကတော့ 0951-20492 ကိုဆက်သွယ်နိုင်ပါတယ်… PS: Blog တွင် ကြော်ငြာများလက်ခံပါသည် =P

  • ခရီးသွားမှာမို့…. တနလာင်္နေ့မှပဲ post အသစ်ထပ်ရေးတော့မယ်.. sunday ပြန်ရောက်မယ်…. ဘယ်သွားမလဲ သိချင်လား… =P … မြန်မာနိုင်ငံရဲ့ ရှေးဟောင်းမြို့တော်… ပထမ မြန်မာနိုင်ငံ တည်ထောင်ခဲ့တဲ့ နေရာပေါ့… =P

  • ပျော်လိုက်တာ သြင်္ကန်ပြီးပြီ… မီးက ၂ ရက်တော့ ၁၄ နာရီ လာတာ တော်သေးတာပေါ့… သြင်္ကန်ကိုတော့ စိတ်မဝင်စားတာ ကြာလှပေါ့… ဟိုတစ်ခေါက်က မျက်မမြင်ကျောင်းသွားတော့ ကောင်လေးတစ်ယောက်က သြင်္ကန်လည်ရင်း မီးသတ်ပိုက်နဲ့ ထိုးလို့ မျက်စိကန်းသွားတာတွေ့ခဲ့ရတယ်… ပျော်တာတော့ ပျော်ပေါ့… မကဲနဲ့ပေါ့.. စည်းကမ်းလည်း ရှိသင့်တယ်လေ…. မင်္ဂလာ နှစ်သစ် မှာ အားလုံး ပျော်ရွှင်ကြပါစေဗျာ…

  • အခုအချိန်မှာ တချို့တွေက အစစ်အမှန်ဝယ်သုံးလားဆိုတာကို ခဏခဏမေးတာတွေ့ရတယ်…ကျွန်တော်တို့နိုင်ငံ အခုအချိန် မူရင်းအခွေဝယ်သုံးဖို့ အဆင့်ရောက်နေပြီလား..အဲဒီမေးခွန်းကို သေချာစဉ်းစားသင့်တယ်လို့ထင်တယ်…copyright ရှိတဲ့နိုင်ငံတွေရဲ့ ၁ လ လစာ နဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ၁လ လစာ….သူတို့မှာ မရဘူးဆိုရင်တောင် ၁ လ ကိုအနည်းဆုံး $500 လောက်ရတယ်ဗျာ..ဒါတောင် တော်တော်နိမ့်တဲ့လစာပါ…အဲဒီလူအတွက်ကတော့ $200 တန် Windows ဝယ်သုံးရတာ ပြဿနာမဟုတ်ဘူးလေ…Game ၁ ခွေ $50 ဆိုတာကလည်း သုံးပျော်ပါတယ်… အခုကျွန်တော်တို့နိုင်ငံ ၁ လ $50 လောက်ပဲ ရတယ်..တချို့တွေဆို $20 လောက်ပဲရတာတွေ ရှိတယ်…အဲလိုမျိုးသွားပြောရင် သူများနိုင်ငံကကောင်တွေက ရယ်ချင်ရယ်လိမ့်မယ်…ဒါပေမယ့် အမှန်ပဲ…ကျွန်တော်တို့မှာ ၁ လ $50 လောက်ရတာကို အလွန်အမင်းကျေနပ်တဲ့ သူတွေရှိတယ်…ဟိုနေ့က အိမ်ကိုလာတဲ့ အမျိုးထဲက တစ်ယောက်ပြောတာ အဖွားနဲ့…

  • ကျွန်တော့်ထက်တောင် သေသေချာချာ ရေးထားတာပဲ.. :D MZ ပွဲအခြေအနေ အကြောင်းကောင်းကောင်းသိချင်ရင်တော့ Go To http://friend4.wordpress.com/ အဲမှာ ရှိပါတယ်ဗျာ..

  • ဒီနေ့ google မှာ saturngod gmail ဆိုပြီး ရှာကြည့်လိုက်တော့ ကျွန်တော့် information တော်တော်များများထွက်လာတယ်။ အထူးသဖြင့် deviantart.com က information ပဲ။ ကျွန်တော်တို့တွေ community site တွေထဲမှာ ကိုယ့် Information တွေ ဖြည့်မိတာတွေ ကိုယ့် email လိပ်စာတွေ ထည့်မိတာတွေ ရှိကောင်းရှိမယ်။ ဒါဟာကောင်းလားဆိုတော့ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ အဲဒီလိုမျိုး ကိုယ့် Information ကို အလွယ်တကူရှာတွေ့နိုင်တာ ကျွန်တော့် အထင်အတွက်တော့ မကောင်းဘူးထင်တာပဲ။ ကျွန်တော် ကိုယ်တိုင်က အေးအေးဆေးဆေးပဲ နေတတ်တဲ့လူတစ်ယောက်ဖြစ်ပြီး ကိုယ့်အကြောင်းလူမသိစေချင်ဘူး။ ဟိုးအရင်တုန်းက Internet ဆိုတာဘာမှန်း ကောင်းကောင်းမသိခင်တုန်းက တွေ့ရာနေရာမှာ ကိုယ့် information အမှန်တွေပဲ ထည့်ခဲ့ဘူးတယ်။ email တွေဆိုလည်း…