The Pragmatic Programmer

The Pragmatic Programmer ဆိုတဲ့ စာအုပ်ကို ပြီးခဲ့တဲ့ အပတ် က မှ ဖတ်လို့ ပြီးသွားတယ်။ စာအုပ်ဖတ်နေရင်းနဲ့ ဒီစာအုပ်ကို အလုပ်စလုပ်တဲ့ အချိန်လောက်က ဖတ်ထားမိခဲ့ရင် ကောင်းမှာပဲ ဆိုပြီး တွေးမိတယ်။ စာအုပ်ထဲက အချက် တော်တော်များများကတော့ အလုပ်လုပ်တာ ၈ နှစ် ဝန်းကျင်လောက် ရှိလာတဲ့ အခါ စာအုပ်ထဲက အချက်အလက် တော်တော်များများက အလုပ်ကနေ တဆင့် သင်ပြီးလို့ လက်တွေ့ လုပ်ခဲ့တာတွေ များတယ်။ သို့ပေမယ့် လိုအပ်လို့တာ လုပ်ခဲ့ပေမယ့် ဘယ်လောက် အရေးပါတယ်။ ဘာကြောင့် လုပ်သင့်သလဲ ဆိုတာ ကောင်းကောင်းမသိဘူး။ ဒီစာအုပ်ဖတ်ရင်းနဲ့ မှ အသုံးဝင်ပုံတွေကို သဘောပေါက်လာတယ်။ တစ်အုပ်လုံးကတော့ ဖတ်ရတာ မဆိုးဘူး။ အထူးသဖြင့် ကျွန်တော်နဲ့…More

သွေး

ဂျာနယ်ကျော်မမလေး ရေးတဲ့ သွေး ဝတ္ထုကို ငယ်ငယ်ကတည်းက ဖတ်ချင်နေတာ ကြာပြီ။ အဲဒီ အချိန်တိုင်းက စာအုပ် ဆိုင်တွေမှာ ဝယ်လို့ မရတာရယ် နောက်ပြီး အသစ်ပြန်ထုတ်ချိန်မှာတော့ မဝယ်ဖြစ်တော့ရယ်ကြောင့် မဖတ်ဖြစ်ခဲ့ဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကမှ သွေးဝတ္ထုကို စဖတ်ဖြစ်ခဲ့တယ်။ ကျွန်တော်က ဂျာနယ်ကျော် မမလေးရဲ့ စာအုပ်တွေ တစ်ခါမှ မဖတ်ဘူးခဲ့တော့ ဒီစာအုပ်ဟာ ပထမဆုံး ဖတ်ဖြစ်တဲ့ ဂျာနယ်ကျော်မမလေး ရဲ့ စာအုပ်လို့ ဆိုရမယ်။ အမှာစာမှာ ရှုမဝ မဂ္ဂဇင်းအတွက် လစဉ် ရေးသားထားပြီး လတိုင်း အချိန် တတ်နိုင်သလောက်ပေးပြီး ရေးသားထားတဲ့ စာအုပ်လို့ဆိုထားပါတယ်။ ဖတ်ကာစကတော့ တော်တော်လေး အေးပြီး လေးလွန်းလှတယ်။ နောက်ပိုင်းမှာတော့ ဖတ်ရတာ မဆိုးလှပါဘူး။ လစဉ် ဖော်ပြတဲ့ ဝတ္ထုဖြစ်တာကြောင့်…More

Bamboo Fineline 2

Adoit JotScript 1 ကို ဝယ်ထားပေးမယ့် iPad Air 2 နဲ့ အဆင်မပြေတာ ကြောင့် မသုံးဖြစ်သလောက်ပဲ။ Bamboo က fineline 2 ကို iPad Air 2 အတွက် ထုတ်တယ်ဆိုတာကြောင့် ဝယ်ဖို့ စဉ်းစားခဲ့တာ အတော့်ကို ကြာခဲ့ပါပြီ။ ထွက်ကတည်းက ဝယ်ဖို့ စဉ်းစားပေမယ့် review တွေကို စောင့်ဖတ်နေတာ နဲ့ အတော်လေးကို ကြာသွားတယ်။ Review တွေ အဆိုအရ မဆိုးလှတဲ့အပြင် လက်ရှိက Bamboo Paper နဲ့ Noteshelf ကို သုံးဖြစ်တယ်။ အဓိကတော့ Project design, flow တွေ အတွက် Bamboo Paper ကို…More

The Rosie Project

Bill Gates ရဲ့ recommend လုပ်တဲ့ စာအုပ်တွေထဲမှာ ရှားရှားပါးပါး ဝတ္ထုစာအုပ် တစ်အုပ်ပါပါတယ်။ စာအုပ်တော်တော်များများက non-fiction တွေ ဖြစ်ပြီး Graeme Simsion ရေးထားတဲ့ The Rosie Project ကို သူ့ မိန်းမက recommend လုပ်လို့ ဖတ်ကြည့်ပြီးတော့ သူက ပြန်ပြီး recommend လုပ်ထားတာပါ။ လတ်တလော ဖတ်စရာ စာအုပ် ကုန်နေတာနဲ့ Rosie Project ကို ဖတ်ကြည့်လိုက်တော့ ၄ ရက် လောက်နဲ့ ပြီးသွားတယ်။ တော်ရုံတန်ရုံ စာအုပ် ၁ အုပ်ကို ၁ လ လောက် အေးအေးဆေးဆေး ဖတ်ပေမယ့် Rosie Project က ရယ်ရတာကြောင့် လက်က…More

Elon Musk: Tesla, SpaceX, and the Quest for a Fantastic Future

ပြီးခဲ့တဲ့ လ က Orchard က Kinokuniya ကို ရောက်တုန်းက အရောင်းရဆုံး စာအုပ်တွေထဲမှာ Elon Musk စာအုပ်တွေ့တာနဲ့ ဝယ်ဖြစ်ခဲ့တယ်။ Elon Musk ကို လွန်ခဲ့တဲ့ ၅ နှစ်လောက်က သူငယ်ချင်း တစ်ယောက် သူ့ interview youtube video link ပို့တာကနေ သူ့ကို စသိခဲ့တာ။ အဲဒီ video ကနေ တဆင့် Space X , Tesla နောက်ပြီး PayPal founder တစ်ယောက်ဆိုတာကို တဖြည်းဖြည်း သိလာခဲ့တယ်။ နောက်ပိုင်း Tesla က ကား မိတ်ဆက်ပွဲတွေ ကြည့်ဖြစ်ရင်း Elon Musk ဟာ ကား လောက…More

တာတေစနေသား

ဦးနု ရေးထားတဲ့ တာတေစနေသား စာအုပ်ကို ဖတ်မယ် ဖတ်မယ်နဲ့ မဖတ်ဖြစ်ခဲ့တာ ပြီးခဲ့တဲ့ လမှ စဖတ်ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ အပတ်မှ ပဲ ပြီးသွားတော့တယ်။ ဦးနုစာအုပ် မဖတ်ခင် တိုင်းပြည်က နုနု မုန်တိုင်းက ထန်ထန် ဆိုတဲ့ စာအုပ်လေး ဖတ်ဖြစ်တယ်။ အဲဒီစာအုပ်ကြောင့်ပဲ တာတေစနေသား ကို မဖြစ်မနေ ဖတ်မှ ဖြစ်မယ်ဆိုပြီး ဖတ်ဖြစ်သွားတယ်။ စဖတ်ကာစကတော့ သိပ်စိတ်ဝင်စားစရာ မကောင်းလှဘူး။ ဦးနု ငယ်ဘဝက ဆိုးခဲ့တဲ့ အကြောင်းတွေလောက်ပဲ။ တကယ်ကောင်းတာကတော့ ဦးနု သူဟာ ဘုရားဆုပန်ပြီး အချိန်က စပြီးတော့ ပြောင်းလဲသွားတာပဲ။ အဲဒီက စပြီးတော့ နောက်ပိုင်း တောက်လျှောက် ဖတ်လို့ ကောင်းတဲ့ စာအုပ် တစ်အုပ် ဆိုတာ မမှားဘူး။ ကျွန်တော်တို့…More

12 Inch Macbook Early 2015

Mac Book 2015 ကို ထွက်ထွက်ခြင်းကတည်း က pre order လုပ်ခဲ့တယ်။ သို့ပေမယ့် DHL ရဲ့ အကြောင်းအမျိုးမျိုးကြောင့် နောက်ကျမှုကြောင့် March လ ၆ ရက်နေ့ ရောက်လာမယ့် ပစ္စည်းက ၉ ရက်နေ့မှ ရောက်တယ်။ ၈ ရက်နေ့လာပို့မယ် ဆိုပြီး ရုံးဆင်းခါနီးမှာ ၅ နာရီမှာ DHL ကို ဖုန်းဆက်တော့ ၆ နာရီ ခွဲရောက်မယ်လို့ဆိုတာနဲ့ စောင့်နေပေမယ့် ၆ နာရီခွဲကျော်တဲ့ အဓိ မရောက်လာဘူး။ ဒါနဲ့ ဖုန်းပြန်ဆက်တော့ ပို့တဲ့ကားက ပြန်သွားပြီ တနင်္လာနဲ့ မှ လာတော့မယ်ဆိုတော့ DHL ကို အိမ်လာပို့ ခိုင်းတော့မှ စနေနေ့ ၉ နာရီ လာပို့တော့တယ်။…More

Xiaomi Yi Action Camera

Xiaomi Yi Action Camera ကို Qoo10 က နေ တဆင့် ဝယ်ဖြစ်တယ်။ လက်ရှိ Singapore မှာ Xiaomi က official မရောင်းတာ ကြောင့် Qoo10 က နေ ဈေး အသက် အသာ ဆုံး ကို ရှာပြီး ဝယ်ဖြစ်တယ်။ ကျွန်တော် ဝယ်တုန်းကတော့ S$ 99 ပဲ ပေးရပါတယ်။ Xiaomi က တရုတ်မှာ ရောင်းတာကတော့ US $ 64 ရှိပါတယ်။ Singapore ငွေ S$83 လောက်ပဲ ရှိမယ်။ သို့ပေမယ့် အဲဒီ အချိန်တုန်းက ဈေးအသက်အသာဆုံးက S$99 ဖြစ်တာကြောင့် အဲဒီကနေ ပဲ…More