Creativity, Inc စာအုပ်ကို ပြီးခဲ့တဲ့ လ က ဖတ်လို့ ပြီးသွားတယ်။ ဒီစာအုပ်ကို စဖတ်တုန်းကတော့ Toy Story, Cars , Monster Inc စတဲ့ ကာတွန်းကားတွေ ထုတ်တဲ့ Pixar အကြောင်း ရေးထားတာလို့ ပဲ သိခဲ့တယ်။ ဒီစာအုပ်ကို စဖတ်ပြီးတော့ မကြာခင်မှာ သိလိုက်တာက Company တစ်ခု အကြောင်း ဆိုတာထက် ပိုတယ်။ စာအုပ် အစ ပိုင်းမှာ Pixar မဖြစ်လာခင်က တက္ကသိုလ်ကျောင်းသား ဘဝ မှာ လက်ဖဝါးပုံကို 3D Animation အကြောင်းကို ဖတ်လိုက်ရတော့ စိတ်ထဲမှာ ဟာ… ကနဲ ဖြစ်သွားတယ်။ University of Utah မှာ 1976… Continue reading Creativity, Inc
Category: Review
Xiaomi Mi Wifi Router 3
Router အသစ်ဝယ်ဖို့ လိုက်ကြည့်တော့ router တော်တော်များများက S$100 ကျော်နေပြီး ထင်သလောက် range မရတာကြောင့် S$100 အောက် router ကောင်းကောင်းလေး တစ်ခု ရှာဖြစ်တယ်။ S$150 လောက်ဆိုရင်တော့ router ကောင်းကောင်း တစ်လုံး ဝယ်လို့ ရပေမယ့် အဲဒီလောက်ထိ ပိုက်ဆံ မသုံးချင်တာလည်း ပါတယ်။ Lazada မှာ Mi Wifi Router 3 discount တာတွေ့တာနဲ့ coupon code နဲ့ ဝယ်လိုက်တာ S$44 လောက်ပဲ ကျတော့တယ်။ အတော့်ကို တန်တာနဲ့ ဝယ်ဖြစ်လိုက်တယ်။ Setup ကလည်း ထွေထွေထူးထူး လုပ်စရာ မလိုသလို Phone app ကနေ တဆင့်လွယ်လင့် တကူ… Continue reading Xiaomi Mi Wifi Router 3
Queed
ဦးဝင်းတင် ရေးတဲ့ ကွိ စာအုပ်ကို မဖတ်ခင်ကတည်းက ဖတ်ကောင်းတယ်လို့ ကြားဖူးတယ်။ အခု နောက်ပိုင်း ပြန်လည် ထုတ်ဝေတာကြောင့် စာအုပ်ဆိုင်တွေ မှာ တွေ့ဖြစ်ပေမယ့် မဝယ်ဖြစ်ခဲ့ဖူး။ ဒီတစ်ခေါက် ရန်ကုန်ပြန်တော့ စာအုပ် ၃ အုပ် ဝယ်ခဲ့သည့် အထဲမှာ ဦးဝင်းတင် ရဲ့ ကွိ စာအုပ်ပါလာတယ်။ ကွိ စာအုပ်ဟာ မူရင်း စာရေးသူ Henery Sydnor Harrison ဖြစ်ပြီးတော့ ၁၉၁၁ မှာ ထုတ်ဝေခဲ့သည့် စာအုပ်ဖြစ်တာကြောင့် ဇာတ်လမ်း ဇာတ်အိမ် တည်ဆောက်မှုက အခုခေတ်ပုံစံ နှင့် အနည်းငယ်ကွဲပြားတာကို တွေ့ရပါလိမ့်မယ်။ ကွိစာအုပ်ရဲ့ ဇာတ်လမ်း ကို မကြိုက်လှပေမယ့် ဦးဝင်းတင် ရဲ့ ဘာသာပြန်မှု ကိုတော့ အတော်ကြီးကို လေးစားမိတယ်။… Continue reading Queed
The Lost Symbol by Dan Brown
Angels & Demons , The Da Vinci Code ရုပ်ရှင်ကား ၂ ကား ကို ပြန်ကြည့်ပြီးတော့ အရှိန်မသေသေတာနဲ့ The Lost Symbol စာအုပ်ကို ဖတ်ဖြစ်တယ်။ စဖတ်ကာစကတော့ Dan Brown ရဲ့ ရှေ့က ဝတ္ထုတွေ လိုပဲ ဘာမှန်း မသိပဲ နည်းနည်း နှေးနှေး လေးလေးနဲ့ပဲ။ ဇာတ်လမ်း ဇာတ်ကွက် အသွားအလာတွေက The Da Vinci Code လို ပါပဲ။ သို့ပေမယ့် The Da Vinci Code က ပိုကောင်းတယ်လို့ ဆိုရမယ်။ The Lost Symbol ဟာ Robert Langdon ရဲ့… Continue reading The Lost Symbol by Dan Brown
Fantastic Beast and Where to find them
Harry Potter စာရေးဆရာမ J. K. Rowling ရဲ့ ရုပ်ရှင် အသစ် Fantastic Beast and Where to find them ဒီ နှစ်အတွင်းထဲမှာ ထွက်မယ် ဆိုတာကြောင့် အဲဒီ စာအုပ်ကို ဝယ်ဖြစ်တယ်။ တကယ်တန်းတော့ စာအုပ်က ဝတ္ထုမဟုတ်ပဲ Beast တွေ အကြောင်း အသေးစိတ်ရေးသားထားတဲ့ စာအုပ်ပါ။ တနည်းပြောရရင် Hogwarts က Text Book လို့ ဆိုရမယ်။ ပထမတော့ နည်းနည်း ပျင်းဖို့ ကောင်းတယ် ထင်ရပေမယ့် အရေးအသားက အသေးစိတ်ပြီး ဖတ်လို့ ကောင်းတာ ကြောင့် ၂ နာရီ လောက်နဲ့ တစ်အုပ်လုံး ပြီးသွားတယ်။ စာအုပ်ကလည်း တော်တော်လေး… Continue reading Fantastic Beast and Where to find them
သွေး (မင်းဆွေ)
စာရေးဆရာ မင်းဆွေကို ဓား ဝတ္ထုနဲ့ တွဲပြီးတော့ မှတ်မိကျပါလိမ့်မယ်။ သွေး ဝတ္ထုကို သိပေမယ့် ရန်ကုန်ရောက်တုန်း စာအုပ်ဆိုင်မှာ မတွေ့ဖြစ်တော့ မဝယ်ဖြစ်ခဲ့ဘူး။ ပြီးခဲ့တဲ့ အခေါက်က လူကြုံ ရှိတာနဲ့ သွေးစာအုပ်ကို ရခဲ့တယ်။ စာရေးဆရာ အရေးအသားက ဓားအတိုင်းပဲ ကောင်းပေမယ့် ဇာတ်လမ်းကတော့ ကောင်းလှတယ် မဟုတ်ဘူး။ လူပျိုကြီး တစ်ယောက် အသဲကွဲပုံကို ဖွဲ့နွဲ့ထားပြီးတော့ ကြားထဲမှာ မျိုးချစ်စိတ်ဓာတ် ထက်သန်ရေးလေးတွေ ညှပ်ညှပ်ထည့်ပြီးတော့ ရေးထားပါတယ်။ သမာရိုးကျ ပေါ့ပေါ့ပါးပါး ဖတ်ဖို့လောက်သာ အဆင်ပြေပါတယ်။ ဓားနဲ့ ယှဉ်ရင် အရမ်းကောင်းလှတဲ့ ဝတ္ထုမဟုတ်ပေမယ့် အရေးအသား ကောင်းလို့ တစ်အုပ်လုံး ဖတ်လို့ ပြီးသွားတယ်။ ဇာတ်လမ်းက ထွေထွေထူးထူး မရှိသလို ဖတ်ပြီးတော့ ဖတ်ပြီးသွားတယ် ဆိုတာလောက်ပဲ ခံစားရပါတယ်။
Becoming Steve Jobs
Walter Isaacson ရဲ့ Steve Jobs စာအုပ်ထွက်ပြီး နောက်ပိုင်းထွက်တဲ့ Steve Jobs အကြောင်းရေးထားတဲ့ စာအုပ်ပါ။ ဒီစာအုပ်ကို Steve Jobs နဲ့ တွဲ လုပ်ဖူးတဲ့ လက်ရှိ Apple က executives တွေက သဘောကျတဲ့ စာအုပ် ဆိုတာ ကြောင့် ထပ်ပြီးတော့ ဖတ်ဖြစ်ပါတယ်။ ဒီစာအုပ်က အတ္ထုပတ္တ ထက်စာရင် drama ပိုဆန်ပါတယ်။ ဖတ်ရတာ ပိုပြီးတော့ အရှိန်ရပါတယ်။ ကျွန်တော်ကတော့ Walter Isaacson စာအုပ်ထက် စာရင် Becoming Steve Jobs စာအုပ်ကို ဖတ်ရတာ ပိုအားရတယ်။ Walter Isaacson က Steve Jobs အကြောင်း အသေးစိတ်ပါတဲ့ အတွက်… Continue reading Becoming Steve Jobs
Building API You Won’t Hate
ဒီစာအုပ်ကို မဖတ်ခင်တုန်းက အတော့်ကို မျှော်လင့်ထားပါတယ်။ သို့ပေမယ့် တစ်အုပ်လုံး ဖတ်ပြီးသွားသည့် အချိန်မှာတော့ သိပ်ပြီးတော့ အချက်အလက် တွေ မပါပေမယ့် အခုမှ စပြီးတော့ REST API ဆိုတာ ဘာလဲ REST API ဘယ်လို တည်ဆောက် သင့်သလဲ ဆိုတာကို လေ့လာ နေသည့် သူတွေ အတွက် အသုံးဝင်မယ့် စာအုပ်ပါ။ Build API You Won’t Hate ဆိုတဲ့ ခေါင်းစဉ်ထက် How RESTFUL API should be ဆိုရင် စာအုပ်ထဲက စာနဲ့ ခေါင်းစဉ်နဲ့ ကိုက်ပါလိမ့်မယ်။ စာအုပ်ထဲမှာ စိတ်ဝင်စားဖို့ ကောင်းတာက Authentication , Pagination and API… Continue reading Building API You Won’t Hate