Gardar

ဒီ ၃ လ အတွင်း ထွေထွေထူးထူး မလုပ်ဖြစ်ပဲ ဂါထာ ကိုပဲ ပြီးအောင် ရေးနေတယ်။ ဂါထာ ဆိုတာကတော့ ရွတ်ရတဲ့ ဂါထာ မဟုတ်ပါ။ iPhone, iPad app တစ်ခုပါ။ Gardar ဆိုတာ ဘာလဲ ? Gardar ဆိုတာကတော့ Google Reader App တစ်ခုပါ။ မြန်မာ unicode နဲ့ ဇော်ဂျီဖတ်လို့ရပါတယ်။ နောက်ပြီးတော့ ခမာ စာတွေပါ ဖတ်လို့ရအောင် ဖန်တီးပေးထားပါတယ်။ ခမာ unicode ကလည်း အခု အချိန်ထိ iOS 5 မှာ အလုပ်မလုပ်သေးပါဘူး။ ဒါကြောင့် ခမာ unicode ပါ ထည့်သွင်းပေးထားတာပါ။ ဘာလို့ Gardar ကို…More

ငါတို့နိုင်ပြီ

ဒီနေ့ မြန်မာ နဲ့ ဗီယက်နမ် ပွဲကို မကြည့်ဖြစ်လိုက်ဘူး။ မကြည့်ဖြစ်ဘူးဆိုတာကလည်း ရုံးချိန် ဖြစ်နေလို့ ဆိုရမယ်။ မလေး နဲ့ ပွဲတိုင်းက အိမ်ရောက်ရောက်ခြင်း ဖွင့်ကြည့်ပြီး အားပေးလိုက်ပေမယ့် ရှုံးသွားခဲ့တယ်။ ဒီနေ့တော့ ရုံးချိန်မှာဆိုတော့ online ကနေ status လေး ကြည့်နေရုံပဲ။ Facebook မှာ မြန်မာ ဂိုးစသွင်းပြီးဆိုတော့ ဝမ်းသာသွားမိတာ အမှန်ပဲ။ တစ်ချိန်တစ်ခါတုန်းက မြန်မာ အသင်းပေါ် မကျေမနပ်ဖြစ်တဲ့ စိတ်တွေ ပျောက်သွားတယ်။ ပြောလည်း ခံရမှာပဲလေ။ ဘယ်လောက်ရုံးရုံး အမြဲတန်း အားပေးနေမိတာပဲ။ မှတ်မိသေးတယ်။ ငယ်ငယ်တန်းက ဗီယက်နမ် နဲ့ ပွဲမှာ အောင်ကျော်ကျော် ထုတ်ခံလိုက်ရတော့ မကျေမနပ်တွေ ဖြစ်လိုက်ရဖြစ်ခြင်း။ အဲတုန်းက ကျွန်တော် ကလေးပဲ ရှိအုံးမယ် ထင်ပါ့။…More

ZG2Uni with node.js

javascript နဲ့ ရေးထားတဲ့ zawgyi to unicode ကို node.js ပြန်ပြောင်းထားပါတယ်။ node.js နဲ့ အသုံးပြုမယ်ဆိုရင် node.js ကို သွင်းထားဖို့လိုပါတယ်။ node.js က windows မှာလည်း လွယ်လွယ် အသုံးပြုနိုင်ပါတယ်။ windows မှာ အသေးစိတ် သွင်းနည်းကိုတော့ ဒီမှာ ဖတ်ပါ။ https://github.com/saturngod/ZG2Uni_NodeJS/zipball/master ကို download ချလိုက်ပါ။ zip ကို ဖြည်လိုက်ရင် folder ထဲမှာ app.js file ကို တွေ့ပါလိမ့်မယ်။More

ညမီးအိမ် သို့

update: ညမီးအိမ် unicode သုံးလို့ရသွားပါပြီ။ ပြဿနာက Masterpiece Uni Sans font ကို windows မှာ သွင်းထားမိလိုက်လို့ပါ။ ပြီးခဲ့တဲ့ ၂ ရက်လောက်က facebook မှာ ညမီးအိမ်က MZ ကို ပြန်လာချင်တယ်။ ခက်တာက Unicode ထက် ဇော်ဂျီကို သုံးချင်တယ်လို့ ဆိုပါတယ်။ နောက်ပြီးတော့ Unicode ကို အခုထက်ထိ မသုံးတတ်သေးဘူးလို့လည်း ဆိုလာပြန်တယ်။ သူ့လို ဘဝတူတွေ ရှိပါတယ်ဆိုတာကို သိစေချင်တယ်လို့ ရေးလာပါတယ်။ တွေ့တွေ့ချင်းပဲ ချက်ခြင်းပြန်ဖြေမလို့ ဆိုပေမယ့် ရုံးမှာ အလုပ်ချိန် ဖြစ်နေတာကြောင့် ဖြစ်သလို နောက်ပြီး ရှင်းရင်လည်း အများကြီး ရေးနေရမှာ ဆိုးတာကြောင့် post တစ်ခု အနေနဲ့ပဲ ရေးလိုက်ပါတယ်။…More

Windows 8 Screenshot

Keymagic ကတော့ အလုပ်မလုပ်တော့ဘူး။ Keymagic developer Dr.Carbon ကို တော့ ပြောထားတယ်။ Notepad မှာတော့ မြန်မာစာ ကို အလိုလို သိတယ်။ သို့ပေမယ့် IE မှာတော့ မသိသေးဘူး ။ နောက်ပြီး folder sorting ကလည်း အလုပ်မလုပ်သေးပါဘူး။ အခုက preview version ဖြစ်သေးလို့ အပြည့်အဝ အလုပ်မလုပ်သေးတာလို့ ထင်တာပဲ။ Firefox မှာဆိုရင် font သွင်းစရာမလိုပဲ မြန်မာစာတွေကို ဖတ်လို့ရပါတယ်။ သို့ပေမယ့် IE မှာတော့ မရပါ။ ပုံတွေကိုတော့ အောက်မှာ ကြည့်နိုင်ပါတယ်။ update: Keymagic အတွက် http://www.microsoft.com/download/en/details.aspx?displaylang=en&id=29 ကို သွင်းပေးလိုက်ရင် အလုပ်လုပ်သွားပါလိမ့်မယ်။More

Zawgyi with Lion

အခုတလော comment တွေမှာ Lion မှာ ဇော်ဂျီ မပေါ်တော့ဘူးဆိုတာပဲ ပြောနေတယ်။ Lion မှာ မြန်မာ Unicode ပါလာမယ်ဆိုတာကို ကျွန်တော် ဒီ post ကတည်းက ပြောဖူးပါတယ်။ ပါလာတဲ့ font ၂ ခုက Myanmar MN နဲ့ Myanmar Sangam MN တို့ပါ။ Unicode မကြိုက်ဘူးဆိုရင်တော့ Font Book ထဲကနေ တဆင့် အလွယ်တကူ turn off လုပ်လိုက်လို့ရပါတယ်။ ကျွန်တော်ကတော့ Turn Off လုပ်ထားတယ်။ ကျွန်တော်က MasterPiece Unis နဲ့ Myanmar 3 ကို ပိုသဘောကျပါတယ်။ လက်ရှိ ပါလာတဲ့ Unicode Font…More

Discussion on Facebook

Facebook မှာ ကို Zack ၊ ကို သီဟ တို့နဲ့ ဘောလုံးပွဲ အကြောင်းပြော ဖြစ်တာလေး ပြန်ပြီး စုစည်းပြီး blog မှာ တင်ထားတာပါ။ Zack : မြန်မာလူမျိုးတွေ နိုင်ငံတကာ ဘောပွဲ အရမ်း ကြည့်ချင်နေတယ်ဆိုတာကတော့ အသေအချာပဲ ဒီ movie ကိုကြည့်ပါ။ လူစုလူဝေးနေရ ထိုင်ရသွားရစားရတာတွေမှာ အလေ့အကျင့် မရှိတဲ့ မြန်မာတွေ အတွက်တော့ ပြသနာပေါ့။ ပြောမယ်ဆိုရင်တော့ educated ဖြစ်ဖို့လိုတယ်ဆိုပေမယ့် ခုလိုလာကြည့်ကြတဲ့ သူအတော်တော်များများရဲ့ နေ့စဉ်ဘဝတွေက စားဝတ်နေရေးတွေနဲ့ လုံးပန်းနေရမှာ သေချာတယ်။ လွတ်လပ်စွာပြောဆိုခွင့်မရှိသေးတ ဲ့ တိုင်းပြည်မှာ ကွင်းထဲလူစုမိတော့မှ တဘက်အသင်းကို -ီးပဲဆိုပြီး ဆဲနေတာတွေကလဲ ဘယ်သူကို အပြစ်တင်ရမလဲ Myanmar VS Oman…More

Copyright

တနင်္လာနေ့လောက်တုန်းက ကို မောင်မောင်ဆန်း facebook မှာ share ထားတာနဲ့ C-O-P-Y ကိုယ်ပိုင် ဆိုတဲ့ post ကို ဖတ်ဖြစ်သွားတယ်။ အဲဒါနဲ့ မှတ်မှတ်ရရ အရင်တုန်းက deviantArt မှာ windows XP theme တွေ ကျွန်တော် ဆွဲတုန်းက deviantArt မှာ မူရင်း ပိုင်ရှင်က သူ့ ကိုယ် icon တွေ ခွင့်ပြုချက် မယူပဲ ယူသုံးထားပါတယ်ဆိုပြီး ပြောခံထိဖူးတယ်။ အဲတုန်းက ကျွန်တော့် အသက် ၁၇ လောက်ပဲ ရှိအုံးမယ်။ ခွင့်ပြုချက်တောင်း ရမယ်ဆိုတာကို မသိခဲ့တာလည်း ပါတယ်။ ဒါကြောင့် အဲတုန်းက သူ့ကို တောင်းပန်ပြီး icon တွေ ပြန်ဖြုတ်ပေးရမလား မေးခဲ့ဖူးတယ်။ အဲဒီက…More