PHP

  • အရင်က image တွေကို folder တစ်ခုအောက်မှာထားပြီး အကုန်လုံး ဘယ်လို ဆွဲခေါ်ထုတ်ရမှန်းမသိဖြစ်ဖူးတယ်။ နောက်ပြီးတော့ library folder ထဲက php တွေကို ဆွဲထုတ်တာလည်း မသိဘူးဖြစ်နေတယ်။ အခုမှ သိတယ်။ glob ဆိုတဲ့ function ကို ခေါ်လိုက်ရင် တော်တော်လွယ်တာပဲ။ <?php foreach (glob(“*.txt”) as $filename) { echo “$filename size ” . filesize($filename) . “\n”; } ?> အရင်က မသိခဲ့လိုက်လို့ ၂ ကြောင်းလောက်နဲ့ ပြီးမှဟာကို ရှည်ရှည် ဝေးဝေးတွေ ရေးလိုက်ရသေးတယ်။ Image Gallery လိုမျိုး site တွေ , php…

  • ပြီးခဲ့တဲ့ တနင်္ဂနွေက MZ 2.0 အတွက်ရေးရင်း ကိုယ့် framework ကိုလည်း upgrade လုပ်ရင်း တစ်ချက်ခုတ် နှစ်ချက်ပြတ် အစီအစဉ်နဲ့ တော်တော်လေးကို လုပ်ဖြစ်သွားတယ်။  အဲမှာ ဘာကို သွားတွေ့လည်းဆိုတော့ PHP function တွေကိုပဲ။ framework တစ်ခု တည်ဆောက်တဲ့အခါမှ ဘယ် function ကို သုံးရင် ကောင်းမလဲ။ ဒီ code တကယ်ရေးဖို့လိုလို့လား။ နောက်ပြီး ဘယ်လို ရေးရင် light weight ဖြစ်မလဲ စတာတွေကို စဉ်းစားလာရတယ်။ ကျွန်တော် မသိသေးပေမယ့် သုံးကောင်းတဲ့ function အချို့ PHP မှာတွေ့လာရတယ်။ နောက်ပြီး array ပိုင်းနဲ့ OOP ပိုင်းကို ပိုသဘောကျလာတယ်။

  • အခုတလော cassandra ကို ဖတ်ရင်းနဲ့ MZ ကို cassandra နဲ့ ရေးကြည့်ချင်လာတယ်။ cassandra နဲ့ project လေး တစ်ခုလောက် လုပ်ချင်တယ်။ ဒါပေမယ့် ဘာ project လုပ်ရမလဲ စဉ်းစားမရဖြစ်နေတာ။ MZ ကိုပဲလုပ်တော့မလား စဉ်းစားနေတာ။ Why MZ ! လို့ မေးလာရင်တော့ cassandra က သာမာန် project တွေ မလိုအပ်ဘူး။ တခြားမပြောနဲ့ mediawiki ကို သုံးထားတဲ့ wikipedia တောင် mysql ကို သုံးထားတာပဲ ကြည့်လေ။ mysql ကလွယ်တယ်။ နှစ်ကြာပြီဖြစ်တဲ့အတွက် community က ရှိပြီးသား။ user million နဲ့ ချီခဲ့မှသာ နည်းနည်းကြာတာ။…

  • Windows မှာတုန်းကတော့ ပြတ်တယ်။ ရွေးချယ်စရာ editor က များများစားစားမရှိဘူး။ Notepad++ နဲ့ဆို ပြီးတယ်။ ကျွန်တော်က CI ကို အဓိကသုံးတယ်ဆိုတော့ CI syntax highlighting လေးပါမှ သုံးချင်တာ။ Notepad++ က CI အတွက်မရဘူး။ အခြား IDE တွေတော့ မသုံးဖြစ်ဘူး။ လေးလွန်းလို့။ အခုနောက်ပိုင်း Mac သုံးတော့ ရွေးချယ်စရာ IDE တွေ ရှိလာတယ်။ လက်ရှိ နာမည်ကြီး IDE တွေက TextMate, Coda, Espresso , BBEdit တို့တွေပဲ။

  • ဒီနေ့ Client Server မှာ တင်တော့ mail() function က php မှာ သုံးမရဘူးဖြစ်နေတယ်။ တကယ်တန်းတော့ symfony မှာ ဘာ plugin လဲမသိပါဘူး။ မေ့တောင် မေ့သွားပြီ။ အဲဒါနဲ့တွဲသုံးထားတာ။ mail() function လိုတယ်ဆိုတာနဲ့ mail function enable လုပ်ဖို့ စရပါတော့တယ်။ Ubuntu Server ဆိုတော့ ရှာရတာ အရမ်းလွယ်တယ်။ ဘာမှ မခက်ဘူး။ exim4 ကို သွင်း။ ပြီးရင် config လုပ်။ အဲဒါကလည်း https://help.ubuntu.com/community/Exim4 အဲဒီမှာ ဖတ်လိုက်လို့ရတယ်။ sudo apt-get install exim4 လို့ သွင်းပြီး sudo dpkg-reconfigure exim4-config ဆိုပြီး…

  • တော်တော်လေးကို ကောင်းတဲ့ tutorial လေးပါ။ video လည်း download ချလို့ရတယ်။ CI ကို စလေ့လာကစလူတွေအတွက် အသုံးဝင်တယ်။ http://net.tutsplus.com/videos/screencasts/codeigniter-from-scratch-day-8/ ကျွန်တော်လည်း ဒီနေ့မှ ကြည့်မိတယ်။ မဆိုးဘူးပဲ။ tutorial လုပ်တဲ့လူက CI ကို တော်တော် အတွေ့အကြုံရှိတဲ့ပုံပဲ။ တော်တောအတုယူဖို့ကောင်းတာတွေပါတယ်။ view ဆောက်ထားတာ စနစ်ကျတယ်။ ရှင်းပြတာတွေလည်း ကောင်းတယ်။ Day 1 ကနေ ပြန်ကြည့်လိုက်တော့မယ်။ အခု Day 8 ကို ကြည့်နေတာ။

  • ဒီနေ့တော့ ရေးတာ ပြီးသွားပါပြီ။ အရင်တုန်းက ရေးထားတဲ့ library လေး ကောက်ထည့်ပြီးရင် ကျွန်တော် အရင်ကရေးထားတဲ့ framework က MVC ဖြစ်သွားပြီ။ MVC ရေးရတာ မခက်ပါဘူး။ OOP နားလည်ရင်ရပါပြီ။ ကျွန်တော် သုံးထားတဲ့ File Structure လေး ကြည့်ကြည့်ပါ။

  • JSON ကို ကျွန်တော်တို့တွေ နေရာစုံမှာ အသုံးပြုကြပါတယ်။ အရင်တုန်းကတော့ ကျွန်တော်သိတာက JSON ကို web service တွေမှာ အဓိက သုံးတယ်ပေါ့။  တကယ်တန်းတော့ မဟုတ်ပါ။ နေရာစုံမှာ သုံးနိုင်တယ်။ လိုအပ်သလို သုံးနိုင်တယ်။ အမြဲတန်းသုံးရမယ်မဟုတ်ဘူး။ ကျွန်တော်တို့ ကျောင်းမှာ သင်ခဲ့တုန်းက Database Design ရေးဆွဲတဲ့အခါမှာ 1NF , 2NF , 3NF ထိ သင်ဖူးပါတယ်။ သိပ်တော့ မမှတ်မိတော့ဘူး။ 3NF ထိလို့ထင်တာပဲ။ တကယ်တန်းတော့ 6NF ထိရှိပါတယ်။ သို့ပေမယ့် အဲလောက်ထိ မသုံးကြဘူး။ 3NF လောက်ထိ သိရင် အလုပ်ဖြစ်တယ်။ ဒါပေမယ့် JSON ကို သုံးပြီး Table တွေ လျော့ချဖို့…