Programming အခြေခံ အတွက် ဘာတွေ ရှိတယ်ဆိုတဲ့ လမ်းကြောင်းလေး ပြထားပေးတာပါ။ လိုအပ်နေပါသေးတယ်။ လိုအပ်တာတွေကို ဖြည့်စွက်ပြီး ပြောပေးကြပါ။ Changes Log version 1.1 ကို update လုပ်ထားသည်။ Knowledge နှင့် Windows Mobile ကို ထည့်သွင်းထားသည်။More
Tag Archives: programming
Meet the new language
ဘာလိုလိုနဲ့ iPhone SDK ကို လေ့လာတာ ၅ လ လောက်ရှိသွားပြီထင်တယ်။ January က စပြီး လေ့လာဖြစ်တယ်လို့ထင်ရတယ်။ ဘာလို့လည်းဆိုတော့ iPhone SDK Alert Box ဆိုတဲ့ post လေး ရေးခဲ့ဘူးလို့ပါ။ အဲတုန်းကတော့ Alert box တောင် မရေးတတ်သေးဘူး။ လုံးဝ စလုံးရေ စဆိုပါတော့။ ကျွန်တော် ၅ လ အတွင်း မှာ Objective C ကို သိရုံလေး သိလာတယ်။ တနည်းပြောရင် သူများရေးထားတာ ကူးချတတ်လာတယ်ပေါ့။ language အသစ်တစ်ခုကို ငါ ဘယ်လို လေ့လာခဲ့လဲဆိုတာကို အခုအချိန်မှာ ပြန်စဉ်းစားမိတယ်။More
Developer or Programmer
Developer နဲ့ Programmer တွေ မကွဲကြသေးတဲ့သူတွေအရင်ဆုံး dictionary မှာ အဲဒီ စာလုံး နှစ်လုံးကို ရှာကြည့်သင့်တယ်။ Developer (n) : နယ်မြေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သူ(သို့)ကုမ္ပဏီ။ (ဖလင်၊ ဓာတ်ပုံ) ပုံဖော်ဆေး။ Programmer (n) : ကွန်ပျူတာအတွက်ညွှန်ကြားချက်ရေးသားပြုစုသူ။ အဲဒါကတော့ ornagai.com မှာ ရှာထားတဲ့ result တွေပါ။ WordNet မှာ ပြထားတဲ့ result တွေကတော့ developer (someone who develops real estate (especially someone who prepares a site for residential or commercial use)) programmer, computer programmer,…More
What programming language should be learned first ?
အခုမှ programming ကို စသင်မယ်။ ဘာကို စလေ့လာသင့်လဲဆိုတဲ့ မေးခွန်းကတော့ စလုံးရေစဖို့ ပြင်နေတဲ့သူတွေအတွက်က အသိချင်ဆုံးပါပဲ။ ကျွန်တော်ကတော့ C++ ကနေ စသင်စေချင်တယ်။ Why C++ !!! လို့ ဆိုရင်တော့ ရှင်းပါတယ်။ အခြေခံ အကျဆုံးနဲ့ သက်တမ်း အရှည်ဆုံး ဖြစ်ပြီး ယနေ့တိုင် သုံးနေဆဲ language မို့ပါပဲ။ programming စလေ့လာဖို့ ပြင်တဲ့ သူတွေ မေးတတ်တဲ့ မေးခွန်းရှိတယ်။ ဘယ် language က မြန်မာနိုင်ငံအနေနဲ့ သင့်တော်မလဲ။ ဘယ် language က အလုပ်အကိုင် အခွင့်အလမ်း ရှိမလဲ။ PHP တို့ ASP.NET တို့ကကော internet မရှိပဲ ရေးလို့ရလား။ web server တွေလိုတယ်လို့ ကြားတယ်။ စသည်… စသည်ဖြင့် မေးခွန်းပေါင်းမြောက်မြားစွာ ရှိတတ်ပါတယ်။ အရင်ဆုံး ဘာမှမစဉ်းစားနဲ့။ စစဉ်းစားရမှာက ငါ…More
လုပ်ချင်တာကိုလုပ်
အခု လူငယ်တွေ ခဏ ခဏ မေးနေကြတာတွေ့ရတယ်။ ဘာလုပ်ရင် ကောင်းမလဲ။ ဘယ် programming ကို လိုက်သင့်လဲ။ web ပိုင်း နဲ့ application ပိုင်း ဘာပိုကောင်းလဲ။ အဲဒီလို မေးရင် ဖြေရတာ တကယ်ကျပ်တယ်။ တကယ်တန်းတော့ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်တာ အကောင်းဆုံးပဲဗျ။ အဲဒီ မေးခွန်းကို ကိုယ့်စီနီယာ တွေကို မေးနေတာထက် ကိုယ့်ကိုယ်ကို အရင်မေးကြည့်သင့်တယ်။ ငါ ဘာလုပ်ရင်ကောင်းမလဲ။ ငါဘယ်လိုင်း လိုက်ရင်ကောင်းမလဲ။ ကျွန်တော့်ကို မေးရင်တော့ အဖြေကရှင်းတယ်။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပဲ။More