Microsoft Excel Myanmar Unicode Font Issue in Mac

Mac မှာ Unicode font သုံးရင် Microsoft Excel မှာ Unicode မရပါဘူး။ အဓိက ပြဿနာက AAT rendering လိုနေပါတယ်။ AAT ထည့်သွင်းမရေးထားသည့် Font တွေက Mac Excel မှာ အလုပ်မလုပ်ဘူး။ ဒါကြောင့် Unicode သုံးမယ်ဆိုရင် AAT ပါသည့် Myanmar MN သို့မဟုတ် masterpiece ကို သုံးမှ ရပါလိမ့်မယ်။More

Zawgyi Decode Profile

အခြားသူတွေက ဇော်ဂျီ decode iOS profile ရှိလား မေးနေကျလို့ တင်ပေးလိုက်ပါတယ်။ ပုံမှန်အားဖြင့် အခုက စပြီး unicode ကို သုံးစေချင်တယ်။ unicode လည်း သုံးမယ် အရင်က ဇော်ဂျီလည်း ဖတ်လို့ ရစေချင်ရင်တော့ Zawgyi Decode ကို သုံးလို့ရပါတယ်။ Android မှာ ပါသည့် Noto Sans Zaw Decode ကို ထည့်ထားပါတယ်။ https://jmp.sh/v/6Peo50qATUrCGF0PyfZiMore

Hit Refresh – Satya Nadella

Hit Refresh စာအုပ်ကို ပြီးခဲ့သည့် နှစ် နိုဝင်ဘာလ ကတည်းက ဖတ်နေတာ။ ကြားထဲမှာ တော်တော်လေး အလုပ်ရှုပ်သွားပြီး ပြီးခဲ့သည့် လ က မှ ပြန် အချိန်ပေးပြီး ဖတ်ဖြစ်သည့် စာအုပ်ပါ။ ဖတ်ကာစတော့ နည်းနည်း ပျင်းဖို့ ကောင်းတယ်။ သို့ပေမယ့် Microsoft CEO တစ်ယောက် ဖြစ်လာပုံ နောက်ပြီး သူ့ မိသားစု အကြောင်းတွေ ကို အဓိက ထား ပြီး ရှေ့ပိုင်းမှာ ရေးထားတယ်။ Steve Jobs စာအုပ်လောက် စိတ်မဝင်စားမိပေမယ့် culture နှင့် cloud အပိုင်းကတော့ အတော်လေးကို စိတ်ဝင်စားဖို့ ကောင်းတယ်။ Microsoft ရဲ့ direction ကို cloud ကို…More

Why Python in Programming Basic Book ?

Programming basic စာအုပ်မှာ python နှင့် အဓိကထားပြီး ရေးထားပါတယ်။ Programming မှာ language ထက် အရေးပါတာကတော့ logic ပါ။ looping ဘယ်လိုပတ်မယ် ဘာကြောင့် ပတ်သင့်တယ်။ if condition ကို ဘယ်လို ရေးသင့်တယ်။ စသည့် အခြေခံ ကျသည့် တွေးခေါ်မှု က လိုအပ်တယ်။ ဥပမာ * ** *** **** ***** လိုမျိုး basic ကို တစ်ကြောင်းစီ ရိုက်ထုတ်လည်း အဖြေထွက်တာပဲ။ ဘာကြောင့် looping သုံးသင့်သလဲ ဆိုတာကို စဉ်းစားတတ်ဖို့ လိုတယ်။ Programming basic စာအုပ်မှာ အခြေခံ အကျဆုံး အပိုင်းတွေတာ ထည့်သွင်းထားတယ်။ python…More

Note 9

iPhone ကို ပုံမှန် သုံးနေပေမယ့် နိုဝင်ဘာလက စပြီးတော့ Note 9 ကို စသုံးဖြစ်တယ်။ စသုံးကာစကတော့ iOS လောက် သဘောမကျဘူး။ နောက်ပြီးတော့ သုံးနေကျ အတိုင်း mac နဲ့ sync မဖြစ်ဘူး။ နောက်ပြီးတော့ Android အတွက် support ဖြစ်သည့် App တွေပြောင်းသုံးရတယ်။ After Using အခု ၃ လ လောက်သုံးပြီးတော့ နေသားကျလာပါပြီ။ သဘောကျတာကတော့ ကင်မရာပဲ။ မြင်ကွင်း ပိုကျယ်ပြီး သုံးခဲ့သည့် iPhone ထက်သဘောကျတယ်။ နောက်တချက်က battery power saving mode နဲ့ ဆို တော်တော် ခံတယ်။ 4% လောက်ကျန်တော့တာကို ၈ နာရီလောက်…More

Digital Ocean Space with Laravel

ကျွန်တော်တို့တွေ အနေနဲ့ file storage အတွက် သီးသန့် server အစား amazon s3 ကို အသုံးပြုကြပါတယ်။ Digital Ocean က s3 အတိုင်း Digital Ocean Space ဆိုတာ ထုတ်ထားပါတယ်။ s3 နဲ့ api အတူတူပဲ ဖြစ်ပြီးတော့  end point ပဲ ကွာပါတယ်။ Create Space Space ကို ဆောက်ဖို့ အတွက် Digital Ocean ကို Login ဝင်ပါ။ Create a Space ကို နှိပ်ပါ။ Region ကို ရွေးပါ။ ကျွန်တော်ကတော့ Singapore ပဲ ရွေးပါတယ်။ Allow file listing မှာတော့ Restrict File…More

Programming Basic (PDF)

စာအုပ်ထုတ်ဖို့ လုပ်နေပေမယ့် အခုထက်ထိ လေ့ကျင့်ခန်းတွေရဲ့ အဖြေတွေထည့်ဖို့ ကျန်သေးလို့ မထုတ်ဖြစ်သေးဘူး။ အခု အကြမ်း version ကို ဖတ်ချင်သည့်သူတွေ အနေနဲ့ အောက်က link မှာ download ချနိုင်ပါတယ်။ http://jmp.sh/nn48Gae လိုအပ်တာတွေ နားမလည်တာတွေ ရှိရင် https://github.com/saturngod/programming_basic_qa/issues မှာ မေးမြန်းနိုင်ပါတယ်။More

၂၀၁၇

၂၀၁၈ ထဲရောက်လို့ ဖေဖော်ဝါရီတောင် ရောက်ပြီ။ နှစ်စ ကတည်းက အလုပ်ရှုပ်နေတာနှင့် အခုမှ ၂၀၁၇ မှာ ဘာတွေလုပ်ခဲ့လဲ ဘာတွေ ပြီးခဲ့လဲဆိုတာကို ပြန်ချရေးဖို့ အချိန်ရှိတော့တယ်။ ၂၀၁၆ အကုန်မှာ မြန်မာနိုင်ငံ ပြန်ရောက်ပြီး ယောင်ချာချာ ဖြစ်နေပေမယ့် ၂၀၁၇ မှာ ကိုယ်ပိုင် startup သေးသေးလေး စဖြစ်ခဲ့တယ်။ ၂၀၁၇ ၁ နှစ်လုံးက ဘဝ အတွက် သင်ခန်းစာတွေ အများကြီး ရခဲ့သည့် နှစ်ပဲ။ အထူးသဖြင့် သား ကို ၂၀၁၇ နှစ်စ မှာ မွေးခဲ့တော့ ၁ နှစ်လုံး သားရယ် အလုပ်ရယ် နှင့်ပဲ အချိန်တွေက အတော်လေးကို ကုန်သွားတယ်။ ၁ နှစ်ကုန်သွားလို့ ဘာစာအုပ်တွေ ဖတ်ဖြစ်လဲလို့…More