saturngod

  • share point ဆိုတာက Microsoft က ထုတ်ထားတာပါ။ ပုံမှန်အားဖြင့် ရုံးတွေမှာ MS office နဲ့ တစ်ယောက်က ရိုက်ထားလိုက်။ အဲဒါကို နောက်တစ်ယောက်က ပြန်ပြင်လိုက်။ ပြန်ပြင်တဲ့အချိန်မှာလည်း အရင်တစ်ယောက်က ပြင်ပြီး ရိုက်နေ။နောက်ဆုံးတော့ ဘယ်ဟာကို သုံးလို့သုံးရမှန်းမသိ ဖြစ်တတ်ပါတယ်။ အဲလိုမျိုး Excel တွေမှာလည်း ရှုပ်နေတတ်ပါတယ်။ Share Point ကို အသုံးပြုပြီးတော့ တပေါင်းတစည်းထဲ အလုပ်လုပ်နိုင်ပါတယ်။ ဘယ်အချိန်မှာ ဘယ်သူပြင်သွားတယ်။ ဘယ်အချိန်မှာ ဘယ်သူ commit လုပ်လိုက်လဲဆိုတာကို သိနိုင်တယ်။ နောက်ပြီး file တွေကို group , member စတာတွေကို သီးသန့်ခွဲထုတ်ပြီး access ပေးလို့ရပါတယ်။ နောက်ပြီး document တွေအကုန်ပြန်ရှာလို့ရတယ်။ Wiki Page…

  • snippets ဆိုတာက code အတိုအထွာလေးတွေကိုပြောတာပေါ့။ တစ်ခါတစ်လေ code သေးသေးလေးတွေ ကျွန်တော်တို့တွေ တွေ့ထားတာလေးတွေ ရှိတယ်။ ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ်ရေးဖြစ်တာလေးတွေ ရှိတတ်တယ်။ ဥပမာ။ jquery 1.4 အသစ်ထွက်တာလေးတွေ code လေးတွေ example လေးတွေနဲ့ ပြထားတယ်။ အဲလိုမျိုးလေးတွေက snippets လေးတွေပေါ့။ code အများကြီး မဟုတ်ဘူး။ သေးသေးလေးလေးတွေ။ Twitter နဲ့ PHP သုံးနည်း code လေးလိုမျိုးတွေပေါ့။ class တစ်ခုလုံးလည်း မဟုတ်သလို စာကြောင်းကလည်း ၁၀ ကြောင်းတောင် မပြည့်တဲ့ code လေးတွေပေါ့။ အဲဒီလိုမျိုး code တွေကို သိမ်းဖို့အတွက် Snippets Management တွေ ရှိလာပါတယ်။ နောက်ပြီး သူများရေးထားတဲ့ snippets လေးတွေ…

  • ရန်ကုန်မှာ အရင်တုန်းက Web Design ပိုင်းသင်တုန်းက PSD နဲ့ပုံတွေ ဆွဲပြီးတော့ HTML ပြန်ထုတ်ခိုင်းတာ မှတ်မိသေးတယ်။ တော်တော်လက်ဝင်တဲ့ အလုပ်ဗျာ။ နောက်ပြီး ပုံက ထွက်လာရင် skill နဲ့ က မကိုက်တာတွေ ဖြစ်လာပြန်ကော။ ဘာဖြစ်လို့ဆွဲခိုင်းတာလဲတော့ မသိ။ ကျွန်တော့်အတွက်တော့ အလကား အပိုအလုပ်ရယ်လို့တောင် မြင်လာသလိုပဲ။ Photoshop နဲ့ဆွဲတော့ HTML မထွက်ခင် design တော့ ကြိုမြင်ပါရဲ့။ ထွက်လာတဲ့ design နဲ့က HTML ထုတ်ရင် scale တွေက ဘယ်တူတော့မလဲလို့တောင် စဉ်းစားမိသေးတယ်။ အခုမှပဲ နားလည်တော့တယ်။ သင်တန်းတုန်းက grid system ကို မသင်ခဲ့ရတာကိုး။ ရုံးမှာ web designer က photoshop…

  • တော်တော်လေးကို ကောင်းတဲ့ tutorial လေးပါ။ video လည်း download ချလို့ရတယ်။ CI ကို စလေ့လာကစလူတွေအတွက် အသုံးဝင်တယ်။ http://net.tutsplus.com/videos/screencasts/codeigniter-from-scratch-day-8/ ကျွန်တော်လည်း ဒီနေ့မှ ကြည့်မိတယ်။ မဆိုးဘူးပဲ။ tutorial လုပ်တဲ့လူက CI ကို တော်တော် အတွေ့အကြုံရှိတဲ့ပုံပဲ။ တော်တောအတုယူဖို့ကောင်းတာတွေပါတယ်။ view ဆောက်ထားတာ စနစ်ကျတယ်။ ရှင်းပြတာတွေလည်း ကောင်းတယ်။ Day 1 ကနေ ပြန်ကြည့်လိုက်တော့မယ်။ အခု Day 8 ကို ကြည့်နေတာ။

  • မနေ့တုန်း အစည်းအဝေးမှာ blog content တွေအကြောင်း ပြောတယ်။ company တစ်ခုရဲ့ blog content က အရေးပါသလို ငွေပေါင်းမြောက်မြားစွာ ရအောင်လည်း ဖန်တီးပေးနိုင်တယ်ဆိုတာလည်း သိလိုက်ရတယ်။ CMS နဲ့ blog က မတူပါဘူး။ ဆင်မယောင်နဲ့ ကွဲပြားပါတယ်။ CMS ဖြစ်တဲ့ joomla တို့ drupal တို့ နဲ့ blog engine ဖြစ်တဲ့ wordpress တို့နဲ့ ပုံစံ သွင်ပြင်ကွာပါတယ်။ အတော်များများက CMS နဲ့ blog မကွဲပြားကြဘူး။

  • တော်တော်ရယ်ရတာပဲ.. သူပြောတော့လည်း ဟုတ်နေတာပဲ… နောက်မှ video site မှာ upload ပြန်တင်လိုက်အုံးမယ်။ http://sharepoint.microsoft.com/businessproductivity/why-microsoft/pages/google-apps.aspx#fbid=cInf6-ifB6W

  • အကုန်လုံးက cloud လို့ အော်နေကျတာရယ် ကိုယ်ကလည်း cloud ထဲရောက်မှန်းမသိ ရောက်နေတာရယ်။ နောက်ပြီး ရုံးက google doc ကိုပြောင်းဖို့တွန်းအားပေးတာကြောင့် pages နဲ့ ရေးထားတဲ့ စာတွေကို ပြောင်းမယ်လို့ ပြင်လိုက်တယ်။ အရင်ဆုံး အကုန်လုံးကို copy ကူး ပြီးတော့ google doc ပေါ်မှာ တင်ပေါ့။ အကုန်လုံးတော့ တက်သွားပါရဲ့ ပုံတွေပါမလာဘူး။ web 2.0 ရောက်နေပေမယ့် ကိုယ့်စက် clipboard ထဲမှာရှိတဲ့ picture ကိုတော့ အလိုလို upload တင်ပေးတာကတော့ မရသေးဘူးဗျ။ ဘယ်တော့ဆိုရင်တော့ clipboard ထဲက data ကို ဖတ်ပြီး picture upload တင်လို့ရမလဲမသိဘူး။ ဒါနဲ့ pages file…

  • အခုလေးတင်မှ ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၊ အင်းလျားကန်ပေါင်နှင့် လူအများနှင့် သက်ဆိုင်သောနေရာများတွင် အမြင်မသင့်လျော်စွာ နေထိုင်သည့်စုံတွဲများအား အရေးယူသွားမည် ဆိုတဲ့ သတင်းဖတ်မိတယ်။ တစ်ခါတည်း ဘာကို ပြေးသတိရသွားလဲဆိုတော့ UCSY ကို တန်းပြီး သတိရသွားတာပဲ။ ကျွန်တော်တို့ UCSY မှာလည်း ဒေါ်နီလာသိန်း ပါချုပ်ဖြစ်တော့ UCSY က အတွဲတွေကို အခန်းအပြင်မှာ မမြင်ချင်ဘူး။ ရုပ်ပျက်တယ်။ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး ခေါ်ပြီး အရေးယူတာတို့ အတင်းပေးစား လိုက်တာတို့ ရှိခဲ့ပါတယ်။ ဒါတွေကလည်း သိပြီးသားပါ။ ဆရာမလေးတစ်ယောက် သူ့ရည်းစားနဲ့ အတူတူ အပြန်မှာ fire road ကြီးမှာ လမ်းလျှောက်တုန်း ဆရာမကြီးကားပေါ်ကနေဆင်းပြီး ဆဲခဲ့တာတွေလည်း ရှိပါ့။ အဲဒီလို တင်းကျပ်တော့ အချို့ အတွဲတွေက ရထားတွဲထဲရောက်လိုရောက် ဒါမှမဟုတ် သာဓုကန်ဘက်ကို…