saturngod
-
မြန်မာ website တွေထဲမှာ scratch ကနေ စပြီး ဆွဲထားတဲ့ site တွေကို သိချင်နေပါတယ်။ showcase လေးလုပ်မလားလို့ စဉ်းစားမိလို့။ ကျွန်တော် သိသလောက်က Books Hive Address: http://www.books-hive.com Category: Ebook Sharing Site Language: PHP Developer: Thet Twe Aung Burglish Address: http://burglish.my-mm.org/latest/trunk/web/testarea.htm Category: Myanmar Font Lanuage: Javascript with AJAX Developer: Soe Min Light Myanmar Dictionary Address: http://en.my-mm.org/ Category: Dictionary Language: PHP Developer: Soe Min
-
ဆင်းရဲမွဲတေမှုပြဿနာကြောင့် လူသားမျိုးနွယ်ပျောက်ဆုံးသွားနိုင်တယ်။ Global Warming ကြောင့် ကမ္ဘာကြီး ပျက်သုန်းသွားနိုင်တယ်။ ဒီနေ့ အိပ်ရာနိုးတော့ Facebook မှာ မြင်လိုက်ရတာက ချီလီနိုင်ငံ မြေငလျင် သတင်းနဲက ဂျပန်ကို ဆူနာမီ ဝင်တော့မယ်ဆိုတဲ့ Alert တွေတွေ့လိုက်ရတယ်။ အမှန်တိုင်း ဝန်ခံရရင် အရမ်းလန့်သွားမိတယ်။ ဟေတီ ငလျင်ဖြစ်ပြီးတာ ဘာကြာသေးလို့လဲ။ အခုတစ်ခေါက် ထပ်ပြီး ငလျင်လှုပ်ပြန်ပြီဆိုတော့ ဆက်တိုက်ဆိုသလို ဖြစ်နေပြီပဲ။ ငလျင်လှုပ်လိုက်တာနဲ့ မပြီးသေးပဲ Japan မှာ ဆူနာမီ alert ဖြစ်လို့ ချက်ခြင်း လူ ၃ သိန်းကျော် နေရာရွေ့ပြောင်းခဲ့ရတယ်။ အရင်တုန်းက သဘာဝ ဘေးအန္တာရယ် တစ်ခုပြီးတစ်ခု ကပ်ဆိုက်တာ မြန်လာ သလိုပဲ။ နည်းပညာတွေ တစ်ခုပြီး တစ်ခု အရင်တုန်းကထက် ပြောင်းလဲနှုန်း…
-
ကျွန်တော်လည်း ဘိုဘို ကြိုက်ပါတယ်။ ဒါပေမယ့် website of the year ကို http://bobo.6te.net/ ကိုပေးလိုက်တာတော့ လုံးဝ လုံးဝ နားမလည်ဘူး။ MCF က လူတွေ website of the year ကို ဘာအချက်နဲ့ရွေးချယ်လိုက်တာလဲ။ နောက်ပြီး ကျယ်ကျယ်ပြန့်ပြန့်မကြည့်ဘူးလား။ ဒါမှမဟုတ် ဂျာနယ်တွေ ကြော်ငြာတွေပါတဲ့ အထဲကပဲရွေးတာလား။ သူ့ထက်စာရင် myanmardaily.net က ရသင့်တယ်လို့ထင်တယ်။ ဘာကြောင့် ဘိုဘို မရသင့်တာလဲဆိုတော့
-
ဟိုနေ့က VPS မှာ symfony setup လုပ်ရတယ်။ symfony ကို hosting တစ်ခုကိုပေးပြီး setup လုပ်ခိုင်းတာ ဘယ်လိုမှ မလုပ်တတ်တာနဲ့ နောက်ဆုံး VPS တစ်လုံး ဝယ်လိုက်ရတယ်။ ရုံးမှာကလည်း Linux သမားဆိုလို့ အခုချိန်မှာ ကျွန်တော်ရယ် Boss ရယ်ပဲရှိတော့တယ်။ ကျန်တဲ့သူတွေက Linux မသုံးတတ်။ အကုန် Windows က လာတာကြီးပဲ။ နောက်ပြီး symfony ကို setup မလုပ်တတ်တာနဲ့ ကိုယ်ကပဲ လုပ်ရတာပေါ့။ VPS အတွက် OS ကိုမေးတော့ ထုံးစံအတိုင်း Ubuntu ပဲပေါ့။ အဲမှာ ကျွန်တော်က ကြောင်တောင်တောင်နဲ့ သွားမေးတာရှိသေးတယ်။ NS1 နဲ့ NS2 သွားတောင်းတာလေ။ ဟိုဘက်…
-
လာမယ့်သူများ အောက်က form တွင်ဖြည့်ပေးစေလိုပါသည်။ form မဖြည့်ပဲနှင့်လည်း တက်ရောက်နိုင်ပါသည်။ form ဖြည့်ခိုင်းရခြင်းမှာ လက်ဆောင်များပေးရန်အတွက် ရည်ရွည်ပါသည်။ နေရာနှင့်အချိန်ကို သေချာလျှင် ပြန်ကြေငြာပါမည်။ ဒီနှစ် အခြား နှစ်တွေလို မဟုတ်ပဲ beginner နဲ့ Professional တွေကြားမှာ medium သဘောမျိုးအနေနဲ့ ဆောင်ရွက်ချင်ပါတယ်။ လူငယ်တွေ ဘာသိချင်လဲ။ ဘာဖြစ်ချင်လဲ။ ဘာလို့ beginner ကနေ တက်ရတာ ခက်နေတာလဲ။ ဘာတွေ လိုအပ်လဲ။ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်ဖို့ ကိုယ်လိုချင်တဲ့ အလုပ်အကိုင်တွေ ရဖို့ ဘာတွေ ပြင်ဆင်ထားရမလဲ။ အဓိက ဆွေးနွေးတဲ့သဘောမျိုးနဲ့ သွားမှာပါ။ ကျွန်တော်တို့ MZ အနေနဲ့လည်း လက်ရှိ အောင်မြင်နေတဲ့ geek တွေကို ကြိုးစားဖိတ်ပေးပြီး လူငယ်တွေရဲ့ အမေးတွေကို…
-
ဒီနေ့ ရုံးမှာ အလုပ်အတူတူလုပ်တဲ့ အစ်မက မေးတယ်။ Programming ကို ဝါသနာပါတာမဟုတ်ဘူးလားတဲ့။ အဖြေကတော့ မဟုတ်ပါ။ လူအများစုကလည်း ကျွန်တော် programming ပိုင်း ဝါသနာ ပါတယ်လို့ ထင်ရင် ထင်စရာပါပဲ။ ကျွန်တော့် ဝါသနာဟာ ဘာလဲလို့ ကိုယ့်ဘာသာကိုယ် စဉ်းစားမလို့ ကြံတုန်း ခေါင်းထဲမှာ စဉ်းစားဖို့တောင် မလိုပဲ ဝင်လာပါတော့တယ်။
-
ဒီနေ့တော့ ရေးတာ ပြီးသွားပါပြီ။ အရင်တုန်းက ရေးထားတဲ့ library လေး ကောက်ထည့်ပြီးရင် ကျွန်တော် အရင်ကရေးထားတဲ့ framework က MVC ဖြစ်သွားပြီ။ MVC ရေးရတာ မခက်ပါဘူး။ OOP နားလည်ရင်ရပါပြီ။ ကျွန်တော် သုံးထားတဲ့ File Structure လေး ကြည့်ကြည့်ပါ။
-
Abstract class Controller extends Loader { public $load; function Controller() { $this->load=$this; } abstract function index(); } So, I can call like this class IndexController extends Controller { function IndexController() { parent::Controller(); } function index() { $this->load->model(“simple”); print_r($this->simple); } } This is my first time setting look like this and I never thinking before $this->load=$this…
