saturngod

  • Pubic Access Center ဖွင့်လှစ်သူများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ ၁။ လာရောက်အသုံးပြုသူများ၏ နိုင်ငံသားစီစစ်ရေးကဒ်ပြားအား ကြည့်ရှုစစ်ဆေး၍ အမည် ၊ မှတ်ပုံတင်အမှတ် ၊ (Pasport Number) ၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပတ် စသည်တို့ကို မှတ်ပုံတင်ထားရှိရမည်။ ၂။ လာရောက်သုံးစွဲသူများ၏ သုံးစွဲမှုမှတ်တမ်း (Date/Time/Screenshot/URLs) အား (၂)ပတ် တစ်ကြိမ် Myanmar-Info-Tech သို့ CD ဖြင့်ရေးသားပေးပို့ရမည်။ ၃။ အလားတူ မိမိတို့ထံတွင်လည်း Back-up အားသိမ်းဆည်းထားရှိရမည်။ ၄။ Screen Shot များကို (၅)မိနစ် တစ်ကြိမ် ရယူထားရမည်။ ၅။ မော်နီတာများအား အများမြင်သာသည့်ဘက်သို့ မျက်နှာမူထားရှိရမည်။

  • wordpress မှာ blog လုပ်တာ မြန်မာလို မပေါ်ဘူး။ နောက်ပြီး plugin တွေကို ကိုယ်လိုချင်တဲ့ plugin မရဘူးဖြစ်နေလား။ wordpress blog ကို ကိုယ်ပိုင် host မထိုင်တတ်ဘူးလား။ blog လုပ်ချင်ပြီး ဘယ်ကနေ စလုပ်ရမှန်းမသိတာလား။ အဲဒီအတွက် MZ blog လာပါပြီ။ ကျွန်တော်တို့ MYSTERY ZILLION ကပေးလိုက်တဲ့ နောက်ထပ်တစ်ခုပါ။ Blog တွေကို လွယ်လွယ်ကူကူလုပ်နိုင်အောင် စီစဉ်ထားပါတယ်။ template တွေအများကြီးထည့်ထားတယ်။ နောက်ပြီး လိုအပ်တဲ့ plugin တွေထည့်သွင်းထားပေးတယ်။ blogger ကနေလည်း import လုပ်လို့ရတယ်လေ။ www.mzblog.net ကနေ သင် blogger တစ်ယောက်ဖြစ်လာဖို့ လမ်းစ တစ်ခု ဖွင့်ပေးလိုက်ပါတယ်။

  • Software source အသစ်ထည့်ခြင်း Terminal တွင် $sudo gedit /etc/apt/sources.list လို့ရိုက်လိုက်ပါ။ password ကို ထည့်လိုက်ပါ။ # newer versions of the distribution ကိုရှာလိုက်ပါ။ အဲဒီ အောက်တွင် deb http://security.ubuntu.com/ubuntu/ hardy main deb http://mirror.in.th/ubuntu hardy main deb http://repository.cairo-dock.org/ubuntu hardy cairo-dock deb http://ppa.launchpad.net/googlegadgets/ubuntu hardy main deb-src http://ppa.launchpad.net/googlegadgets/ubuntu hardy main ထည့်သွင်းလိုက်ပါ။ ပြီးရင် save သွင်းပြီး ပိတ်လိုက်ပါ။ terminal တွင် $sudo apt-get update ရိုက်ထည့်လိုက်ပါ။ အဲဒါကတော့ package list…

  • MZ မကြာခင်ပြန်လာမှာပါ။ အခုအကုန်လုံး ဝိုင်းဝန်းလှုကြလို့ အဆင်ပြေလာပါပြီ။ grid server နဲ့ vbulletin ကို ကိုမင်းကျော်က စိုက်ဝယ်ပေးထားတယ်။ အလှုငွေနဲ့ အကြွေးပြန်ဆပ်မှာပါ။ အခုဖြစ်နေတဲ့ ပြသနာတစ်ခုကတော့

  • သင့်ရဲ့ blog ကို backup လုပ်ဖို့မမေ့ပါနဲ့။ တပတ်တကြိမ်လောက်တော့ လုပ်ထားပါ။ ဘာတွေလုပ်ရမလဲ။ ဘယ်လိုလုပ်ရမလဲ။ သိပ်မခက်ပါဘူး။ ကျွန်တော်က wordpress သုံးတဲ့အတွက် wordpress မှာဆိုရင်တော့ firefox addon ဖြစ်တဲ့ fireftp ကိုအသုံးပြုပြီး ftp ကနေ file တွေကို backup လုပ်ပါတယ်။ ကိုယ့် blog က ကိုယ်ပိုင် host မှ ftp သုံးလို့ရမှာနော်။ နောက်မို့ဆိုရင်တော့ မရဘူးဗျ။

  • ကျွန်တော် ကိုအိမောင်ပြောတဲ့ အတိုင်း bug ကို fix လုပ်ထားပြီးပါပြီဗျာ။ Fixed: Myanmar Keyboard တွင် ဇော်ဂျီတစ်ခုတည်းထည့်သွင်းထားခြင်း။ Manual တွင် နည်းနည်းပြင်ခြင်း Download

  • MZ နဲ့ပတ်သက်ပြီး ပြောဖို့ ကျန်ခဲ့တာလေးတွေပါ။ Edu ကိစ္စပေါ်ပေါက်လာပုံ။ MZ စတင်ကာစက ကိုပီဇီ နဲ့ ကျွန်တော် moodle ကို ပူးပေါင်း အကောင်အထည် ဖော်ဖို့ကြိုးစားခဲ့ပါတယ်။ အဲဒီ အချိန်က MZ က အခုလိုမျိုးမဟုတ်ပါဘူး။ လူလည်း နည်းပါးနေပါတယ်။ ကို DBA ပြောတဲ့ အချိန်မှ MZ စတင်ကာလကို ကျွန်တော်တို့တွေ ပြန်လည် သတိရလာမိပါတယ်။ ဒါကြောင့် ကို DBA ကို ကျေးဇူးတင်ပါတယ်။ Edu ကိစ္စမှာ ကို DBA နာမည် ဂျာနယ်မှာ မပါခဲ့တာ ကျွန်တော်တို့ နှစ်ယောက် မေ့လျော့မှုပါ။ အခုလို ထောက်ပြတဲ့ အတွက် ကျွန်တော်တို့အတွက် အကျိုးကျေးဇူးရှိပါတယ်။ ကျွန်တော်သီးသန့် MZ edu…

  • တနေကုန်လုံး မူးနောက်သွားတာပဲ။ MZwiki မှာ မူရင်း wikipedia လို infobox လေးရဖို့ ဖတ်လိုက်ရတဲ့စာတွေ မနည်းဘူးပဲ။ အဓိကတော့ မူရင်း code ကို နားလည်အောင် မနည်းဖတ်ရတယ်။ မူရင်း code ကြီးက တကယ့်ကို structure ကျလွန်းတယ်။ နောက်ပြီး တော်ရုံတန်ရုံကူးလို့မရအောင် လုပ်ထားတယ်။ မနည်းနားလည်အောင် ဖတ်ရတယ်။ သူ့အတိုင်း တိုက်ရိုက်ကူးရင်မရဘူးဗျ။ Mediawiki မှာသုံးတဲ့ parser တွေကို သေသေချာချာ ဖတ်ရတယ်။ နောက်ပြီး စမ်းပြီးလုပ်ရတယ်။ အခုတော့ တော်တော် အဆင်ချောလာပြီ။ မူရင်းလောက်မတူရင်တောင် မူရင်းလောက်နီးပါး ကောင်းအောင် ပြုပြင်ဖြည့်စွက်ထားတယ်။ ကိုယ်ပိုင် template တွေ သေသေချာချာ ဆွဲရတယ်။ code တွေကို လိုက်ဖတ်လေလေ မူရင်းလုပ်ထားတဲ့လူတွေကို သဘောကျလေလေပဲ။…