saturngod

  • iOS development လုပ်သည့်အခါမှာတော့ Delegate ကို မဖြစ်မနေ သိဖို့လိုအပ်ပါတယ်။ Delegate ကတော့ Table View ကို အသုံးပြုသည့်သူတွေ အနေနဲ့ သိပါလိမ့်မယ်။ သို့ပေမယ့် အခုမှ စပြီးလေ့လာသူတွေ အနေနဲ့ Delegate ကို မသိပဲ table view ကို အသုံးပြုနေကြသူတွေလည်း ရှိပါလိမ့်မယ်။ Table View မှာ အဓိက အားဖြင့် Delegate နဲ့ Data Source ဆိုပြီး ပါပါတယ်။ Data Source ကတော့ Rows ဘယ်နှစ်ခု ပါမလဲ ၊ Section ဘယ်နှစ်ခု ပါမလဲ အတွက် အသုံးပြုပါတယ်။ Delegate ကတော့ Table မှာ Cell…

  • စာအုပ်ကို ဝယ်ထားတာတော့ ကြာပြီ။ သို့ပေမယ့်လည်း ဒီစာအုပ် ဖတ်မယ်လုပ်လိုက်တိုင်း အခြား စာအုပ်တွေ အရင် ဖတ်ဖြစ်နေနေတယ်။ ဒီနေ့မှပဲ ဖတ်လို့ ပြီးသွားတယ်။ အခြား မြန်မာစာအုပ်တွေ နှင့် မတူပဲ ဖြေးဖြေးနဲ့ အေးအေးဖတ်ဖြစ်သည့် စာအုပ်တစ်အုပ်လို့ ဆိုရမယ်။ သီပေါမင်း အကြောင်းဆိုလို့ ကျောင်းမှာ သင်တာကတော့ အနည်းအကျဉ်းလောက်နဲ့ သူ့ကျွန်မခံပြီ ရုပ်ရှင်ကားလောက်ပဲ ရှိတယ်။ အောင်မြင်သည့် မင်းတစ်ပါး မဟုတ်တာရယ် နောက်ဆုံးမင်းဖြစ်တာကြောင့် ထွေထွေထူးထူး အကြောင်းအရာတွေ ကို ကျောင်းမှာ မသင်တာလည်း ဖြစ်နိုင်ပါတယ်။ နန်းကျဘုရင် စာအုပ်လေးက သီပေါမင်း အကြောင်းကို တော်တော်လေး ရေးသားထားတယ်။ ဒါ့အပြင် သီပေါမင်း နတ်ရွာစံပြီးနောက်ပိုင်း သူ့မိသားစု အခြေအနေတွေပါ ရေးထားတယ်။ မြန်မာ အတော်များများက သီပေါမင်း အကြောင်းကို…

  • Creativity, Inc စာအုပ်ကို ပြီးခဲ့တဲ့ လ က ဖတ်လို့ ပြီးသွားတယ်။ ဒီစာအုပ်ကို စဖတ်တုန်းကတော့ Toy Story, Cars , Monster Inc စတဲ့ ကာတွန်းကားတွေ ထုတ်တဲ့ Pixar အကြောင်း ရေးထားတာလို့ ပဲ သိခဲ့တယ်။ ဒီစာအုပ်ကို စဖတ်ပြီးတော့ မကြာခင်မှာ သိလိုက်တာက Company တစ်ခု အကြောင်း ဆိုတာထက် ပိုတယ်။ စာအုပ် အစ ပိုင်းမှာ Pixar မဖြစ်လာခင်က တက္ကသိုလ်ကျောင်းသား ဘဝ မှာ လက်ဖဝါးပုံကို 3D Animation အကြောင်းကို ဖတ်လိုက်ရတော့ စိတ်ထဲမှာ ဟာ… ကနဲ ဖြစ်သွားတယ်။ University of Utah မှာ 1976…

  • တချို့တွေက CV လို့ ခေါ်ကြပြီး တချို့တွေက Resume လို့ ခေါ်ကြတယ်။ အဓိကတော့ အလုပ်လျှောက်ဖို့ ကိုယ်ရေး အကျဉ်းပေါ့။ Resume ကတော့ cover letter လေးပါတတ်ပြီးတော့ CV ကတော့ မပါလာပါဘူး။ သိပ်တော့ အကွာကြီး မဟုတ်လောက်ပါဘူး။ အခုတလော Resume တွေ ဖတ်ကြည့်ဖြစ်သည့် အခါမှာ ကျောင်းပြီးကာစ fresh graduated တွေက resume ကောင်းကောင်း မရေးတတ်တာကို တွေ့ရတယ်။ နောက်ပြီးတော့ တချို့တွေက ပုံစံတူတွေ များတော့ စာစီစာရိုက်ဆိုင်မှာ form ပုံစံ ရှိပြီး အဲဒါလေးကိုပဲ ဖြည့်လိုက်တာများလားလို့တောင် ထင်မိတယ်။ ကျွန်တော် စင်္ကာပူ စရောက်ကာစ Resume ကောင်းကောင် မရေးတတ်လို့ ကိုမျိုးအောင် (ကိုဒီဘီ)…

  • LetEncrypt with Nginx on Ubuntu mmwebfonts ကို https အတွက် cloudflare ကို အသုံးပြုထားခဲ့ပါတယ်။ ပြဿနာကတော့ MPT connection ပဲ။ ornagai website ကို DDOS အများဆုံး တိုက်တာကလည်း MPT IP ကပဲ။ တခြား website တွေကလည်း အဲဒီ ပြဿနာရှိတာကြောင့် MPT IP ဆိုရင် bot လား လူလား စစ်တဲ့ အဆင့် ကို cloud flare က ထည့်ထားတယ်။ ဒါကြောင့် mmwebfonts ကို cloudflare ကနေပြီးတော့ LetsEncrypt ကို ပြောင်းလိုက်ပါတယ်။ LetsEncrypt ဟာ ကိုယ့်ရဲ့ website…

  • Ornagai ကို ဒီတစ်ခေါက် App store ပေါ်ကို Swift 3 ပြောင်းပြီး Xcode 8 နဲ့ တင်တော့ Invalid Bundle – One or more dynamic libraries that are referenced by your app are not present in the dylib search path. ဆိုပြီး ပြနေတယ်။ နည်းမျိုးစုံ ရှာပြီး စမ်းပေမယ့် မရဘူး။ တချို့တွေကတော့ framework ကျန်ခဲ့လို့ဖြစ်မယ်။ otool -L [filename] နဲ့ စစ်ကြည့်လို့ ပြောတယ်။ @rpath နဲ့ ဖြစ်ရမယ်လို့ ဆိုပေမယ့် စစ်ကြည့်တော့လည်း…

  • ဘဝမှာ computer development နဲ့ ပတ်သက်ပြီးတော့ စပြီး ထိတွေ့ခဲ့ရတာ HTML ပဲ။ ငယ်ငယ်ကတည်းက computer ကို ဖွင့်ပြီး ဟိုနှိပ် ဒီနှိပ်။ ဟို click ဒီ click လုပ်ရင်း လေ့လာခဲ့တယ်။ ၁၀ တန်းလောက်မှာမှ Microsoft Office မှာ ပါလာတဲ့ FrontPage ဆိုတာကို စပြီး တွေ့ဖူးခဲ့တယ်။ အဲဒီတုန်းကလည်း internet ဆိုတာ ဘာမှန်း တကယ် ကို မသိခဲ့တာ။ နောက်ပြီး connection က dial up လောက်ပဲ ရှိပြီးတော့ ဘာ website မှ ထွေထွေထူးထူး ကြည့်လို့ မရတာ ကြောင့်လည်း စိတ်မဝင်စားတာ ပါတယ်။ FrontPage…

  • Programming Basic စာအုပ်မှာ Python ကို အသုံးပြုပြီးရေးထားတော့ website ပေါ်မှာ python code run အောင် ဘယ်လို လုပ်ထားသလဲ ဆိုပြီး မေးကြတာ တွေ့ပါတယ်။ Python ကို website တွေမှာ run ဖို့ အတွက်ကတော့ brython ကို အသုံးပြုထားပါတယ်။ Gitbook ကို အသုံးပြုထားသည့် စာအုပ်ထဲမှာ ရေးဖို့ကတော့ brython တစ်ခု တည်းမရတော့ပါဘူး။ Editor လေးပါ ပြချင်တာကြောင့် Ace editor နဲ့ တွဲပြီး သုံးထားပါတယ်။ CodeMirror ကို Gitbook မှာ အသုံးပြုလို့ မရပါဘူး။ require js library ကြောင့် conflict ဖြစ်နေပါတယ်။…