saturngod

  • Rabbit Converter ကို လူတော်တော်များများ သိပါလိမ့်မယ်။ WTFPL လိုင်စင် နဲ့ပေးထားပြီးတော့ ဘယ်သူမဆို လွယ်လင့်တကူ ကူးယူ အသုံးပြုနိုင်သည့် Zawgyi ကနေ Unicode, Unicode ကနေ Zawgyi ပြောင်းသည့် editor လေးပါ။ အခု mac အတွက် App ကို App Store ပေါ်ကနေ download ချနိုင်ပါပြီ။ အခု Version က အကြမ်းထည်လောက်ပဲ ရှိပါသေးတယ်။ design တွေ နောက်ပြီးတော့ menu bar icon တွေ ထပ်ဖြည့်ထားဖို့လိုပါတယ်။

  • Blog ကို ဇော်ဂျီ ပြန်ပြောင်းလိုက်ပါပြီ။ unicode နဲ့ ပတ်သက်ပြီးတော့ စသိခဲ့တာကတော့ Myanmar 2 font က စခဲ့တယ်။ စာလုံးတွေ အစုံ မပါသေးသလို မြန်မာစာကလည်း သေသေချာချာ အလုံးစုံ ရိုက်လို့ မရသေးဘူး။ ပြီးတော့ မြန်မာ ၂.၂ ပြောင်းတယ်။ ပြီးတော့ မြန်မာ ၃ ပြောင်းတယ်။ မြန်မာ ၂ က ရိုက်ထားသည့် စာတွေ အကုန်လုံး မြန်မာ ၃ မှာ မမြင်ရတော့ဘူး။ converter တွေကလည်း မြန်မာ ၂ ကနေ မြန်မာ ၃ ပြောင်းသည့် အချိန်မှာ ချက်ခြင်း မထွက်လာနိုင်ခဲ့ဘူး။ ၂၀၀၇ လောက်တုန်းက လူတိုင်း အင်တာနက် မသုံးသေးသည့်…

  • အခုတလော အားတာနှင့် စာအုပ် ကိုသာ ဖိရေးဖြစ်တယ်။ အခုတော့ အခန်း ၈ ပြီးသွားပြီ။ အခက်အခဲဆုံး ၃ ပိုင်းဖြစ်သည့် ၈ ၊ ၉ ၊ ၁၀ ထဲက အခန်း ၈ ပြီးသွားတော့ နည်းနည်းလေး စိတ်သက်သာသွားတယ်။ အခန်း ၉ မှာ binary tree အကြောင်းပါမယ်။ ဒီအပိုင်းကို နားလည်အောင် ပြောဖို့ က နည်းနည်း ခက်တယ်။ ကြိုးစားပြီးတာ့ နားလည်အောင်တော့ ရေးပါမယ်။ အခု အခန်း ၈ မှာ array searching , sorting တွေပါတယ်။ လုပ်ငန်းခွင်ဝင်နေပေမယ့် array sorting ကို built in function မသုံးပဲ…

  • ၈ တန်း နဲ့ ၉ တန်းမှာ ဆရာ ဦးလေးနိုင် နဲ့ ဒဂုံ ၁ မှာ သင်ခဲ့ရတယ်။ ဆရာက အသင်ပြ ကောင်းသလို အရိုက်လည်း ကြမ်းတယ်။ ဆရာ ပြောခဲ့သည့် စကား တစ်ခုက အခု အသက်အရွယ် ထိ မှတ်မိနေတုန်းပဲ။ ဆရာတွေကို မေးပါ။ ဆရာတွေမှာ ကျောင်းသားတွေကို မပြောဖြစ်သည့် အချက်လေးတွေ ပညာလေးတွေ ရှိတယ်။ ကျောင်းသား ဆိုတာက အဲဒါလေးတွေကို ဆွဲထုတ်နိုင်ပြီး ဆရာတွေကို မေးခွန်း မေးတတ်ဖို့ လိုတယ်။ ငယ်ငယ်တုန်းကတော့ သဘော မပေါက်ခဲ့ဘူး။ အသက်ကြီးလာပြီး အလုပ်ဝင်သည့် အခါမှ မေးခွန်း မေးဖို့ လိုတယ် ဆိုတာကို တော်တော်လေး သဘောပေါက်ခဲ့တယ်။ မေးခွန်း မေးသည့်…

  • ရေးလက်စ စာအုပ် chapter 7 တော့ ပြီးသွားပြီ။ Chapter 7 က သိပ်ပြီး ထွေထွေ ထူးထူး မပါတာကြောင့်လည်း ပါတယ်။ အများကြီးရေးပြီး အများကြီး ရှင်းရမယ့် အခန်းကတော့ 8 နှင့် 9 ပဲ။ အဲဒီ ၂ ခန်းကို တော်တော် အချိန်ယူပြီး ရေးရမယ်။ စကားမစပ် ကျွန်တော် ဒီစာအုပ် ရေးတိုင်း ကိုစိုးမင်းကို သတိရတယ်။ နောက်ပြီးတော့ သူ့ရဲ့ လက်သုံးစကားပေါ့။ ၁။ သောက်ရေးမပါတာ ဘာမှမလုပ်ဘူး။ ၂။ လောကမှာ သူများလုပ်တာ လိုက်လုပ်တာလောက် သောက်ရှက်မဲ့တာမရှိဘူး။ ၃။ ပုံမှန်အားဖြင့် မည်သည့် ဝေဖန်မှုကိုမျှ အလိုမရှိ / မလိုအပ်ပေ။ ၄။ အချို့အရာများသည် ကျွန်ုပ်၏…

  • အမြဲတန်းလိုလို ပြောနေကျ Topic ဖြစ်ပေမယ့် ဒီတစ်ခေါက် barcamp မှာတော့ Swift ထွက်လာသည့် အတွက် အချို့ အကြောင်းအရာတွေ ပြောင်းပြီးတော့ ပြောဖြစ်တယ်။ ဘာတွေ လိုအပ်လဲ ? iOS Development လုပ်ဖို့ လိုအပ်တာတွေကတော့ Mac OS iPhone , iPad (Optional) Apple Developer Account Apple Developer Account Free For Development $99/year for App Store Mac OS ရှိရင် ရပါပြီ။ Development လုပ်မယ်ဆိုရင်တော့ Macbook pro က ပိုကောင်းပါတယ်။ အရင်တုန်းကတော့ iPhone သို့မဟုတ် iPad လိုအပ်တယ်။…

  • Programming Basic စာအုပ်ကို Chapter 5 အပြီး မှာ ရပ်သွားတာ တော်တော်ကြာသွားတယ်။ အခုတော့ Chapter 6 ပြီးသွားပါပြီ။ နောက်ထပ် အခန်း ၄ ခန်းပဲ ကျန်တော့တယ်။ Chapter 7 ကိုတော့ နောက် အပတ်ထဲမှာ အပြီးရေးဖို့ ရှိတယ်။ အခက်ဆုံးအပိုင်းက Chapter 8 နှင့် ၉ ပဲ။ 8 အပိုင်းကို လူတိုင်း နားလည်အောင် သေချာရေးဖို့ လိုအပ်တယ်။ ဖေဖော်ဝါရီ လကုန်မှာ အကုန်ပြီးအောင် ရေးဖို့ ကြိုးစားနေပါတယ်။

  • စင်္ကာပူမရောက်ခင်ကတည်းက EZ-Links အကြောင်းကို ကြားဖူးခဲ့တာပါ။ UCSY မှာ သူငယ်ချင်းတစ်ယောက် စင်္ကာပူသွားတုန်းက စင်္ကာပူမှာ ရထားစီး ကားစီသည့် အကြောင်းပြောကတည်းက စိတ်ဝင်စားမိတယ်။ အဲဒီတုန်းက NFC , RFID စတာတွေကို လုံးဝ မသိသေးဘူး။ Internet က တော်တော်မြန်လို့ စက္ကန့်အတွင်း ငွေဖြတ်သွားနိုင်တယ်လို့ ထင်မိတယ်။ နောက် စင်္ကာပူရောက်တော့မှ NFC တို့ RFID တို့ကို စသိလာရတယ်။ EZ Links ဟာ Sony FeliCa smart card ကို အခြေခံပြီးလုပ်ထားတာပါ။ RFID technology ဖြစ်ပြီး card အတွက် battery မလိုအပ်ဘူး။ power ကို card reader ကနေ တဆင့်…