saturngod

  • Ornagai ကို ဒီတစ်ခေါက် App store ပေါ်ကို Swift 3 ပြောင်းပြီး Xcode 8 နဲ့ တင်တော့ Invalid Bundle – One or more dynamic libraries that are referenced by your app are not present in the dylib search path. ဆိုပြီး ပြနေတယ်။ နည်းမျိုးစုံ ရှာပြီး စမ်းပေမယ့် မရဘူး။ တချို့တွေကတော့ framework ကျန်ခဲ့လို့ဖြစ်မယ်။ otool -L [filename] နဲ့ စစ်ကြည့်လို့ ပြောတယ်။ @rpath နဲ့ ဖြစ်ရမယ်လို့ ဆိုပေမယ့် စစ်ကြည့်တော့လည်း…

  • ဘဝမှာ computer development နဲ့ ပတ်သက်ပြီးတော့ စပြီး ထိတွေ့ခဲ့ရတာ HTML ပဲ။ ငယ်ငယ်ကတည်းက computer ကို ဖွင့်ပြီး ဟိုနှိပ် ဒီနှိပ်။ ဟို click ဒီ click လုပ်ရင်း လေ့လာခဲ့တယ်။ ၁၀ တန်းလောက်မှာမှ Microsoft Office မှာ ပါလာတဲ့ FrontPage ဆိုတာကို စပြီး တွေ့ဖူးခဲ့တယ်။ အဲဒီတုန်းကလည်း internet ဆိုတာ ဘာမှန်း တကယ် ကို မသိခဲ့တာ။ နောက်ပြီး connection က dial up လောက်ပဲ ရှိပြီးတော့ ဘာ website မှ ထွေထွေထူးထူး ကြည့်လို့ မရတာ ကြောင့်လည်း စိတ်မဝင်စားတာ ပါတယ်။ FrontPage…

  • Programming Basic စာအုပ်မှာ Python ကို အသုံးပြုပြီးရေးထားတော့ website ပေါ်မှာ python code run အောင် ဘယ်လို လုပ်ထားသလဲ ဆိုပြီး မေးကြတာ တွေ့ပါတယ်။ Python ကို website တွေမှာ run ဖို့ အတွက်ကတော့ brython ကို အသုံးပြုထားပါတယ်။ Gitbook ကို အသုံးပြုထားသည့် စာအုပ်ထဲမှာ ရေးဖို့ကတော့ brython တစ်ခု တည်းမရတော့ပါဘူး။ Editor လေးပါ ပြချင်တာကြောင့် Ace editor နဲ့ တွဲပြီး သုံးထားပါတယ်။ CodeMirror ကို Gitbook မှာ အသုံးပြုလို့ မရပါဘူး။ require js library ကြောင့် conflict ဖြစ်နေပါတယ်။…

  • Basic Programming စာအုပ်ကို ဆက်မရေးဖြစ်တာ အတော်ကြာနေတာနဲ့ ဒီ အပတ်တော့ Chapter 4 ကို ပြီးအောင် ရေးဖြစ်တယ်။ နောက်ပြီး Chapter 10 ခု လောက် ထည့်မယ်လို့ ဆုံးဖြတ်ပြီးတော့ Chapter အလိုက် ခေါင်းစဉ်တွေ ခွဲပြီးတော့ ထည့်ထားပါတယ်။ အဓိကတော့ အခြား Programming စာအုပ်တွေလို programming language ကို သင်တာ မဟုတ်ပဲ logic အကြောင်းကို အဓိက ရေးချင်လို့ Data Structure ပိုင်းကို အဓိက ထားပြီး ခေါင်းစဉ်ကို ခွဲထုတ်ထားပါတယ်။ အပြင်မှာ programming ကို တတ်ရင် language ပိုင်းကို သိနိုင်ပေမယ့် Data Structure ပိုင်းတွေ အားနည်းနိုင်တယ်။…

  • iOS 10 Beta ကို iPad မှာ သွင်းထားပြီး အခုတလော အလုပ်များနေတာနဲ့ update မလုပ်ဖြစ်ဘူး။ မနေ့ကမှ iOS 10 Beta 5 ကို update လုပ်ဖြစ်တယ်။ Update လုပ်လိုက်တဲ့ ထူးခြားတာက Unicode က အချို့ စာလုံးတွေ မှန်လာတာကို တွေ့ရတယ်။ ဥပမာ။ နှင့် ၊ သည့် ၊ တွေ့ | နေ့ စတာတွေက rendering လုပ်တာတွေ လွဲနေတယ်။ အဲဒါတွေ မှန်သွားပေမယ့် အရင်တုန်းက မှန်နေသည့် လင်္ကာ ၊ အင်္ဂလိပ် စတာတွေက လွဲကုန်တယ်။ ယောက်ျား စာလုံးကတော့ အခုထက်ထိ ပေါင်းလို့ မရသေးဘူး။ စာလုံး…

  • Router အသစ်ဝယ်ဖို့ လိုက်ကြည့်တော့ router တော်တော်များများက S$100 ကျော်နေပြီး ထင်သလောက် range မရတာကြောင့် S$100 အောက် router ကောင်းကောင်းလေး တစ်ခု ရှာဖြစ်တယ်။ S$150 လောက်ဆိုရင်တော့ router ကောင်းကောင်း တစ်လုံး ဝယ်လို့ ရပေမယ့် အဲဒီလောက်ထိ ပိုက်ဆံ မသုံးချင်တာလည်း ပါတယ်။ Lazada မှာ Mi Wifi Router 3 discount တာတွေ့တာနဲ့ coupon code နဲ့ ဝယ်လိုက်တာ S$44 လောက်ပဲ ကျတော့တယ်။ အတော့်ကို တန်တာနဲ့ ဝယ်ဖြစ်လိုက်တယ်။ Setup ကလည်း ထွေထွေထူးထူး လုပ်စရာ မလိုသလို Phone app ကနေ တဆင့်လွယ်လင့် တကူ…

  • ဦးဝင်းတင် ရေးတဲ့ ကွိ စာအုပ်ကို မဖတ်ခင်ကတည်းက ဖတ်ကောင်းတယ်လို့ ကြားဖူးတယ်။ အခု နောက်ပိုင်း ပြန်လည် ထုတ်ဝေတာကြောင့် စာအုပ်ဆိုင်တွေ မှာ တွေ့ဖြစ်ပေမယ့် မဝယ်ဖြစ်ခဲ့ဖူး။ ဒီတစ်ခေါက် ရန်ကုန်ပြန်တော့ စာအုပ် ၃ အုပ် ဝယ်ခဲ့သည့် အထဲမှာ ဦးဝင်းတင် ရဲ့ ကွိ စာအုပ်ပါလာတယ်။ ကွိ စာအုပ်ဟာ မူရင်း စာရေးသူ Henery Sydnor Harrison ဖြစ်ပြီးတော့ ၁၉၁၁ မှာ ထုတ်ဝေခဲ့သည့် စာအုပ်ဖြစ်တာကြောင့် ဇာတ်လမ်း ဇာတ်အိမ် တည်ဆောက်မှုက အခုခေတ်ပုံစံ နှင့် အနည်းငယ်ကွဲပြားတာကို တွေ့ရပါလိမ့်မယ်။ ကွိစာအုပ်ရဲ့ ဇာတ်လမ်း ကို မကြိုက်လှပေမယ့် ဦးဝင်းတင် ရဲ့ ဘာသာပြန်မှု ကိုတော့ အတော်ကြီးကို လေးစားမိတယ်။…

  • Angels & Demons , The Da Vinci Code ရုပ်ရှင်ကား ၂ ကား ကို ပြန်ကြည့်ပြီးတော့ အရှိန်မသေသေတာနဲ့ The Lost Symbol စာအုပ်ကို ဖတ်ဖြစ်တယ်။ စဖတ်ကာစကတော့ Dan Brown ရဲ့ ရှေ့က ဝတ္ထုတွေ လိုပဲ ဘာမှန်း မသိပဲ နည်းနည်း နှေးနှေး လေးလေးနဲ့ပဲ။ ဇာတ်လမ်း ဇာတ်ကွက် အသွားအလာတွေက The Da Vinci Code လို ပါပဲ။ သို့ပေမယ့် The Da Vinci Code က ပိုကောင်းတယ်လို့ ဆိုရမယ်။ The Lost Symbol ဟာ Robert Langdon ရဲ့…