saturngod

  • ဦးနု ရေးထားတဲ့ တာတေစနေသား စာအုပ်ကို ဖတ်မယ် ဖတ်မယ်နဲ့ မဖတ်ဖြစ်ခဲ့တာ ပြီးခဲ့တဲ့ လမှ စဖတ်ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ အပတ်မှ ပဲ ပြီးသွားတော့တယ်။ ဦးနုစာအုပ် မဖတ်ခင် တိုင်းပြည်က နုနု မုန်တိုင်းက ထန်ထန် ဆိုတဲ့ စာအုပ်လေး ဖတ်ဖြစ်တယ်။ အဲဒီစာအုပ်ကြောင့်ပဲ တာတေစနေသား ကို မဖြစ်မနေ ဖတ်မှ ဖြစ်မယ်ဆိုပြီး ဖတ်ဖြစ်သွားတယ်။ စဖတ်ကာစကတော့ သိပ်စိတ်ဝင်စားစရာ မကောင်းလှဘူး။ ဦးနု ငယ်ဘဝက ဆိုးခဲ့တဲ့ အကြောင်းတွေလောက်ပဲ။ တကယ်ကောင်းတာကတော့ ဦးနု သူဟာ ဘုရားဆုပန်ပြီး အချိန်က စပြီးတော့ ပြောင်းလဲသွားတာပဲ။ အဲဒီက စပြီးတော့ နောက်ပိုင်း တောက်လျှောက် ဖတ်လို့ ကောင်းတဲ့ စာအုပ် တစ်အုပ် ဆိုတာ မမှားဘူး။ ကျွန်တော်တို့…

  • Mac အတွက် ဇော်ဂျီ font fallback ကျအောင် လုပ်တဲ့ App ကို ကျွန်တော် တစ်ခေါက် ရေးဖူးပါတယ်။ အခု အနည်းငယ်ထပ်ပြင်ထားပြီးတော့ Source code ကို Github မှာ တင်ထားပေးပါတယ်။ အခု Version အသစ်မှာ နှစ်သက်ရာ font family မိမိဘာသာ စိတ်ကြိုက် ရိုက်ထည့်ပြီးတော့ fall back လုပ်ခွင့်ပေးထားပါတယ်။ နောက်ဆုံး Version ကို ဒီမှာ download ချနိုင်ပါတယ်။

  • Rabbit Converter နဲ့ ပတ်သက်ပြီး update လုပ်ထားတာလေးတွေ ဖော်ပြချင်ပါတယ်။ Swift 2 Rabbit Converter ကို Xcode 7 အတွက် Swift 2 ကို support လုပ်ထားပါတယ်။ Cocoapods နဲ့ carthage အတွက်ကိုတော့ Xcode 7 Official ထွက်ပြီးရင် update လုပ်ပေးပါမယ်။ အခုတော့ Swift 1.2 ကိုပဲ support လုပ်ပါသေးတယ်။ Xcode 7 အတွက်ကိုတော့ Github ကနေ ပဲ ရယူ အသုံးပြုနိုင်ပါသေးတယ်။ Rabbit Wiki Rabbit ကို အသုံးပြုထားပြီးတော့ Credits ပေးထားတဲ့ projects တွေကို github ရဲ့…

  • Telegram ဆိုတာကတော့ WhatsApp , LIne , Viber တို့လို့ Messenger ပါပဲ။ Telegram က bot တွေကို ရေးသားခွင့်ပေးထားပြီးတော့ bot ကို message ပို့လိုက်ရင် ပို့လိုက်တဲ့ data ပေါ်မှာ မူတည်ပြီးတော့ bot က reply ပြန်ပေးပါတယ်။ OrnagaiBot Ornagai dictionary အတွက် ရဲလင်းအောင် က ရေးထားတာပါ။ Telegram app ရဲ့ contact ကနေ OrnagaiBot ကို ရှာပြီး ထည့်လိုက်ရုံပါပဲ။ Dictionary အတွက် /e အနောက်မှာ စာရိုက်ထည့်လိုက်ရင် အဓိပ္ပာယ် ပြန်ပေးပါတယ်။ /e word OrnagaiBot ရဲ့ source…

  • iOS 9 မကြာခင်ထွက်တော့မှာ ဖြစ်တာကြောင့် ornagai ကို iOS 9 အတွက် ပြန်ပြင်ဖို့ လုပ်ကြည့်တယ်။ လက်ရှိ Ornagai code က အတော်လေးကို ကြာနေပြီဖြစ်တာကြောင့်ရယ် နောက်ပြီးတော့ Swift 2 ကို စမ်းကြည့်ချင်တာကြောင့် Swift 2 နဲ့ အစကနေ ပြန်ရေးကြည့်တယ်။ Swift နဲ့ ပြန်ရေးတဲ့ အခါမှာ Xcode 7 မှာ အတော်လေးကို အဆင်ပြေလာတာကို တွေ့ရတယ်။ Xcode 6 ကတော့ Swift နဲ့ သိပ်အဆင်မပြေလှဘူး။ Project က ကြီးလာလေလေ ပြဿနာက များလေလေပဲ။ Syntax Highligting တွေ ပျောက်တာ နောက်ပြီးတော့ Build လုပ်ရင်…

  • SQL Injection ကို လက်ရှိ အလုပ်လုပ်နေတဲ့ သူတွေ အတော်များများ ကြားဖူးပါလိမ့်မယ်။ SQL Injection ဆိုတာကတော့ လက်ရှိ ရှိတဲ့ query ကို ပြောင်းပြီး ရေးလိုက်တာပါပဲ။ အထူးသဖြင့် အခုမှ web development ကို လေ့လာနေတဲ့သူတွေ အတွက်ကတော့ SQL Injection က စိမ်း နေပါလိမ့်မယ်။ သို့ပေမယ့် SQL Injection ကို web development လုပ်တဲ့ သူတွေ သိထားဖို့ လိုပါတယ်။ How can we know ? SQL Injection ရှိမရှိ ကို ဘယ်လို သိနိုင်သလဲဆိုတော့ အလွယ်ကူဆုံး နည်းကတော့ single quote (')…

  • Narsin အခု update လုပ်လိုက်တဲ့ version မှာ Apple Watch အတွက်ပါ ရပါပြီ။ Apple Watch version မှာ iOS application ကို remote အနေနဲ့သာ အသုံးပြုနိုင်ပါတယ်။ Apple Watch ကနေ play/pause , next radio , previous radio စတာတွေကို remote လုပ်လို့ရပါတယ်။ နောက်ပြီးတော့ လက်ရှိ လာနေတဲ့ သီချင်းကို Narsin Apple Watch app ကနေ တဆင့် ကြည့်နိုင်ပါတယ်။ App ကို မဖွင့်ချင်ဘူးဆိုရင်လည်း Glance ကနေ တဆင့် သိနိုင်အောင် Glancce ပါ ထည့်ထားပေးပါတယ်။

  • Apple Watch က ဇွန် လ ၂၆ ရက်မှာ စင်္ကာပူမှာ စရောင်းခဲ့ပါတယ်။ ကျွန်တော်က Online က ဝယ်ခဲ့တာကြောင့် ၂၉ ရက်နေ့မှ ရတယ်။ ၂၈ ရက်နေ့မှာ Apple Watch ရောင်းတဲ့ Nubox (Raffle City Mall) နဲ့ Epi Center (Ion Orchard) ဘက် ကို သွားကြည့်ဖြစ်တော့ Steel version 42 mm အကုန်လုံးက out of stock တွေ ဖြစ်နေပါပြီ။ Online ကနေပဲ မှာ လို့ ရပါတယ်။ Online ကနေ Steel Version ကို မှာယူရင်တော့ ၁…