saturngod

  • Ornagai 2.6 ကို Apple App Store မှာ download ချနိုင်ပါပြီ။ အခု version မှာတော့ today widget ကို ထည့်သွင်းပေးထားပါတယ်။ How to use Today Widget Today widget ကို အသုံးပြုဖို့ အတွက် Notification bar ကို အပေါ်ကနေ ဆွဲချလိုက်ပါ။ Today tab ကို သွားပြီးတော့ အောက်ဆုံးက Edit ကို နှိပ်ပါ။ Ornagai ဘေးနားက အစိမ်းရောင် အပေါင်းလေးကို နှိပ်လိုက်ပါ။ ပြီးရင် Done လုပ်ပါ။ ပြီးရင် ကြိုက်တဲ့ နေရာက Text ကို copy လုပ်ပြီး Notification…

  • ဂျာနယ်ကျော်မမလေး ရေးတဲ့ သွေး ဝတ္ထုကို ငယ်ငယ်ကတည်းက ဖတ်ချင်နေတာ ကြာပြီ။ အဲဒီ အချိန်တိုင်းက စာအုပ် ဆိုင်တွေမှာ ဝယ်လို့ မရတာရယ် နောက်ပြီး အသစ်ပြန်ထုတ်ချိန်မှာတော့ မဝယ်ဖြစ်တော့ရယ်ကြောင့် မဖတ်ဖြစ်ခဲ့ဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကမှ သွေးဝတ္ထုကို စဖတ်ဖြစ်ခဲ့တယ်။ ကျွန်တော်က ဂျာနယ်ကျော် မမလေးရဲ့ စာအုပ်တွေ တစ်ခါမှ မဖတ်ဘူးခဲ့တော့ ဒီစာအုပ်ဟာ ပထမဆုံး ဖတ်ဖြစ်တဲ့ ဂျာနယ်ကျော်မမလေး ရဲ့ စာအုပ်လို့ ဆိုရမယ်။ အမှာစာမှာ ရှုမဝ မဂ္ဂဇင်းအတွက် လစဉ် ရေးသားထားပြီး လတိုင်း အချိန် တတ်နိုင်သလောက်ပေးပြီး ရေးသားထားတဲ့ စာအုပ်လို့ဆိုထားပါတယ်။ ဖတ်ကာစကတော့ တော်တော်လေး အေးပြီး လေးလွန်းလှတယ်။ နောက်ပိုင်းမှာတော့ ဖတ်ရတာ မဆိုးလှပါဘူး။ လစဉ် ဖော်ပြတဲ့ ဝတ္ထုဖြစ်တာကြောင့်…

  • ဒီနေ့ 7day website မှာ သတင်းဖတ်ရင်းနဲ့ သတင်း အဟောင်းတွေကို Google မှာ ရှာကြည့်မယ်ဆိုပြီးတော့ ရှာကြည့်လိုက်တော့ ဘာ ရလဒ်မှ မထွက်လာတော့ တော်တော် အံဩသွားတယ်။ ဒါနဲ့ unicode နဲ့ ရှာကြည့်လိုက်တော့ ရှာချင်တဲ့ ရလဒ်က ချက်ခြင်း ထွက်လာတယ်။ ပထမတော့ 7day ကများ ဇော်ဂျီကနေ unicode ကို site တစ်ခုလုံး ပြောင်းလိုက်တာလား ဆိုပြီး စစ်ကြည့်လိုက်တော့ 7day က ဇော်ဂျီပဲ သုံးထားတယ် တွေ့ရတယ်။ ဒါနဲ့ မသင်္ကာတာနဲ့ Eleven News ကို ရှာကြည့်တော့လည်း စာတွေ အကုန်လုံးကို ဇော်ဂျီကနေ unicode ပြောင်းသိမ်းထားပြီးတော့ Unicode နဲ့ ရှာမှသာ အလုပ်လုပ်တော့တာ…

  • အိမ်က အခန်းထဲမှာ wifi connection ကောင်းကောင်းမရတာ နဲ့ သူငယ်ချင်း တစ်ယောက်ပြောလို့ HomePlug ကို သုံးကြည့်ဖြစ်တယ်။ အခု အချိန်မှာ HomePlug ရဲ့ Speed က 1200 Mbps ထိ ရနေပါပြီ။ တစ်ခါမှ မသုံးဖြစ်တဲ့ အတွက် 1200 Mbps ကို ၆၀ နဲ့ ရတယ်ဆိုပြီး ဝယ်ခဲ့ပြီးမှ ၂ ခု လို နေမှန်း သိတယ်။ ဒါနဲ့ နောက်ထပ် တစ်ခု ထပ်ဝယ်ရတယ်။ 500 Mbps ၂ ခုကို S$60 ဝန်းကျင်လောက်နဲ့ ရနိုင်ပြီးတော့ 1200 Mbps HomePlugs ၂ ခုကိုတော့ S$120 ဝန်းကျင်လောက်တော့ ရှိပါတယ်။…

  • Unsplash Wall ကို iOS အတွက် လွန်ခဲ့တဲ့ နှစ်က January လောက်မှာ App Store ပေါ်ကို တင်ခဲ့ပါတယ်။ Unsplash.com က ပုံတွေကို wallpaper အနေနဲ့ သိမ်းလို့ ရအောင် ဒါမှမဟုတ် နှစ်သက်ရာ ပုံတွေကို download ချလို့ရအောင် ဖန်တီးထားခဲ့တဲ့ App တစ်ခုပါ။ Unsplash.it API ကို အသုံးပြုထားပါတယ်။ New Year အားလပ်ချိန်တုန်းက Android အတွက် Material Design လေးကို လေ့လာရင်းနဲ့ Unsplash Wall ကို Android အတွက် ရေးဖြစ်ခဲ့ပါတယ်။ အခု Play Store မှာ download ချနိုင်ပါပြီ။ material design…

  • Adoit JotScript 1 ကို ဝယ်ထားပေးမယ့် iPad Air 2 နဲ့ အဆင်မပြေတာ ကြောင့် မသုံးဖြစ်သလောက်ပဲ။ Bamboo က fineline 2 ကို iPad Air 2 အတွက် ထုတ်တယ်ဆိုတာကြောင့် ဝယ်ဖို့ စဉ်းစားခဲ့တာ အတော့်ကို ကြာခဲ့ပါပြီ။ ထွက်ကတည်းက ဝယ်ဖို့ စဉ်းစားပေမယ့် review တွေကို စောင့်ဖတ်နေတာ နဲ့ အတော်လေးကို ကြာသွားတယ်။ Review တွေ အဆိုအရ မဆိုးလှတဲ့အပြင် လက်ရှိက Bamboo Paper နဲ့ Noteshelf ကို သုံးဖြစ်တယ်။ အဓိကတော့ Project design, flow တွေ အတွက် Bamboo Paper ကို…

  • ဒီ ၂ ပတ် ခရီးသွားနေချိန်အတွင်းမှာ ရတဲ့ အချိန်လေးတွေမှာ စာအုပ်ကို ထပ်ပြီး update လုပ်ဖြစ်ပါတယ်။ Programming Basic စာအုပ်မှာ OOP အပိုင်းကို ထပ်ဖြည့်ထားပါတယ်။ Python နဲ့ OOP က အပြည့်အစုံ ရှင်းပြလို့ မရတဲ့ အတွက် နောက် အခန်းတွေ အတွက်လောက်ပဲ အနည်းအကျဉ်း ရှင်းပြလို့ ရတယ်။ စာအုပ်ကို Data Structure က အချို့ အပိုင်းလေးတွေပါ ထည့်ချင်တာကြောင့် တစ်အုပ်လုံး ပြီး ဖို့ ကတော့ နည်းနည်းတော့ ကြာအုံးမယ်။ အခုမှ Stack အပိုင်းကို ရေးတုန်းဆိုတော့ Data Structure အပိုင်းက စလုံးရေစ ဆိုတဲ့ အဆင့်ပဲ ရှိသေးတယ်။ မျှော်မှန်းထားတဲ့…

  • လွန်ခဲ့တဲ့ ၉ နှစ် နိုင်ဝင်ဘာလ ၈ ရက်က blogspot ကနေ ပြီးတော့ blog တစ်ခု ကို စပြီးရေးဖြစ်ခဲ့တယ်။ အဲဒီအချိန်တုန်းကတော့ facebook လည်း မရှိသလို လူတွေလည်း blog စ ပြီး မရေးကြသေးဘူး။ အဲဒီအချိန်က ကိုညီလင်းဆက်တို့ ကိုမောင်လှ တို့ blog ကို ဖတ်ပြီးတော့ blog တစ်ခု စဖြစ်ခဲ့တယ် ဆိုရမယ်။ ကိုညီလင်းဆက် နဲ့ ကိုမောင်လှ ကျေးဇူးကြောင့် မြန်မာစာနဲ့ blog ရေးနည်းကို စပြီး သိခဲ့တယ် ဆိုရမယ်။ အခုအချိန်မှာတော့ မြန်မာလို ရေးတာဟာ ထူးထူးဆန်းဆန်း မဟုတ်တော့ပေမယ့် အဲဒီ အချိန်တုန်းက browser ပေါ်မှာ မြန်မာစာ ကော English…