saturngod

  • စာလုံး keyboard က iOS 8.3 မှာ ရိုက်လို့ မရ ဖြစ်နေတယ် ဆိုရင် Setting > General > Keyboard > Sar Lone > Full Access ကို on ထားပေးဖို့ လိုပါတယ်။ iOS 8.3 မှာ ဖြစ်တဲ့ bug ပါ။ ပြင်ပြီးတော့ App Store မှာ တင်ထားပါတယ်။ ဒီအပတ် သို့မဟုတ် နောက်အပတ်ထဲမှာ approve ဖြစ်မယ်လို့ မျှော်လင့်ထားပါတယ်။

  • ဒီနေ့ programming အခြေခံ စာအုပ်ကို ထပ်ပြီးတော့ update လုပ်ထားပါတယ်။ Changes Update Install Python 3 at Chapter 1 Update Mod operator at Chapter 1 Finish calculator at Chapter 2 Update Looping at Chapter 2 Update Array at Chapter 2 Add Quiz , Questions at Looping Add Answer section at Chapter 2 How to Install Python 3 Chapter 1…

  • ကျောင်းတက်တုန်းက သင်္ချာမှာ Probability ကို သင်ခဲ့ရပါတယ်။ သို့ပေမယ့် အတန်းက ပျက်တာရယ် စာတွေသေချာ လိုက်မလိုက်ဖြစ်ခဲ့တာကြောင့် Probability ကို ကောင်းမွန်စွာ မသိခဲ့ဘူး။ ပြီးခဲ့တဲ့ အပတ်က Natural Language Processing with Swift ဆိုတာကို ကြည့်ပြီးမှ ကျောင်းက သင်ခဲ့တာတွေ အသုံးဝင်သားပဲ လို့ တွေးမိတယ်။ Swift ကို အသုံးမပြုသည့် တိုင် သင်္ချာနဲ့ ပတ်သက်ပြီး programming နဲ့ ဘယ်လို တွဲသုံးရမလဲဆိုတာကို သိရအောင် ကြည့်သင့်တဲ့ video တစ်ခုပါ။ မူရင်း website https://realm.io/news/natural-language-processing-with-swift/ မှာ slide show နဲ့ တကွ video ရှိပါတယ်။ အချိန်ရရင် အချိန်လေး ပေးပြီး…

  • ဒီနေ့ စာလုံး keyboard မှာ unicode force ထည့်မလို့ ဆိုပြီး unicode font သွင်းပြီး google ကို သုံးကြည့်တာ force လုပ်စရာ မလိုပဲ မြန်မာစာတွေ ပေါ်နေတာကို တွေ့တယ်။ တစ်ခုခုများ မှားနေသလား ဆိုပြီးတော့ Font ကို ဖျက်။ ဇော်ဂျီ ပြန်သွင်းတော့လည်း ဇော်ဂျီတွေ ပေါ် နေတာကိုတွေ့ရပါတယ်။ iOS 8.3 သွင်းထားတဲ့သူများ အနေနဲ့ Font profile ကို download ချပြီး သွင်းထားတယ်ဆိုရင် Safari browser မှာ စမ်းကြည့်နိုင်ပါတယ်။ Sar Lone ကနေ ဇော်ဂျီ force လုပ်စရာ မလိုပဲ မြန်မာ လို google…

  • Rabbit converter အကြောင်းကို ဒီမှာ ကျွန်တော် ရေးဖူးပါတယ်။ Github မှာ issues ဖွင့်ပြီးတော့ မှားနေတာတွေကို ပြောပြပေးတဲ့ ကိုမြတ်မင်းစိုး ကိုလည်း ကျေးဇူးတင်ပါတယ်။ Fixed အခု update မှာ unicode ကနေ ဇော်ဂျီ ပြောင်းတဲ့ အခါမှာ မင်္ဂလာ ၊ ကြိုး စသည့် bugs ၂ ခုကို ပြင်ထားပါတယ်။ ဇော်ဂျီ ကနေ unicode ပြောင်းတဲ့ အခါမှာ ကြွေ ၊ ကျွေ စသည့် bugs ကို လည်း ပြင်ထားပေးပါတယ်။ စမ်းကြည့်ချင်တယ်ဆိုရင်တော့ Github Page မှာ စမ်းကြည့်လို့ရပါတယ်။ Rabbig Android App ကိုလည်း update…

  • Xiaomi Yi Action Camera ကို Qoo10 က နေ တဆင့် ဝယ်ဖြစ်တယ်။ လက်ရှိ Singapore မှာ Xiaomi က official မရောင်းတာ ကြောင့် Qoo10 က နေ ဈေး အသက် အသာ ဆုံး ကို ရှာပြီး ဝယ်ဖြစ်တယ်။ ကျွန်တော် ဝယ်တုန်းကတော့ S$ 99 ပဲ ပေးရပါတယ်။ Xiaomi က တရုတ်မှာ ရောင်းတာကတော့ US $ 64 ရှိပါတယ်။ Singapore ငွေ S$83 လောက်ပဲ ရှိမယ်။ သို့ပေမယ့် အဲဒီ အချိန်တုန်းက ဈေးအသက်အသာဆုံးက S$99 ဖြစ်တာကြောင့် အဲဒီကနေ ပဲ…

  • NSMag ဟာ Mobile Developer တွေ အတွက် magazine တစ်ခု အဖြစ် ကျွန်တော် ဖန်တီးထားပြီးတော့ iOS နဲ့ Android မှာပဲ ဖတ်လို့ရပါတယ်။ အဓိကတော့ iOS Development အကြောင်း အများဆုံးပါပါတယ်။ အခု NSMag ကို website ပေါ်မှာ စတင် ဖတ်ရှုနိုင်ပါပြီ။ အကယ်၍ offline ဖတ်လိုရင်တော့ iOS app ကို app store နှင့် Android App ကို play store ကနေ ရယူနိုင်ပါတယ်။

  • Gitlab ဆိုတာကတော့ open source git hosting တစ်ခုပါ။ အခု gitlab က bitbucket လို unlimited repo ရပါတယ်။ Bitbucket ထက်ပိုကောင်းတာကတော့ unlimited users ပါ အသုံးပြုလို့ရတာပဲ။ Free user အနေနဲ့ supporting တော့ ရမှာ မဟုတ်ပါဘူး။ Gitlab ကို အသုံးပြုပြီးတော့ ကိုယ်ပိုင် github လိုမျိုး git hosting တစ်ခု ဖန်တီးနိုင် သလို gitlab မှာလည်း ကျွန်တော်တို့တွေ ကိုယ်ပိုင် project တွေကို တင်ထားနိုင်ပါတယ်။ အခု ကျွန်တော်ရေးမယ့် အကြောင်းကတော့ gitlab ကို အသုံးပြုပြီး ကိုယ့် server ပေါ်မှာ…