စိတ်အချဉ်ပေါက်မှုများ

  • စလုံးကနေ မြန်မာ ငွေ လွှဲမယ် ဆိုရင် POSB/DBS ပဲ သုံးဖြစ်တယ်။ POSB/DBS ကနေ Aya ကို လွှဲတာ မြန်လည်း မြန်သလို စိတ်လည်းချရတယ်။ အခုတလော ငွေဈေးက ကျနတော့ website မှာ သွားသွား စစ်နေရတာ အဆင်မပြေဘူး။ ဘယ်လို အဆင်မပြေတာလဲ ဆိုတော့ website ကို history ကနေ ပြန်ရှာရတယ်။ ပြီးရင် Myanmar ကို ရွေးရတယ်။ နောက်ပြီး 1 ဆိုပြီး SGD ဘက်မှာ ပြန်ရိုက်ထည့်ရတယ်။ တစ်ခါတစ်လေ အဆင်ပြေပေမယ့် အမြဲတန်းကတော့ ပျင်းဖို့ ကောင်းတယ်။ ဒါနဲ့ node.js နဲ့ script ရေးလိုက်တယ်။ nightmare ကို သုံးပြီးတော့…

  • Android Studio မှာ code တွေများလာရင် နှေးနှေးလာတာတော့ ကြာပြီ။ Project အကြီးကြီး တစ်ခုကို ဖွင့်တော့ လုံးဝ ကို နှေးကြသွားတယ်။ ကျွန်တော့် စက်လောက် perofrmance မကောင်းသည့် laptop မှာတောင် အဲဒီ project က အလုပ်လုပ်ပေမယ့် ကျွန်တော့် ဆီမှာ တော်တော်နှေးနေတော့ ဘာဖြစ်လို့ လည်း ဆိုပြီး ရှာကြည့်တော့မှ Fira code ဖြစ်နေတယ်။ Fira Code ဆိုတာက Monospaced font with programming ligatures ပါ။ အောက်ကလို မြင်ရပါလိမ့်မယ်။ != ဆိုရင် =/= ပုံစံလေး နဲ့ ပြပေးပါတယ်။ တနည်းပြောရင် unicode font တွေလို…

  • တော်တော်တိုင်ပတ်သွားတယ်ပဲ ပြောရမယ်။ Apache မှာ Header set Access-Control-Allow-Origin “*” ဆိုပြီးထည့်ထားပေမယ့် Cloudflare က အလုပ်မလုပ်ဘူး။ Clear cache တွေမျိုးစုံလုပ်ပေမယ့်လည်း အလုပ်မလုပ်ဘူး။ တချို့ font တွေ က အလုပ်လုပ်ပေမယ့် တော်တော်များများ အလုပ်မလုပ်တော့ ဘူး ဖြစ်သွားတယ်။ နောက်ဆုံး မရသည့် အဆုံးမှာ Digital Ocean space ပေါ်ကို font တွေ ပြောင်းတင်လိုက်တယ်။ ပြီးတော့ Space CDN နဲ့ font ကို ပြန်ထည့်ပေးလိုက်တော့ အရင်ကထက် ပိုပြီး ကောင်းပြီး အဆင်ပြေသွားသေးတယ်။ ရက်တော်တော်ကြာသွားသည့် အတွက်လည်း တောင်းပန်ပါတယ်။ လက်ရှိ mmwebfonts သုံးနေသည့် သူတွေ အများကြီး ရှိပြီး…

  • ဇော်ဂျီဟာ AI က မသိဘူး။ ဇော်ဂျီ နဲ့ ရေးထားရင် AI တွေက နားမလည်ဘူး စတာတွေကို လူတွေ ပြောနေကြတာကို တွေ့မိတယ်။ အဓိက ပြောနေသည် သူတွေ အကုန်လုံးက AI ဆိုတာ ဘာလဲ မသိသည့် သူတွေ ပဲ။ AI ဆိုရင် Terminator ကားထဲကလို စက်ရုပ်တွေ လို့ပဲ ထင်နေသည့် သူတွေက အများသားပဲ။ နောက်ပြီး တချို့ပညာရှင်တွေက AI သုံးလာမှာ ကို ကြောက်ကြတယ်ဆိုတာက Terminator ထဲကလို ဖြစ်လာမှာ ကြောက်တာထက် ပေါက်ကရ data ဝင်သွားရင် ပေါက်ကရတွေ ဖြစ်ကုန်မှာ။ အကောင်းဆုံး ဥပမာ အနေနဲ့ Microsoft ရဲ့ AI twitter…

  • In App Purchase Subscription for iOS

    ဒီတစ်ခေါက် IAP အတွက် လုပ်လိုက်ရတာ ၄ လ လောက်ကြာသွားတယ်။ ပုံမှန် အားဖြင့် ၁ လ လောက် ဆိုရင် approval ရပေမယ့် အောင်မြင် App ကတော့ ၄ လ လောက် ကြာသွားတယ်။ အဓိကတော့ IAP မှာ Subscription အမျိုးအစား ၄ ခုလောက်ပါသွားတော့ Apple က သေသေချာချာလေး စစ်တာလည်း ပါတယ်။ Apple က တောင်းဆိုသည့် အချက်တွေကတော့ ၁။ Login မဝင်ပဲ IAP နှင့် ဝယ်ယူ၍ ရရမည်။ ၂။ Login မဝင်ပဲ Restore လုပ်လို့ရရမည်။ ၃။ App Description မှာ IAP…

  • Google Drive က 15GB ပြည့်သွားလို့ အသစ် 100 GB ကို ဝယ်လိုက်တယ်။ ၁ နှစ်စာ ဝယ်ရင် ပိုဈေးသက်သာမယ် ဆိုတာနဲ့ တစ်နှစ်စာ ဝယ်မိလိုက်တယ်။ ပြဿနာ က ဝယ်ပြီးနောက်ပိုင်း Scanning Files ကနေ မတက်လာတော့တာပဲ။ Google Product Forum , Twitter စတာတွေမှာ မေးပေမယ့် နောက်ဆုံး အဖြေက Google App free user ဖြစ်နေလို့ support မရနိုင်ဘူးပဲ ဖြစ်သွားတယ်။ ဖြစ်တာက ကျွန်တော် တစ်ယောက်တည်းမဟုတ်ပဲ လူတိုင်း နီးပါး ဖြစ်တာပဲ။ Backup And Sync from Google စသုံး ကတည်းက ပြဿနာ ဖြစ်တာ။  Google က ပေးသည့် အကြံတွေက အကုန်ဖျက်ပြီး အစကနေ ပြန်သွင်း restart ချ logout…

  • အခု ရက်ပိုင်း MPU နဲ့ တော်တော်လေးကို အဆင်မပြေဖြစ်တယ်။ unique မှာ သွားဝယ်တိုင်း အမြဲလိုလို လိုင်းကြနေတော့ သီးသန့် ATM ဆီသွားရတယ်။ laptop ဝယ်ဖို့ ၁၀ သိန်းကျော်သည့် အခါမှာ ညနေ ဆိုတော့ ဘဏ် ပိတ်တာရယ် နောက်ပြီး ဘဏ်မှာ မစောင့် ချင်တာကြောင့် ၂ ရက် ခွဲထုတ်ရတယ်။ တကယ်ကို အဆင်မပြေတာ အမှန်ပဲ။ ကျွန်တော် နားမလည်နိုင်တာက MPU POS က ဘာလို့အမြဲ လိုလို လိုင်းကျနေသလဲဆိုသည့် အချက်ပဲ။ အရင်က dial up သုံးသည့် အတွက်ကြောင့် နှေးတယ် အဆင်မပြေဘူး။ အခု 4G sim card တွေ ပါသည့်…

  • ရန်ကုန်ပြန်လာချင်တယ်။ Startup လုပ်ရင် ကောင်းမလား ? Startup လုပ်ချင်ဆိုရင်တော့ လုပ်ရင် ကောင်းမလား ဆိုတာထက် လုပ်ကြည့်လိုက်ပါ။ မလုပ်ဘူးရင် သူများပြောတာတွေ နားထောင် စာဖတ်တာနဲ့ ပဲ အချိန်ကုန်သွားပါလိမ့်မယ်။ ကိုယ့်ကိုယ် ယုံကြည်မှုရှိတယ် စာတွေ့ နဲ့ လက်တွေ့ ပေါင်း ကြည့်မှပဲ သိလိမ့်မယ်။ မိသားစုကို ထောက်ပံ့နေရလား ? မိသားစု ကို ထောက်ပံ့နေရတယ်ဆိုရင်တော့ Startup လုပ်မယ်ဆိုရင်တော့ စဉ်းစားစေချင်တယ်။ Startup လုပ်မယ်ဆိုရင်တော့ အနည်းဆုံး ၃ နှစ်လောက် ထိ မိသားစုကို ပြန်ပြီး ထောက်ပံ့ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မိသားစုကို ထောက်ပံ့ နေရသည့် သူတွေက အခြားသူတွေ အတွက် risk ပိုများပါတယ်။ ဖြစ်နိုင်ရင် မလုပ်စေချင်ဘူး။…