Knowledgebase

  • Software as a Service , Platform As A Service တစ်ခုပြီး တစ်ခုပေါ်လာကြတယ်။ ကျွန်တော် Second Year လောက်တုန်းက သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောတုန်းက နောက်ဆိုရင် Online မှာ လူတွေ software တွေ ရောင်းစားလာလိမ့်မယ်။ PDA တွေနဲ့ နေရာအနှံ့သုံးလာနိုင်တယ်လို့ ပြောခဲ့ဘူးတာ မှတ်မိသေးတယ်။ အဲတုန်းက ရန်ကုန်မှာ HP ရဲ့ PDA iPaq ဆိုတာပဲ ရှိသေးတယ်။ လူတိုင်းလည်း ဝယ်မသုံးနိုင်သလို စိတ်လည်း သိပ်မဝင်စားဘူး။ သို့ပေမယ့် သူငယ်ချင်းက အဲဒီ PDA လေး ဝယ်တော့ တော်တော် စိတ်ဝင်စားသွားပြီး စမ်းကြည့်သေးတယ်။ PDA က နောက်ဆိုရင် နေရာ ပြောင်းလဲယူလာနိုင်တယ်လို့တောင်…

  • မနေ့က PHPFog ရဲ့ invitation ရတာနဲ့ စမ်းဖြစ်တယ်။ PHPFog ကို အသုံးပြုချင်တာကတော့ ကြာလှပြီ။ သို့ပေမယ့် လူတိုင်း register လုပ်ပြီး သုံးခွင့်မရှိဘူး။ သူ invite လုပ်တဲ့သူတွေပဲ သုံးခွင့်ရှိပါတယ်။ PHPFog ကို register လုပ်တဲ့အခါမှာ survy ဖြည့်ထားတဲ့သူတွေကို ဦးစားပေးပြီး Beta access ရပါတယ်။ မနေ့က ရတော့ တော်တော်ပျော်သွားပါတယ်။ heroku ကို သိကတည်းက PHP လည်း အဲလိုမျိုး ရှိရင် ကောင်းမှာပဲ လို့ စဉ်းစားမိတယ်။ PHP Fog ကို သိသိခြင်းမှာပဲ register လုပ် survy လုပ်ထားတာ တော်တော်တော့ကြာသွားပြီ။ PHPFog ကတော့ ပုံမှန် ထက်…

  • Ava framework ကို ရေးလိုက်တာ စနေ တနင်္ဂနွေ တစ်ခုလုံး ကုန်သွားတယ်။ လက်ရှိ ရေးထားတာက recursive ပြဿနာ ဖြစ်နေတာနဲ့ core တစ်ခုလုံး အစအဆုံး ပြန်ပြင်ရတယ်ဆို ပိုမှန်မယ်။ အခုကတော့ တော်တော် အဆင်ပြေသွားပြီ။ bluehost ကြောင့်လည်း အဲဒီ ပြဿနာ ရှိမှန်း သိလိုက်ရတာ။ အရင် အဟောင်းက memory တွေ အရမ်းသုံးတာ မသိလိုက်ဘူး။ အခု version မှာတော့ တတ်နိုင်သလောက် လျော့ချလိုက်တယ်။ အဲဒီ အကြောင်းကိုတော့ Ava light မှာတုန်းက ပြောပြီးပါပြီ။

  • Ava framework ကို ရေးပြီးတာတော့ ကြာပြီ။ ဒါပေမယ့် bluehost မှာ တင်တော့ ပြဿနာ တက်တာပဲ။ ဘာလို့လည်းဆိုတော့ memory usages အရမ်းများနေလို့။ ဘာကြောင့်များတာလဲလို့ code ကို ကြည့်လိုက်တော့ class ကို recursive ဖြစ်နေတာတွေ့ ရတယ်။ [php] $this->load=$this; [/php] အဲဒါက အဓိက ပြဿနာပဲ။ အဲဒီ recursive က dead lock ဖြစ်သွားပြီး memory limit ပြည့်သွားတာ။ အစက hosting ကို သွားပြီး အပြစ်တင်သေးတယ်။ ဒါပေမယ့် ကိုယ့်ဘာသာ code ကို သေချာပြန်စစ်တော့ အဲဒီ နေရာက ပြဿနာ တက်ပါလေရော။ ပြန်ပြင်မယ်ဆိုတော့လည်း လက်ရှိ…

  • အပိုင်း ၁ မှာတော့ Data Stores တွေ အကြောင်းပြောပြီးပါပြီ။ Relational Database မှာ limit less indexing နဲ့ အရမ်းကောင်းမွန်တဲ့ SQL language ရှိပါတယ်။ ဒါကြောင့် Relational Database ဟာ dynamic ဖြစ်ပြီး လူသုံးများနေရတာပါ။ NoSQL မှာတော့ limited ဖြစ်နေတဲ့ query နဲ့ indexing ရှိနေပါတယ်။ နောက်ပြီး JSON လိုမျိုးတွေက SQL language လို Query တွေ ရေးလို့ရမှာ မဟုတ်ပါဘူး။ NoSQL မှာ query ရေးသားတာက Database တစ်ခုနဲ့ တစ်ခုမတူသလို Stores ပေါ်မှာ မူတည်ပြီးတော့လည်း query ရေးသားပုံတွေက…

  • စမ်းမယ် စမ်းမယ်နဲ့ သေသေချာချာ မစမ်းဖြစ်သေးတဲ့ MongoDB ကို ဒီနေ့မှပဲ စမ်းဖြစ်တော့တယ်။ php အတွက် driver ကိုတော့ စမ်းသွင်းထားတာ ကြာလှပါပြီ။ MongoDB က သွင်းရတာ လွယ်သလို ရေးရတာလည်း လွယ်တယ်။ ပြဿနာ တစ်ခုက PHP Driver သွင်းရတာလေးပဲ။ 32 bit နဲ့ 64 bit ပြဿနာ ကြောင့် driver ကို ကိုယ့်ဘာသာကိုယ် compile ပြန်လုပ်ရတယ်။ အဲဒါကလွဲပြီး ထွေထွေ ထူးထူး ပြဿနာ မရှိပါဘူး။ MongoDB က NoSQL Database တွေထဲက တစ်ခုပါ။

  • ဒီ post ကို ဖတ်မိကတည်းက ချက်ခြင်း ဘာသာပြန်ချင်စိတ် ရှိနေပေမယ့် မအားတာနဲ့ လုံးဝကို ဘာပြန်မပြန်နိုင်ဘူး ဖြစ်သွားတယ်။ ရတဲ့ အချိန်လေးမှာ ၂ ပိုင်းခွဲပြီးတော့ ရေးလိုက်တယ်။ အစကတော့ ဘာသာပြန်မလို့ပဲ နောက်တော့ ခေါင်းစဉ် အချက်လောက်ပဲ ယူပြီး ကိုယ့်ဘာသာကိုယ် ရေးချင်တဲ့ အကြောင်းတွေပဲ ရေးဖြစ်လိုက်တယ်။ ဘာသာပြန်တာကနေ မှီငြမ်းတာ ဖြစ်သွားတာပေါ့။ Education နဲ့ သက်ဆိုင်တာကြောင့်လည်း MZ Blog မှာပဲ သွားရေးဖြစ်တယ်။ နောက်ပြီး အခုတလော မအားရဘူးဆိုတာကလည်း Ava အတွက် Documentation ရေးနေတာကြောင့်လည်း ပါတယ်။ အခုထက်ထိတော့ Documentation က မပြီးသေးဘူး။ စလုံးရေးစ ပဲ ဖြစ်နေသေးတယ်။ Documentation ကတော့ လက်ရှိ framework…

  • Blogspot မှာ unicode ဘယ်လိုပြောင်းရမလဲ ဆိုသူတွေအတွက် ရေးထားပါတယ်။ ပါဝင်တာတွေက လက်ရှိ Blogspot ကို Unicode ပြောင်းခြင်း။ လက်ရှိ Unicode Blog ကို font embed နဲ့ CSS ထည့်ခြင်း Download