Knowledgebase

  • Lesson from Angry Birds – Part 2

    Angry Birds ကို App Store မှာ December 2009 မှာ စပြီး ပေါက်ခဲ့ပါတယ်။ Mat Wilson က ငါတို့ စောစော သိခဲ့တာက ပေါက်သွားဖို့အတွက် အရင်ဆုံး နိုင်ငံသေးသေးလေးတွေမှာ အရင်ဆုံး ပေါက်အောင် လုပ်ဖို့ လိုတယ်။ လို့ဆိုပါတယ်။ Finnish App store မှာ ရာကျော်မျှသာ ရောင်းရပြီးတော့ Sweden , Denmark , Greece နဲ့ Czech Republic မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ UK နဲ့ US store မှာ မပေါက်ခင်ထိ 30,000 ကနေ 40,000 downloads ကို နိုင်ငံသေးသေးလေးတွေကနေ ရခဲ့ပါတယ်။ အများကြီးတော့…

  • Lesson from Angry Birds

    ဖတ်မယ် ဖတ်မယ် နဲ့ မဖတ်ဖြစ်ခဲ့တဲ့ Angry Birds အကြောင်းပါတဲ့ Wired Magazine ကို ရုံးကနေ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့လောက်က ယူလာပြီး ဖတ်ဖြစ်ခဲ့တဲ့။ ခဏလောက် အကြမ်းဖတ်မယ်ဆိုပြီး ရထားပေါ်မှာ ဖတ်လိုက်တာ ရပ်လို့ မရတော့လောက်အောင် စွဲဆောင်မှု ရှိတဲ့ ဆောင်းပါးတစ်ပုဒ်ပဲ။ တကယ်ကို ကောင်းမွန်တဲ့ Success Story ဆိုလည်း မမှားပါဘူး။ Angry Birds က Rovio ကို ကယ်တင်ခဲ့တဲ့ Game ဆိုလည်း မမှားပါဘူး။ တော်တော်များများက Angry Birds က ကံကောင်းလို့ အောင်မြင်သွားတယ်လို့ ဆိုတယ်။ အချို့တွေကလည်း ဘာမှ သိပ်ထူးထူးဆန်းဆန်း မဟုတ်ပဲ ဘာလို့ အောင်မြင်တာလဲဆိုတာကို မေးခွန်းထုတ်ကြတယ်။ အဲဒီမေးခွန်းတွေရဲ့ အဖြေတွေကို…

  • MAMP မှာ pspell ကို မထည့်ထားလို့ ornagai မှာ spell checking ကို ဖြုတ်လိုက်ရတယ်။ ဒါပေမယ့် စိတ်က သိပ်မကျေနပ်ဘူး။ ပြန်ထည့်မယ်ဆိုပြီး စဉ်းစားပေမယ့် php ကို ပြန် compile လုပ်ရမှာကြောင့် မလုပ်ဖြစ်ဘူး ဖြစ်နေတယ်။ ဒါနဲ့ google က api လေး ပေးထားရင်တော့ php လည်း ပြန်ပြီး compile လုပ်စရာမလိုဘူး။ server တိုင်းအတွက်လည်း သုံးလို့ရသွားမယ်ဆိုပြီး ရှာလိုက်တော့ တွေ့ပါတယ်ဗျာ။ code ကလည်း လွယ်လွယ်လေးပဲ။ code example ကို အောက်မှာပဲ ကြည့်လိုက်ပါ။ ornagai.com မှာတော့ အမြန်ဆုံး ထည့်သွင်းနိုင်အောင် ကြိုးစားလိုက်အုံးမယ်။ Ornagai.com ကို v3…

  • Google Web Font ကိုသဘောကျရင်းနဲ့ စဉ်းစားမိတာက မြန်မာ Unicode တွေကော အဲလို လုပ်လို့မရဘူးလားပေါ့။ အဲလိုမျိုး လုပ်ဖို့ စဉ်းစားနေတာ ကြာတော့ ကြာနေပြီ။ ပြဿနာက ဘာလဲဆိုတော့ Mac OS X ပြဿနာပဲ။ Mac မှာက Master Piece ပဲ အလုပ်လုပ်တယ်။ font embed လုပ်လိုက်ရင် အခြား unicode font နဲ့ ရေးထားတာတွေ Mac မှာ ဖတ်လို့မရတော့ဘူး။ နောက်ပြီး iPhone iPad မှာ ဖတ်လို့မရတော့ဘူး။ Mac မှာဆိုရင်တော့ မြန်မာ Unicode အတွက် font embed မလုပ်တာ အကောင်းဆုံးပဲ။ ဘာလို့လည်းဆိုတော့ Rendering တွေ…

  • Myanmar Tutorials’ Web Design Contest [Review 2]

    အပိုင်း ၁ ကိုတော့ ဒီမှာ ဖတ်နိုင်ပါတယ်။ Color Pattern လက်ရှိ ပြိုင်ပွဲဝင် site တွေက color တွေက မလိုက်ဖက်သလို ခံစားရတယ်။ အများအားဖြင့် ကိုယ်ကြိုက်တဲ့ အရောင်တွေ ထည့်ထားသလိုပဲ။ အချို့ site တွေကတော့ မှောင်သလို ခံစားရတယ်။ Color တွေထဲမှာတော့ Romantic wedding plan လေးကတော့ မဆိုးဘူး။ သို့ပေမယ့် သုံးထားတဲ့ graphic တွေ နောက်ပြီး font တွေကို ပြင်လိုက်ရင် တော်တော်လေးကို လှသွားမယ့် site ပါ။ Mobile Network လေး ရဲ့ Color လေးကိုလည်း သဘောကျတယ်။ Music For Living က မှောင်လွန်းနေတယ်။…

  • ဒီနေ့ MMTut မှာ web design ပြိုင်ပွဲက website တွေကို ကြည့်ဖြစ်လိုက်တယ်။ အကုန်လုံးကတော့ ရှိသမျှ အစွမ်း အကုန်ထုတ်ထားပဲ။ လက်ရှိ design တွေထဲမှာတော့ professional အနေနဲ့ လုပ်နေတဲ့သူတွေ မပါလောက်ဘူးလို့ ထင်ရတယ်။ အကုန်လုံးရဲ့ အားနည်းချက်က typography ကို သွားတွေ့ရတယ်။ အစကတော့ တစ်ခုခြင်းဆီကို ပြောအုံးမလို့ စဉ်းစားပေမယ့် အများကြီး ဖြစ်သွားမှာဖြစ်လို့ရယ်.. အခုမှ ရုံးက ပြန်ရောက်လို့ ပင်ပန်းနေတာရယ် ကြောင့် ခြုံပြီးတော့ပဲ ရေးလိုက်တော့မယ်။ ကျွန်တော့် ထက်စာရင် web designer အလုပ်လုပ်နေတဲ့ သူတွေရဲ့ အမြင်နဲ့ ဝေဖန်ချက်တွေက ပိုကောင်းမယ်လို့ ထင်ပါတယ်။ လက်ရှိ web design တွေ အားလုံးနည်းပါးက HTML4…

  • ကျွန်တော် Why SaaS ? ကိုတော့ ရေးပြီးပါပြီ။ Why SaaS ကို ရေးရခြင်း အဓိက အကြောင်းကိုတော့ Why Cloud Server ? အကြောင်းကို ရေးချင်တာကနေ အစပြုခဲ့တယ်ဆိုလည်း မမှားပါဘူး။ SaaS တွေရဲ့ အောင်မြင်လာမှုမှာ Cloud Server က မပါမဖြစ် ဆိုလည်း မမှားပါဘူး။ Cloud Server ဆိုတာ ဘာလဲ ။ ဘာလို့ Cloud Server ကို သုံးသင့်တာလဲ။ ဘာလို့ Cloud ကို စဉ်းစားသင့်တာလဲ။ Cloud Computing ဆိုတဲ့ စကားလုံးက အရမ်းကို ကျယ်ပြန့်ပါတယ်။ Cloud Server တွေကိုလို့ ပြောလိုက်ရင် ၂ မျိုး…

  • Software as a Service , Platform As A Service တစ်ခုပြီး တစ်ခုပေါ်လာကြတယ်။ ကျွန်တော် Second Year လောက်တုန်းက သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောတုန်းက နောက်ဆိုရင် Online မှာ လူတွေ software တွေ ရောင်းစားလာလိမ့်မယ်။ PDA တွေနဲ့ နေရာအနှံ့သုံးလာနိုင်တယ်လို့ ပြောခဲ့ဘူးတာ မှတ်မိသေးတယ်။ အဲတုန်းက ရန်ကုန်မှာ HP ရဲ့ PDA iPaq ဆိုတာပဲ ရှိသေးတယ်။ လူတိုင်းလည်း ဝယ်မသုံးနိုင်သလို စိတ်လည်း သိပ်မဝင်စားဘူး။ သို့ပေမယ့် သူငယ်ချင်းက အဲဒီ PDA လေး ဝယ်တော့ တော်တော် စိတ်ဝင်စားသွားပြီး စမ်းကြည့်သေးတယ်။ PDA က နောက်ဆိုရင် နေရာ ပြောင်းလဲယူလာနိုင်တယ်လို့တောင်…