nothing
-
ကိုယ်ပိုင် game console မရှိတာ PS 1 နောက်ပိုင်းကတည်းက လို့ ဆိုရမယ်။ PS 1 မတိုင်ခင်က Family console (Famicom) ကို စဆော့ဖူးခဲ့တာပဲ။ အဲတုန်းက light gun ပစ်ခဲ့တာကို မှတ်မိသေးတယ်။ light gun နဲ့ ဆော့တာကို ကြည့်ပြီး တအံတဩတွေ ဖြစ်ခဲ့ဘူးတယ်။ နောက်ပိုင်းမှာတော့ SNES ဆော့ခဲ့တယ်။ အချိန် တော်တော်ကြာကြာ SNES ကို နှစ်နှစ်ခြိုက်ခြိုက် ဆော့ခဲ့တာ။ အကြိုက်ဆုံး Game ကတော့ Biker Mice From Mars ဆိုတဲ့ game ပဲ။ အမြဲတန်းလိုလို Modo ဆိုတဲ့ ကြွက် အညိုရောင်နဲ့ ဆော့တယ် ။…
-
ဒီနေ့ MZ မှာ CSS တွေ အလုပ်မလုပ်တော့ သလို javascript တွေလည်း မလုပ်တော့ဘူး။ မနေ့တုန်းကပဲ စိုင်းညီဖြိုးက သူ့မှာ အလုပ်မလုပ်လို့ဆိုပြီး message ပို့ထားသေးတယ်။ ကိုယ့်ဆီမှာက ရနေတော့ သူ့ browser cache ကြောင့် ဖြစ်မှာပဲလို့ ထင်လိုက်တာလည်း ပါတယ်။ cache တော့ cache ပဲ။ ခက်တာက ကိုယ့်ဆီက browser cache ကြောင့် ကိုယ်မြင်နေရတယ်ဆိုတာ မစဉ်းစားမလိုက်ဘူး။ ဒီနေ့ browser cache ရှင်းလိုက်မှပဲ မမြင်ရတော့ဘူး။ ဒါနဲ့ server cache ကြောင့်လားဆိုပြီး ရှင်းသေးတယ်။ မရ။ Code ကို ဖတ်ကြည့်လိုက်တော့ css file တွေ အားလုံး ပေါင်းရေးထားတယ်။…
-
ငယ်ငယ်တုန်းကပဲ ဆိုရမလား ၊ လွန်ခဲ့တဲ့ ၂ နှစ် ကျော်လောက်ကပဲ ဆိုရလေမလား မသိ။ အဲဒီတုန်းက Joomla ကို သုံးခဲ့သလို wordpress ကိုလည်း သုံးခဲ့တယ်။ PHP ကို သိပေမယ့် Joomla Template ဘယ်လို ရေးရမလဲဆိုတာ မသိသလို wordpress theme ဘယ်လို ရေးရမလဲဆိုတာ မသိဘူး။ အဲတုန်းက အတွေးကို ပြန်စဉ်းစားလိုက်ရင် theme တွေ အများကြီးပဲ လိုအပ်တာ တစ်ခု ယူသုံးလိုက်ရုံပဲလို့ စဉ်းစားမိတယ်။ Premium Theme တွေလည်း ဝယ်သုံးနေဖို့ မလိုပါဘူးကွာ။ warez site တွေ blog တွေကနေ အလကား ရနေတာပဲ လို့ တွေးခဲ့တယ်။ အခြား website…
-
iOS project မှာ plist database ကို သုံးထားပေမယ့် android အတွက် လုပ်မယ်ဆိုတော့ plist file ဖတ်လို့ မရတော့ဘူး။ ဒါနဲ့ json ကို ပြောင်းပြီး ဖတ်မယ်လုပ်တော့ plist to json ကို ရှာရတာပဲ။ လက်ရှိ javascript နဲ့ ရေးထားတာတွေရှိပေမယ့် စမ်းကြည့်တော့ သိပ်အဆင်မပြေလှဘူး။ file size ကြီးတာတွေ မပြောင်းနိုင်ဘူး။ လက်ရှိ database ကို plist နဲ့ ပဲ သိမ်းထားတော့ read ရတာတွေ အရမ်းအဆင်ပြေတယ်။ Android မှာလည်း json သာ ပြောင်းလိုက်ရင် read တာတွေ က အဆင်ပြေသွားလိမ့်မယ်ဆိုပြီး json ပြောင်းဖို့…
-
MAMP မှာ pspell ကို မထည့်ထားလို့ ornagai မှာ spell checking ကို ဖြုတ်လိုက်ရတယ်။ ဒါပေမယ့် စိတ်က သိပ်မကျေနပ်ဘူး။ ပြန်ထည့်မယ်ဆိုပြီး စဉ်းစားပေမယ့် php ကို ပြန် compile လုပ်ရမှာကြောင့် မလုပ်ဖြစ်ဘူး ဖြစ်နေတယ်။ ဒါနဲ့ google က api လေး ပေးထားရင်တော့ php လည်း ပြန်ပြီး compile လုပ်စရာမလိုဘူး။ server တိုင်းအတွက်လည်း သုံးလို့ရသွားမယ်ဆိုပြီး ရှာလိုက်တော့ တွေ့ပါတယ်ဗျာ။ code ကလည်း လွယ်လွယ်လေးပဲ။ code example ကို အောက်မှာပဲ ကြည့်လိုက်ပါ။ ornagai.com မှာတော့ အမြန်ဆုံး ထည့်သွင်းနိုင်အောင် ကြိုးစားလိုက်အုံးမယ်။ Ornagai.com ကို v3…
-
ကျောင်းပြီးရင် အလုပ်လုပ်မယ်လို့ ဆိုပေမယ့် လုပ်ငန်းခွင်ဆိုတာ ဘယ်လို မျိုးလဲ ? အလုပ်ထဲမှာ ဘာတွေ လုပ်ရမလဲ ? စတာတွေက တွေးတော စရာတွေပါ။ အများသူငှာ ထင်တာကတော့ မတတ်ပေမယ့် လုပ်ငန်းခွင်ထဲ ရောက်ရင် တတ်သွားမှာပဲလို့ ဆိုကြတယ်။ မှန်တော့မှန်ပါတယ်။ သို့ပေမယ့် တွေးထင်သလို မလွယ်ဘူး။ အလုပ်လုပ်တဲ့ အခါမှာ ဘယ်သူမှ ကိုယ့်ကို မကူညီနိုင်ကြဘူး။ တော်တော်များများ တွေးထင်ကြတာက လုပ်ငန်းခွင်ထဲရောက်ရင် အပေါ်ကလူတွေက သင်ပေးမယ်လို့ ထင်တတ်ကြတယ်။ အဲလိုထင်ရင်တော့ တက်တက်စင်အောင် လွဲတာပဲ။ တကယ်တန်း လုပ်ငန်းခွင်ဆိုတာက ရေကူး သလိုပဲ။ မင်းရေကူးတတ်လားဆိုပြီး အင်တာဗျုးမယ်။ ကူးတတ်တယ်လို့ ပြောလိုက်ရင် ရေကန်ထဲ ပစ်ချလိုက်မယ်။ ကိုယ့်ဘာသာ ကူးတော့။ ဘယ်သူမှ လာမကယ်နိုင်ဘူး။ မကူးနိုင်ရင် နှစ်သွားမှာပဲ။…
-
ကျွန်တော် apiwork လို့ နာမည်ပေးထားတဲ့ Nifty framework ကို opensource ချပေးလိုက်ပါပြီ။ License ကတော့ MIT license ပါပဲ။ အရင်တုန်းက ကျွန်တော် ရေးခဲ့ဖူးတဲ့ Nifty Framework ပါပဲ။ အရင်တုန်းက Nifty Framwork ကိုတော့ nifty light ဆိုပြီး ပြောင်းလဲလိုက်ပါတယ်။ လက်ရှိ MZ User ကိုလည်း Nifty နဲ့ပဲ ရေးထားတာပါ။ ဘာလို့ Nifty အသုံးပြုရတာလဲ။ ကျွန်တော် ကိုယ်တိုင်ရေးထားလို့ ကျွန်တော် ကိုယ်တိုင် သုံးတာပါ။ အဓိကတော့ API ပြဿနာတွေကို ဖြေရှင်းဖို့အတွက်ပါ။ နောက်ပြီး ကျွန်တော် သုံးနေကျဖြစ်တဲ့ Library တွေကို စုစည်းထားပြီး တစ်ခုတည်းကနေ အသုံးပြုချင်တာကြောင့်လည်း…