nothing

  • Read It Later

    အခုတလော read it later လေးကို သဘောကျနေတယ်။ ရှိတဲ့ iPad က 3G မရတော့ MRT ပေါ်မှာ စာဖတ်ရတာ သိပ်အဆင်မပြေဘူး။ Ebook တွေကလည်း ဖတ်ချင်တဲ့ စာအုပ်တွေ သိပ်မရှိတော့ဘူ။ Getting Real , Rework ဒါတွေပဲ ထပ်ကာ ထပ်ကာ ဖတ်နေရတော့ မဖတ်ချင်တော့တာလည်း ပါတယ်။ အခြား programming စာအုပ်တွေ လည်း မဖတ်ချင်တော့ဘူး။ အသက်ကလေး ရလာလို့လားမသိဘူး သတင်းတွေလောက်ပဲ ဖတ်ချင်တော့တယ်။ မနက်စောစော စီးစီး သတင်းဖတ်ရတဲ့ အရသာလေးကို သဘောကျနေမိတယ်။ စနေ ၊ တနင်္ဂနွေတွေ ဆိုရင် နိုးနိုးခြင်း ကော်ဖီလေး ဖျော်ပြီး iPad က Pulse ကို…

  • ကျွန်တော့် blog ကို unicode ပြောင်းပြီး နောက်ပိုင်း စာဖတ်သူတွေ ဆက်ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အမှန်တိုင်းပြောရင် unicode ပြောင်းဖို့ အစီအစဉ် မရှိသေးပေမယ့် php နဲ့ converter ရေးပြီး စမ်းပြောင်းလိုက်တာကနေ ပြောင်းဖြစ်သွားတာလို့ ဆိုရမယ်။ ပြောင်းပြောင်းချင်း ရုတ်တရက် ဖြစ်သွားတာကြောင့်လည်း စာဖတ်သူ ရာခိုင်နှုန်းကျသွားတယ်ဆိုလည်း မမှားပါဘူး။ သို့ပေမယ့် font embed ထည့်ပြီးနောက်ပိုင်းမှာတော့ ပြန်တက်လာတဲ့အတွက် စာဖတ်သူတွေကို ကျေးဇူးတင်ပါတယ်။ အမှန်တိုင်းပြောရင် ရုတ်တရက် ပြောင်းချလိုက်တာဟာ စာဖတ်သူကို မလေးစားသလို ဖြစ်သွားရင်တော့ တောင်းပန်ပါတယ်။ အဲလိုလုပ်လိုက်လို့လည်း စာဖတ်သူတွေ အဆင်ပြေမယ့် နည်းလမ်းတွေကို လိုက်ရှာဖြစ်နေတာပေါ့။ iOS နဲ့ ဖတ်နေသူတွေရှိတယ်။ Android နဲ့ ဖတ်နေသူတွေ ရှိတယ်။ Win ,…

  • ချဉ်းကပ်ခြင်းဆိုတဲ့ အကြောင်းကို ရေးပြီးတဲ့ နောက်မှာ comment တွေ တော်တော်ရလိုက်တယ်။ မတူညီတဲ့ အမြင်တွေ သိုပေမယ့် တိုင်းပြည်အပေါ်မှာ ထားတဲ့ စေတနာတွေ ကိုတော့ တွေ့ရတယ်။ ဘယ်နေရာပဲရောက်ရောက် ဘယ်အဆင့်မှာပဲ ရောက်နေနေ ကိုယ့်တိုင်းပြည်ကို တိုးတက်ချင်တဲ့ စိတ်တွေကတော့ အပြည့်ပဲဗျ။ ကျွန်တော် သူတို့ ပြောတဲ့ ချဉ်းကပ်ခြင်းကို ရေးဖို့ ရာ ၃ ရက်လောက် ကြာတယ်။ မအားတာလည်း ပါတယ်။ comment တွေထဲက ကောင်းတာတွေ ရွေးထုတ်ပြီး ပြန်တည်းဖြတ်နေရတာ ဘာလို့ ၃ ရက်ကြာသွားမှန်းမသိပါဘူး။ comment ရေးခဲ့တဲ့သူတွေ ဆွေးနွေးပေးတဲ့ သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အစအဆုံး တည်းဖြတ်ပြီးတော့ ကိုယ့်ဘာသာ ကိုယ်ပြန်ဖတ် ပြီး သဘောကျမိတာတော့ အမှန်ပဲ။ မဖတ်ရသေးဘူးဆိုရင်…

  • မနေ့က MZ Blog မှာ ချဉ်းကပ်ခြင်း ဆိုတဲ့ Post တစ်ခု တင်ထားတယ်။ ကိုမြင့်ကျော်သူ ပြောတဲ့ comment နဲ့ ကိုအောင်စည်သူကျော်ပြောထားတဲ့ comment ၂ ခုကတော့ စိတ်ဝင်စားဖို့ ကောင်းတယ်။ ကျွန်တော် ဘယ်လို reply ပြန်ရမလဲ။ ကျွန်တော့် အယူအဆက ကော ဘယ်လိုလဲဆိုတာကို ကိုယ့်ဘာသာကိုယ် စဉ်းစားနေဆဲ။ Basic education က အရေးပါသလို ကျွန်တော် ပြောနေကြ စကားလုံးဖြစ်တဲ့ ရှုးသွပ်ခြင်းကလည်း အရေးပါပြန်တယ်။ ရှုးသွပ်ခြင်းဆိုတာက လူတိုင်းမှာ မရှိတဲ့ အရာတစ်ခုပါ။ ရှုးသွပ်ခုံမင်ခြင်း ဆိုတဲ့ အရသာကို သာမာန်လူတွေ မခံစားနိုင်တဲ့ အရာလို့ပဲ ဆိုရမလားပဲ။ ဒီ ပေါ်မှာ ရှုးသွပ်ခုံမင်ဖို့အတွက် အကြောင်းတွေတော့ ရှိဖို့လိုမှာပေါ့။ ဒါမှသာ…

  • Happy New Year !!! Now … Today is 1.1.11. All are the one. The great number for all of us. In 2011, I need to do many things. For my blog , I need to rewrite plugin for combo box. I dont’ like current unicode, zawgyi combo box. I want to change UI and some…

  • ၁၆ ရက်နေ့ညကတည်း ဝယ်လိုက်တာ ၂၃ ရက်နေ့မနက်မှပဲ လက်ထဲကို ရောက်တော့တယ်။ Nook ဝယ်ဖို့ barnes and noble ကနေ vpost us address. အဲလိုပို့တာ ၃ ရက်ကြာတယ်။ Vpost US Address ကိုရောက်တော့ shipping charges ချေရတယ်။ စလုံးရောက်ဖို့ကတော့ ၄ ရက်ကြာတယ်။ စလုံး ရောက်ပြီးနောက်နေ့ပဲ ချက်ခြင်း ရောက်လာပါတယ်။ ဈေးကတော့ shipping charges အပါဝင် S$356.14 ကျပါတယ်။ ကျွန်တော် သုံးဖို့အတွက်တော့ မဟုတ်ပါ။ အစ်မအတွက် မှာပေးထားတာပါ။ ၁ ရက်လောက် စမ်းသုံးကြည့်တော့ iPad ကိုပဲ သဘောကျသွားတယ်။ အရွယ်အစားကတော့ iPad ထက်စာရင် ပိုကောင်းတယ်။ စာဖတ်ဖို့အတွက်ပဲ အသုံးဝင်ပါတယ်။ တခြားဟာတွေအတွက်ကတော့ အသုံးမဝင်ပါ။

  • အခုတလော blog ရေးတာကို ပေးမယ့် အချိန်အစား CSS စာအုပ်ပြီးအောင် ရေးဖို့ အချိန်ပေးမယ်လို့ ဆုံးဖြတ်ထားပြီး CSS စာအုပ်ပဲ ရေးဖြစ်နေတယ်။ blog post တွေမှာ ရေးချင်တာရှိသေးတယ်။ သို့ပေမယ့် CSS စာအုပ်က နှစ်ပေါက်နေပြီ။ အဲဒီ အကြွေး အရင်ကျေအောင် ဆပ်မယ်ဆိုပြီး ရေးတော့ ရေးနေတာပဲ။ HTML စာအုပ်တုန်းက စာမျက်နှာ ၅၀ လောက်ပဲ ရှိပေမယ့် CSS စာအုပ်က အခုရေးနေတာ ၆၀ ရှိနေပြီ။ ဒါတောင် တဝက်ပဲ ရောက်သေးတယ်။ W3Cschool ကို reference လုပ်ပြီး ကျောရိုး ယူပြီး ရေးနေတာကြောင့် detail နည်းနည်းကျတာလဲ ပါတယ်။ CSS စာအုပ်ပြီးရင်တော့ Blog ပြန်ရေးပါ့မယ်။…

  • တက္ကသိုလ် နေ့ရက်များ

    Computer တက္ကသိုလ်ဆင်း တော်တော်များများဟာ ဗေဒင်နဲ့ မကင်းကြဘူးဗျ။ ( အချို့တွေကတော့ ကဒ်တွေနဲ့ မကင်းကြဘူးပေါ့ ) အခု နှစ်တွေတော့ မသိတော့ဘူး။ ကျွန်တော်တို့ နှစ်တုန်းကတော့ ဗေဒင် တက္ကသိုလ်လို့တောင် ဆိုရလောက်အောင် ကျောင်းသား ၊ကျောင်းသူတွေ ဗေဒင်ဟောတဲ့သူတွေ ဗေဒင်မေးတဲ့သူတွေကော စုံပေါ့ဗျာ။ တစ်ယောက်နဲ့ တစ်ယောက် ဟောပုံဟောနည်း မတူညီသလို ပညာဖလှယ်တာတွေလည်း ခဏခဏ ပေါ့ဗျာ။ ထမင်းစားချိန်ရောက်ရင် ဗေဒင်ဆရာတွေဆီမှာ ဗေဒင်ဟောတဲ့သူတွေ ရောက်လာတတ်သလို တစ်ခါတစ်ရံမှာလည်း ဗေဒင် ဆရာတွေ ဝိုင်းဖွဲ့ပြီး ဆွေးနွေးကြတာတွေလည်း ရှိသေးပါ့။