nothing

  • http://paungthar.blogspot.com/2010/08/having-fun-zawgyi-font-with-iphone-4.html

  • ဒီနေ့ မနက်ပဲ Pulse ကို ဝယ်ဖြစ်လိုက်တယ်။ $3.99 ပေးရပါတယ်။ အစကတော့ ခိုးကူးသုံးကြည့်သေးတယ်။ မဝယ်ခင်ကပေါ့။ သုံးကြည့်လိုက်တော့ တော်တော်လေးကို သဘောကျသွားတယ်။ idea လေးလည်း ကောင်းတယ်။ စာဖတ်ရတာလည်း အဆင်ပြေတယ်။ သုံးကြည့်လိုက်တော့ ခိုး သုံးရမှာ စိတ်မသန့်တော့ဘူး။ တကယ်တော့ ဝယ်ရတဲ့ဖိုးနဲ့ ရတဲ့ quality ကို ယှဉ်ကြည့်လိုက်ရင် ရတဲ့ Quality က အသာကြီး သာနေရင် ဝယ်သုံးဖို့ မနှမြောပါဘူး။ Coding က လေ့လာတတ်သူတိုင်း ရေးလို့ရပါတယ်။ idea ကတော့ လူတိုင်း မလုပ်နိုင်ဘူး။ ဒါက လေးစားဖို့ လိုတယ်။ Pulse က $3.99 နဲ့ရတာ သက်သာတယ် တန်တယ်လို့ ဆိုလို့ရမယ်။ Apollo ကို…

  • လေထဲမှာ ဝဲပျံသွားတဲ့ စကားလုံးတွေကို ဖမ်းဆုတ်လို့ မရနိုင်ခဲ့ဘူး… ရေးချလိုက်တဲ့ စာသားတွေဟာ… အသက်မဝင်ခဲ့ဘူး … ငါ့ထွက်သက် နဲ့ ဝင်သက်ကတော့ စည်းချက်မှန်လျက်ပဲ… အခန်းကျဉ်းထဲလဲလှောင်းနေရင်း… လမသာတဲ့ ကောင်းကင်ကြီးကို … ငေးကြည့်ရင်းနဲ့… ကြယ်တွေလည်း ရှိမနေပါဘူး.. ရှင်းလင်းနေတဲ့ ကောင်းကင်ကြီးပေါ့… ကြယ်တွေ စုံတဲ့ အခါ … ကြယ်တွေကိုသာ လူတွေ မြင်ကြတယ်.. ကြယ်တွေလှပဖို့အတွက် နောက်ခံ … မည်းမှောင်နေတဲ့ ကောင်းကင်ကိုတော့ လစ်လျူရှုထားတာလား… ကောင်းကင်ကြီး မည်းနေလို့များလားကွာ… ကြယ်တွေလှပဖို့အတွက် … သူမည်းနက်နေပေးရတာပါ.. အချိန်အခါတွေ ပြန်ပြောင်းသတိရရင်း… အခုအချိန်မှာတော့ ငါ ငိုရှိုက်ဖို့ အသံတွေက… ဆွံ့အ သွားပြီ… ထွက်သက် နဲ့ ဝင်သက်ဟာ… ငါ့ဘဝရဲ့ အဖော်ပဲ… သူတို့တွေ စည်းချက်မှန်နေသ၍……

  • နောက်ထပ် version ကို ကျွန်တော် ထုတ်ဖို့နည်းနည်းကြာမလား မသိသေးဘူး။ ဒါမှမဟုတ် 1.4.2 အနေနဲ့ပဲ ဒီလကုန်ရင် ထပ်ထုတ်ဖြစ်မယ်ထင်တယ်။ ကျွန်တော် 1.5 မှာ Web ပေါ်ကနေ sync လုပ်လို့ရအောင် ပါအောင် ရေးရမယ်။ အစက မြန်မာ – အင်္ဂလိပ် အဘိဓာန် ထည့်အုံးမလို့ပဲ။ မလွယ်ဘူးဗျ။ keyboard ပြဿနာ ဖြစ်နေတာကြောင့် keyboard ကို image တွေပဲ သုံးပြီး သီးသန့် ထုတ်မလား စဉ်းစားနေတယ်။ တော်တော်လေးကို ပြန်ပြင်ရေးရမှာကြောင့်လည်း ပါတာပေါ့။ နောက်ပြီး မြန်မာ English database ပါထည့်လိုက်ရင် search လုပ်တဲ့ အခါမှာ အရမ်းကြာသွားလိမ့်မယ်။ Application အတွက် သီးသန့် keyboard ရေးဖို့တော့ ဖတ်ကြည့်နေတာပဲ။ သိပ်တော့ အဆင်မပြေလှသေးဘူး။ နောက်ပြီး စိုင်း dictionary ဆီကနေ ဒီနေ့ reply ရပြီ။…

  • Mobile tutplus က Learn Objective C series ဖတ်ရင်းနဲ့ မြန်မာလို ပြန်ရေးချင်လာတာနဲ့ MZ Blog မှာ Objective C အကြောင်း ပြန်ရေးထားတယ်။ အခုဟာက ဘာသာပြန်ရတာဆိုတော့ ကိုယ်တိုင်ရေးထက်စာရင် ပိုလွယ်တယ်။ ဒါကြောင့် ပုံမှန်ရေးဖြစ်မယ်လို့ မျှော်လင့်ရတာပဲလေ။ နားမလည်တာတွေကို အဲဒီမှာပဲ comment ထားလိုက်ပါ။ ကျွန်တော်လည်း နားလည် သလောက်ပြန်ဖြေပေးတာပေါ့။ ကျွန်တော်လည်း Objectieve C ကို အခုပြန်လေ့လာရင်းနဲ့ ရေးနေတာ။ သိပ်အသိကြီးတော့ မဟုတ်ဘူး။ Ornagai ကို လုပ်ချင်လွန်းလို့ iPhone SDK ကို ကြော် .. လိုတာတွေပဲ လေ့လာပြီး ထုတ်ခဲ့တာ။ အခုမှ အခြေခံကစပြီး ကျွန်တော်လည်း ပြန်လေ့လာနေရတယ်။ အဲ.. Mac OS X ရှိဖို့တော့ လိုမယ်နော်။ Mac OSX ရှိပြီး…

  • လုပ်မယ် လုပ်မယ် လို့ ကိုယ့်ဘာသာကိုယ် ကတိပေးထားပြီး မလုပ်ဖြစ်တာတွေက jquery ကို ပြီးအောင်ရေးပေးမယ်ဆိုပြီး တိုးလို့တန်းလန်း css ရေးပေးမယ်လို့ကိုကိုရဲ ကို ကတိပေးထားပြီး အခုထက်ထိ ပြန်မရေးဖြစ်သေး Ornagai Lite version ထုတ်ပေးမယ်ဆိုပြီး အခုထက်ထိ lite အတွက် သီးသန့် မလုပ်ဖြစ်သေး edu နဲ့ mz code ကိုတောင် ပေါင်းပြီး MZ blog လုပ်မယ်ဆိုပြီး အခုထက်ထိ မတင်ဖြစ်သေး zawgyi js font embed ထုတ်ပေးမယ်ဆိုပြီး မလုပ်ဖြစ်သေး wordpress zawgyi embed fix လုပ်မယ်ဆိုပြီး အခုထက်ထိ မလုပ်ဖြစ် လုပ်မယ် လုပ်မယ်နဲ့ မလုပ်ဖြစ်တာတွေ တော်တော်များနေပြီပဲ။

  • Chaos Ring ကို ကစားပြီး မဆိုးဘူးလို့ ဆိုရမယ့် game ပဲ။ Planet vs Zombia ကတော့ ကျွန်တော့်အတွက် မကောင်းဘူးဗျ။ ကလေးတွေ မိန်းကလေးတွေ အကြိုက် game လိုမျိုးပဲ။ တနည်းပြောရင် စိတ်မရှည်ဘူး။ Chaos Ring ကတော့ ကျွန်တော်ကြိုက်တဲ့ Game ထဲမှာ ပါတယ်လို့ ဆိုလို့ရမယ်။ Review ကိုတော့ mmgamer မှာပဲ ရေးထားပါတယ်။

  • ဘာမှ မဟုတ်… ကလိထားတာ… public ပေးဖို့လည်း အစီအစဉ်မရှိ… :P ကိုယ့်ဘာသာကိုယ် မြန်မာလို ရိုက်လို့ရအောင်.. Keyboard-en_US.plist ကို ပြင်လိုက်တာ… အဲဒီ နည်းက ရိုက်ရတာ အသေကြာတယ်.. press လုပ်ထားတာ ချက်ခြင်း မတက်တော့ ကြာတာပေါ့.. စာတစ်ကြောင်း ရိုက်ဖို့ တော်တော်ကြာတာတော့ အမှန်ပဲ.. စမ်းချင်သပ ဆိုသူတွေ ဒီမှာ download ချလို့ရတယ်။ /System/Library/Frameworks/UIKit.framework/Keyboard-en_US.plist အဲဒါကို overwrite လုပ်ရမယ်။ overwrite လုပ်ပြီး restart ချလိုက်ရင်ရပြီ။ key ကို press လုပ်ထားရင် မြန်မာလိုလေး ပေါ်လာမယ်။ ဘာ support မှ မရှိပါ။ ဘာမှလည်း reply ပြန်မည် မဟုတ်။ ကိုယ့်ဘာသာကိုယ် personal…