nothing

  • Beginning iPhone Game Development ဆိုတဲ့ စာအုပ်ဖတ်ပြီး သူပြောတဲ့အတိုင်းရေးထားတာ.. အဲဒီ စာအုပ်က တော်တော်တော့ ဖတ်လို့ကောင်းတယ်.. game ရေးဖို့ စိတ်ဝင်စားတဲ့သူတွေ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပဲ..

  • အပျင်းပြေဆော့နေတဲ့ Fruit Ninja Game အကြောင်းကို ဒီနေ့ MMGamer မှာရေးထားတယ်။  ပျင်းရင် ဆော့ဖြစ်နေတဲ့ Game ၂ ခုက Fruit Ninja နဲ့ NinjaJump ပဲ။ နောက်တော့မှ NinjaJump အကြောင်းရေးတော့မယ်။ ဒါနဲ့ ကျွန်တော့် iPodTouch မှန် အက်သွားလို့ စိတ်ထဲ မကောင်းဘူးဖြစ်သွားတယ်။ iPodTouch အသစ်ပေါ်လာလို့လားတော့ မသိ။ အသစ်ပေါ်လာတော့ အဟောင်းက အလိုလို ပျက်စီး ရတာလည်းတော့ မသိဘူး။ Laptop ကို စားပွဲပေါ်ကနေ မလိုက်တာ iPodTouch နဲ့ USB Cable ချိတ်ထားတော့ တန်းလန်းကြီးပါလာပြီးတော့ စားပွဲဇောင်းနဲ့ တိုက်ပြီး မှန်အက်သွားတယ်။ game ဆော့ရတာ သိပ်မကောင်းတော့ပေမယ့် development အတွက်တော့ သုံးလို့ရနေသေးတယ်။

  • http://blog.mysteryzillion.org/basic/ဘယ်-programming-language-စ-လေ့လာမလဲ/ http://blog.mysteryzillion.org/basic/ဘယ်-programming-language-စ-လေ့လာမလဲ-part-2/

  • iPad နဲ့ ပတ်သက်ပြီး ခဏခဏ မေးတဲ့ မေးခွန်းတွေရှိတယ် ။ iPad က ဘာနဲ့ တူသလဲ။ ဘာအသုံးကျသလဲပေါ့။ NetBook ဝယ်ရမလား iPad ဝယ်သင့်သလား။ Nook က စာဖတ်ဖို့အတွက် iPad ထက် ပိုကောင်းမယ်ထင်တယ်နော်။ စတဲ့ … စတဲ့ မေးခွန်းပေါင်းများစွာရဲ့ အနှစ်ချုပ်ကတော့ iPad က ဘာလဲ ဆိုတာပဲ။ iPad ကတော့ အရိုးအရှင်းဆုံးပြောရရင်တော့ iPodTouch အကြီးစားပေါ့ဗျာ။ Code တွေ ဘာတွေ ရေးဖို့ဆိုတာထက် iPodTouch နဲ့ အတူတူပဲလို့ ဆိုလို့ရမယ်။ သူက laptop တစ်ခုလို coding တွေရေးလို့ရမှာမဟုတ်ဘူး။ Development တွေ လုပ်လို့ရမှာတော့မဟုတ်ဘူး။ သို့ပေမယ့် စာဖတ်တာကတော့ laptop ထက်စာရင် အများကြီး သာတာပေါ့ဗျာ။ PDF file တွေကို လွယ်လွယ်ကူကူ…

  • http://paungthar.blogspot.com/2010/08/having-fun-zawgyi-font-with-iphone-4.html

  • ဒီနေ့ မနက်ပဲ Pulse ကို ဝယ်ဖြစ်လိုက်တယ်။ $3.99 ပေးရပါတယ်။ အစကတော့ ခိုးကူးသုံးကြည့်သေးတယ်။ မဝယ်ခင်ကပေါ့။ သုံးကြည့်လိုက်တော့ တော်တော်လေးကို သဘောကျသွားတယ်။ idea လေးလည်း ကောင်းတယ်။ စာဖတ်ရတာလည်း အဆင်ပြေတယ်။ သုံးကြည့်လိုက်တော့ ခိုး သုံးရမှာ စိတ်မသန့်တော့ဘူး။ တကယ်တော့ ဝယ်ရတဲ့ဖိုးနဲ့ ရတဲ့ quality ကို ယှဉ်ကြည့်လိုက်ရင် ရတဲ့ Quality က အသာကြီး သာနေရင် ဝယ်သုံးဖို့ မနှမြောပါဘူး။ Coding က လေ့လာတတ်သူတိုင်း ရေးလို့ရပါတယ်။ idea ကတော့ လူတိုင်း မလုပ်နိုင်ဘူး။ ဒါက လေးစားဖို့ လိုတယ်။ Pulse က $3.99 နဲ့ရတာ သက်သာတယ် တန်တယ်လို့ ဆိုလို့ရမယ်။ Apollo ကို…

  • လေထဲမှာ ဝဲပျံသွားတဲ့ စကားလုံးတွေကို ဖမ်းဆုတ်လို့ မရနိုင်ခဲ့ဘူး… ရေးချလိုက်တဲ့ စာသားတွေဟာ… အသက်မဝင်ခဲ့ဘူး … ငါ့ထွက်သက် နဲ့ ဝင်သက်ကတော့ စည်းချက်မှန်လျက်ပဲ… အခန်းကျဉ်းထဲလဲလှောင်းနေရင်း… လမသာတဲ့ ကောင်းကင်ကြီးကို … ငေးကြည့်ရင်းနဲ့… ကြယ်တွေလည်း ရှိမနေပါဘူး.. ရှင်းလင်းနေတဲ့ ကောင်းကင်ကြီးပေါ့… ကြယ်တွေ စုံတဲ့ အခါ … ကြယ်တွေကိုသာ လူတွေ မြင်ကြတယ်.. ကြယ်တွေလှပဖို့အတွက် နောက်ခံ … မည်းမှောင်နေတဲ့ ကောင်းကင်ကိုတော့ လစ်လျူရှုထားတာလား… ကောင်းကင်ကြီး မည်းနေလို့များလားကွာ… ကြယ်တွေလှပဖို့အတွက် … သူမည်းနက်နေပေးရတာပါ.. အချိန်အခါတွေ ပြန်ပြောင်းသတိရရင်း… အခုအချိန်မှာတော့ ငါ ငိုရှိုက်ဖို့ အသံတွေက… ဆွံ့အ သွားပြီ… ထွက်သက် နဲ့ ဝင်သက်ဟာ… ငါ့ဘဝရဲ့ အဖော်ပဲ… သူတို့တွေ စည်းချက်မှန်နေသ၍……

  • နောက်ထပ် version ကို ကျွန်တော် ထုတ်ဖို့နည်းနည်းကြာမလား မသိသေးဘူး။ ဒါမှမဟုတ် 1.4.2 အနေနဲ့ပဲ ဒီလကုန်ရင် ထပ်ထုတ်ဖြစ်မယ်ထင်တယ်။ ကျွန်တော် 1.5 မှာ Web ပေါ်ကနေ sync လုပ်လို့ရအောင် ပါအောင် ရေးရမယ်။ အစက မြန်မာ – အင်္ဂလိပ် အဘိဓာန် ထည့်အုံးမလို့ပဲ။ မလွယ်ဘူးဗျ။ keyboard ပြဿနာ ဖြစ်နေတာကြောင့် keyboard ကို image တွေပဲ သုံးပြီး သီးသန့် ထုတ်မလား စဉ်းစားနေတယ်။ တော်တော်လေးကို ပြန်ပြင်ရေးရမှာကြောင့်လည်း ပါတာပေါ့။ နောက်ပြီး မြန်မာ English database ပါထည့်လိုက်ရင် search လုပ်တဲ့ အခါမှာ အရမ်းကြာသွားလိမ့်မယ်။ Application အတွက် သီးသန့် keyboard ရေးဖို့တော့ ဖတ်ကြည့်နေတာပဲ။ သိပ်တော့ အဆင်မပြေလှသေးဘူး။ နောက်ပြီး စိုင်း dictionary ဆီကနေ ဒီနေ့ reply ရပြီ။…