Creativity, Inc

Creativity, Inc စာအုပ်ကို ပြီးခဲ့တဲ့ လ က ဖတ်လို့ ပြီးသွားတယ်။ ဒီစာအုပ်ကို စဖတ်တုန်းကတော့ Toy Story, Cars , Monster Inc စတဲ့ ကာတွန်းကားတွေ ထုတ်တဲ့ Pixar အကြောင်း ရေးထားတာလို့ ပဲ သိခဲ့တယ်။ ဒီစာအုပ်ကို စဖတ်ပြီးတော့ မကြာခင်မှာ သိလိုက်တာက Company တစ်ခု အကြောင်း ဆိုတာထက် ပိုတယ်။ စာအုပ် အစ ပိုင်းမှာ Pixar မဖြစ်လာခင်က တက္ကသိုလ်ကျောင်းသား ဘဝ မှာ လက်ဖဝါးပုံကို 3D Animation အကြောင်းကို ဖတ်လိုက်ရတော့ စိတ်ထဲမှာ ဟာ… ကနဲ ဖြစ်သွားတယ်။ University of Utah မှာ 1976 […]

Fantastic Beast and Where to find them

Harry Potter စာရေးဆရာမ J. K. Rowling ရဲ့ ရုပ်ရှင် အသစ် Fantastic Beast and Where to find them ဒီ နှစ်အတွင်းထဲမှာ ထွက်မယ် ဆိုတာကြောင့် အဲဒီ စာအုပ်ကို ဝယ်ဖြစ်တယ်။ တကယ်တန်းတော့ စာအုပ်က ဝတ္ထုမဟုတ်ပဲ Beast တွေ အကြောင်း အသေးစိတ်ရေးသားထားတဲ့ စာအုပ်ပါ။ တနည်းပြောရရင် Hogwarts က Text Book လို့ ဆိုရမယ်။ ပထမတော့ နည်းနည်း ပျင်းဖို့ ကောင်းတယ် ထင်ရပေမယ့် အရေးအသားက အသေးစိတ်ပြီး ဖတ်လို့ ကောင်းတာ ကြောင့် ၂ နာရီ လောက်နဲ့ တစ်အုပ်လုံး ပြီးသွားတယ်။ စာအုပ်ကလည်း တော်တော်လေး […]

သွေး (မင်းဆွေ)

စာရေးဆရာ မင်းဆွေကို ဓား ဝတ္ထုနဲ့ တွဲပြီးတော့ မှတ်မိကျပါလိမ့်မယ်။ သွေး ဝတ္ထုကို သိပေမယ့် ရန်ကုန်ရောက်တုန်း စာအုပ်ဆိုင်မှာ မတွေ့ဖြစ်တော့ မဝယ်ဖြစ်ခဲ့ဘူး။ ပြီးခဲ့တဲ့ အခေါက်က လူကြုံ ရှိတာနဲ့ သွေးစာအုပ်ကို ရခဲ့တယ်။ စာရေးဆရာ အရေးအသားက ဓားအတိုင်းပဲ ကောင်းပေမယ့် ဇာတ်လမ်းကတော့ ကောင်းလှတယ် မဟုတ်ဘူး။ လူပျိုကြီး တစ်ယောက် အသဲကွဲပုံကို ဖွဲ့နွဲ့ထားပြီးတော့ ကြားထဲမှာ မျိုးချစ်စိတ်ဓာတ် ထက်သန်ရေးလေးတွေ ညှပ်ညှပ်ထည့်ပြီးတော့ ရေးထားပါတယ်။ သမာရိုးကျ ပေါ့ပေါ့ပါးပါး ဖတ်ဖို့လောက်သာ အဆင်ပြေပါတယ်။ ဓားနဲ့ ယှဉ်ရင် အရမ်းကောင်းလှတဲ့ ဝတ္ထုမဟုတ်ပေမယ့် အရေးအသား ကောင်းလို့ တစ်အုပ်လုံး ဖတ်လို့ ပြီးသွားတယ်။ ဇာတ်လမ်းက ထွေထွေထူးထူး မရှိသလို ဖတ်ပြီးတော့ ဖတ်ပြီးသွားတယ် ဆိုတာလောက်ပဲ ခံစားရပါတယ်။

Becoming Steve Jobs

Walter Isaacson ရဲ့ Steve Jobs စာအုပ်ထွက်ပြီး နောက်ပိုင်းထွက်တဲ့ Steve Jobs အကြောင်းရေးထားတဲ့ စာအုပ်ပါ။ ဒီစာအုပ်ကို Steve Jobs နဲ့ တွဲ လုပ်ဖူးတဲ့ လက်ရှိ Apple က executives တွေက သဘောကျတဲ့ စာအုပ် ဆိုတာ ကြောင့် ထပ်ပြီးတော့ ဖတ်ဖြစ်ပါတယ်။ ဒီစာအုပ်က အတ္ထုပတ္တ ထက်စာရင် drama ပိုဆန်ပါတယ်။ ဖတ်ရတာ ပိုပြီးတော့ အရှိန်ရပါတယ်။ ကျွန်တော်ကတော့ Walter Isaacson စာအုပ်ထက် စာရင် Becoming Steve Jobs စာအုပ်ကို ဖတ်ရတာ ပိုအားရတယ်။ Walter Isaacson က Steve Jobs အကြောင်း အသေးစိတ်ပါတဲ့ အတွက် […]

Changed to the Strip Payment at HTML 5 Book Website

HTML 5 စာအုပ်ကို online ပေါ်မှာ စပြီး ရောင်းတော့ အဓိက ပြဿနာက မြန်မာနိုင်ငံက ဝယ်မရတာ ပဲ။ ဝယ်ချင်တဲ့ သူတွေ ရှိပေမယ့် မြန်မာနိုင်ငံကနေ ဝယ်မရဘူးလို့ ဆိုပါတယ်။ Gumroad က မြန်မာနိုင်ငံကို ပိတ်ထားတဲ့ အတွက် ပြည်တွင်းကနေ ဝယ်မရတာပါ။ ဒါကြောင့် Stripe ကို ပြန်ပြောင်းရေးရပါတယ်။ Stripe ကို ပြန်ပြောင်းရေးတော့ အဓိက ပြဿနာက backend ပိုင်း code တွေ database တွေပါ ရေးရတာတွေ ပါလာပါတယ်။ ပြီးတော့ ပထမ ဆုံး အကြိမ် Stripe ကို အသုံးပြုတာကြောင့် စမ်းသပ်နေတာနဲ့တင် အချိန် တော်တော်ကြာသွားတယ်။ Gumroad ကို အသုံးပြုရင်တော့ […]

Building API You Won’t Hate

ဒီစာအုပ်ကို မဖတ်ခင်တုန်းက အတော့်ကို မျှော်လင့်ထားပါတယ်။ သို့ပေမယ့် တစ်အုပ်လုံး ဖတ်ပြီးသွားသည့် အချိန်မှာတော့ သိပ်ပြီးတော့ အချက်အလက် တွေ မပါပေမယ့် အခုမှ စပြီးတော့ REST API ဆိုတာ ဘာလဲ REST API ဘယ်လို တည်ဆောက် သင့်သလဲ ဆိုတာကို လေ့လာ နေသည့် သူတွေ အတွက် အသုံးဝင်မယ့် စာအုပ်ပါ။ Build API You Won’t Hate ဆိုတဲ့ ခေါင်းစဉ်ထက် How RESTFUL API should be ဆိုရင် စာအုပ်ထဲက စာနဲ့ ခေါင်းစဉ်နဲ့ ကိုက်ပါလိမ့်မယ်။ စာအုပ်ထဲမှာ စိတ်ဝင်စားဖို့ ကောင်းတာက Authentication , Pagination and API […]

The Pragmatic Programmer

The Pragmatic Programmer ဆိုတဲ့ စာအုပ်ကို ပြီးခဲ့တဲ့ အပတ် က မှ ဖတ်လို့ ပြီးသွားတယ်။ စာအုပ်ဖတ်နေရင်းနဲ့ ဒီစာအုပ်ကို အလုပ်စလုပ်တဲ့ အချိန်လောက်က ဖတ်ထားမိခဲ့ရင် ကောင်းမှာပဲ ဆိုပြီး တွေးမိတယ်။ စာအုပ်ထဲက အချက် တော်တော်များများကတော့ အလုပ်လုပ်တာ ၈ နှစ် ဝန်းကျင်လောက် ရှိလာတဲ့ အခါ စာအုပ်ထဲက အချက်အလက် တော်တော်များများက အလုပ်ကနေ တဆင့် သင်ပြီးလို့ လက်တွေ့ လုပ်ခဲ့တာတွေ များတယ်။ သို့ပေမယ့် လိုအပ်လို့တာ လုပ်ခဲ့ပေမယ့် ဘယ်လောက် အရေးပါတယ်။ ဘာကြောင့် လုပ်သင့်သလဲ ဆိုတာ ကောင်းကောင်းမသိဘူး။ ဒီစာအုပ်ဖတ်ရင်းနဲ့ မှ အသုံးဝင်ပုံတွေကို သဘောပေါက်လာတယ်။ တစ်အုပ်လုံးကတော့ ဖတ်ရတာ မဆိုးဘူး။ အထူးသဖြင့် ကျွန်တော်နဲ့ […]

Updated On Programming Basic Book

ဒီ ၂ ပတ် ခရီးသွားနေချိန်အတွင်းမှာ ရတဲ့ အချိန်လေးတွေမှာ စာအုပ်ကို ထပ်ပြီး update လုပ်ဖြစ်ပါတယ်။ Programming Basic စာအုပ်မှာ OOP အပိုင်းကို ထပ်ဖြည့်ထားပါတယ်။ Python နဲ့ OOP က အပြည့်အစုံ ရှင်းပြလို့ မရတဲ့ အတွက် နောက် အခန်းတွေ အတွက်လောက်ပဲ အနည်းအကျဉ်း ရှင်းပြလို့ ရတယ်။ စာအုပ်ကို Data Structure က အချို့ အပိုင်းလေးတွေပါ ထည့်ချင်တာကြောင့် တစ်အုပ်လုံး ပြီး ဖို့ ကတော့ နည်းနည်းတော့ ကြာအုံးမယ်။ အခုမှ Stack အပိုင်းကို ရေးတုန်းဆိုတော့ Data Structure အပိုင်းက စလုံးရေစ ဆိုတဲ့ အဆင့်ပဲ ရှိသေးတယ်။ မျှော်မှန်းထားတဲ့ […]