The Rosie Project

Bill Gates ရဲ့ recommend လုပ်တဲ့ စာအုပ်တွေထဲမှာ ရှားရှားပါးပါး ဝတ္ထုစာအုပ် တစ်အုပ်ပါပါတယ်။ စာအုပ်တော်တော်များများက non-fiction တွေ ဖြစ်ပြီး Graeme Simsion ရေးထားတဲ့ The Rosie Project ကို သူ့ မိန်းမက recommend လုပ်လို့ ဖတ်ကြည့်ပြီးတော့ သူက ပြန်ပြီး recommend လုပ်ထားတာပါ။ လတ်တလော ဖတ်စရာ စာအုပ် ကုန်နေတာနဲ့ Rosie Project ကို ဖတ်ကြည့်လိုက်တော့ ၄ ရက် လောက်နဲ့ ပြီးသွားတယ်။ တော်ရုံတန်ရုံ စာအုပ် ၁ အုပ်ကို ၁ လ လောက် အေးအေးဆေးဆေး ဖတ်ပေမယ့် Rosie Project က ရယ်ရတာကြောင့် လက်က…More

Elon Musk: Tesla, SpaceX, and the Quest for a Fantastic Future

ပြီးခဲ့တဲ့ လ က Orchard က Kinokuniya ကို ရောက်တုန်းက အရောင်းရဆုံး စာအုပ်တွေထဲမှာ Elon Musk စာအုပ်တွေ့တာနဲ့ ဝယ်ဖြစ်ခဲ့တယ်။ Elon Musk ကို လွန်ခဲ့တဲ့ ၅ နှစ်လောက်က သူငယ်ချင်း တစ်ယောက် သူ့ interview youtube video link ပို့တာကနေ သူ့ကို စသိခဲ့တာ။ အဲဒီ video ကနေ တဆင့် Space X , Tesla နောက်ပြီး PayPal founder တစ်ယောက်ဆိုတာကို တဖြည်းဖြည်း သိလာခဲ့တယ်။ နောက်ပိုင်း Tesla က ကား မိတ်ဆက်ပွဲတွေ ကြည့်ဖြစ်ရင်း Elon Musk ဟာ ကား လောက…More

တာတေစနေသား

ဦးနု ရေးထားတဲ့ တာတေစနေသား စာအုပ်ကို ဖတ်မယ် ဖတ်မယ်နဲ့ မဖတ်ဖြစ်ခဲ့တာ ပြီးခဲ့တဲ့ လမှ စဖတ်ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ အပတ်မှ ပဲ ပြီးသွားတော့တယ်။ ဦးနုစာအုပ် မဖတ်ခင် တိုင်းပြည်က နုနု မုန်တိုင်းက ထန်ထန် ဆိုတဲ့ စာအုပ်လေး ဖတ်ဖြစ်တယ်။ အဲဒီစာအုပ်ကြောင့်ပဲ တာတေစနေသား ကို မဖြစ်မနေ ဖတ်မှ ဖြစ်မယ်ဆိုပြီး ဖတ်ဖြစ်သွားတယ်။ စဖတ်ကာစကတော့ သိပ်စိတ်ဝင်စားစရာ မကောင်းလှဘူး။ ဦးနု ငယ်ဘဝက ဆိုးခဲ့တဲ့ အကြောင်းတွေလောက်ပဲ။ တကယ်ကောင်းတာကတော့ ဦးနု သူဟာ ဘုရားဆုပန်ပြီး အချိန်က စပြီးတော့ ပြောင်းလဲသွားတာပဲ။ အဲဒီက စပြီးတော့ နောက်ပိုင်း တောက်လျှောက် ဖတ်လို့ ကောင်းတဲ့ စာအုပ် တစ်အုပ် ဆိုတာ မမှားဘူး။ ကျွန်တော်တို့…More

Programming Basic Chapter 2 Done

Programming Basic စာအုပ်ကို ရေးတာ အခုဆိုရင် Chapter 2 ပြီးသွားပါပြီ။ Chapter 2 မှာ programming နဲ့ ပတ်သက်ပြီးတော့ အခြေခံ တော်တော်များများကို ရေးသားထားပါတယ်။ နောက် အခန်းတွေက စပြီးတော့ Data Structure အပိုင်းတွေကို စပြီး ရေးသွားပါမယ်။ Chapter 2 ဖတ်ပြီးတဲ့ အထိ နားမလည်တာတွေ ရှိရင် Github မှာ issue ဖွင့်ပြီး မေးနိုင်ပါတယ်။ အခုမှ စလေ့လာကာစ သူတွေ အတွက် တချို့ code တွေက နားလည်ဖို့ ခက်ခဲနေလိမ့်မယ်။ ဒါကြောင့် မသိတာတွေကို မေးပါ။ Exercise တွေကို အဖြေမကြည့်ပဲ ကြိုးစားပြီးတော့ code ရေးကြည့်ပါ။ စာအုပ်ကိုတော့…More

HTML 5 Online EBook (Myanmar version)

HTML 5 စာအုပ်ကို စက်တင်ဘာလ ၂၀၁၃ ကတည်းကရေးနေပေမယ့် ဒီနေ့တော့ အခန်း ၉ ကို ပြီးသွားပါပြီ။ နောက်ဆုံး ရေးဖို့ ထားထားတဲ့ javascript နဲ့ canvas အခန်းပဲ ကျန်ပါတော့တယ်။ HTML 5 အကြောင်းရေးမယ်ဆိုတော့ CSS လည်း အနည်းငယ်သိဖို့ လိုသလို javascript လည်း သိဖို့လိုပါတယ်။ ဒါကြောင့် စာအုပ်ထဲမှာ CSS ကော javascript ပါ ထည့်ရေးဖို့ ဆုံးဖြတ်ထားတယ်။ အခုတော့ စာအုပ် တစ်အုပ်လုံး နီးပါး ပြီးနေပါပြီ။ အခန်း ၂ ခန်းပြီးရင်တော့ HTML 5 စာအုပ်ပြီးပြီလို့ ဆိုနိုင်ပါတယ်။ အခုတလော ရုံးအလုပ်ကလွဲပြီး ကျန်တဲ့ လုပ်လက်စ app တွေကော…More

The books that I read at 2013

2013 မှာ စာအုပ် ၈ အုပ် ဖတ်ဖြစ်တယ်။ ၂ အုပ်က ပြီးအောင် မဖတ်ရသေးဘူး။ ၁ အုပ်ကတော့ လက်ရှိ ဖတ်နေဆဲ။ ခြေရာပျောက်မြစ် – မြနှင်းဆီ သန်းမြင့်ဦး ရေးထားတဲ့ The River of Lost Footsteps: A Personal History of Burma ကို မြနှင်းဆီ ဘာသာပြန်ထားတာပါ။ မြန်မာနိုင်ငံ သမိုင်းအကြောင်းကို ပုဂံမှ စပြီး ၁၉၈၈ နှောင့်ပိုင်း အထိ ရေးထားတဲ့ စာအုပ်ပါ။ မြန်မာ့ သမိုင်းမှာ မသင်လိုက်ရတာတွေ မသိလိုက်တာတွေ တော်တော်ပါတယ်။ အထူးသဖြင့် လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာ့ သမိုင်းကို ကျွန်တော်တို့ လက်ထပ်မှာ သေသေချာချာ မသင်တော့ဘူး။…More

ခြေရာပျောက်မြစ်

ရန်ကုန် ပြန်တုန်းက ခြေရာပျောက်မြစ် စာအုပ် ဝယ်ခဲ့တယ်။ စာရေးဆရာ က ဦးသန့်မြေး ဒေါက်တာသန်းမြင့်ဦး ရေးထားပြီးတော့ မြနှင်းဆီ ဘာသာပြန်ထားတာပါ။ စာအုပ်ကို စဖတ်လိုက်ကတည်းက စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ သီပေါမင်း ပါတော်မူတာကနေ စပြီးတော့ မြန်မာ့ သမိုင်း အစအဆုံးကို ရေးသားထားပါတယ်။ အစပိုင်းမှာ သမိုင်း ကြောင်းက အစီအစဉ် မကျလှပဲ ဆက်စပ်ရာ သွားနေတယ်။ သို့ပေမယ့် ကျွန်တော်တို့ မသိခဲ့ရတဲ့ သမိုင်းတွေ ပါဝင်နေတယ်။ ရှေးခေတ်က မွန်တွေ ရဲ့ အကြောင်း ၊ နောက်ပြီး အလောင်းမင်းတရား သာ မရှိခဲ့ရင် တတိယပြည်ထောင်စုက မွန်မင်း တည်ထောင်တယ်များ ဖြစ်သွားလေမလား ဆိုပြီး အံအားသင့်ဖွယ် ဖတ်ခဲ့ရတယ်။ အလောင်းမင်းတရားဟာ အံဩဖွယ်ကောင်းလှတယ်။ မုဆိုးဖို ရွာသူကြီးကနေ…More

Steve Jobs

Steve Jobs စာအုပ်ကို Nook STR နဲ့ ဖတ်ဖြစ်တယ်။ Nook STR က စာဖတ်လို့ တော်တော်ကောင်းတာတော့ အမှန်ပဲ။ စာအုပ်တစ်အုပ်လုံး ခြုံကြည့်ရင်တော့ စာအုပ်ကောင်း တစ်အုပ်ပါ။ တစ်ချို့ အချက်လေးတွေ သဘောမကျစရာ ပါတယ်။ နည်းပညာနဲ့ ပတ်သက်ပြီး သေချာမပါဝင်ပေမယ့် Steve Jobs အကြောင်းကိုတော့ ပြည့်ပြည့်စုံစုံ ပါဝင် ပါတယ်။ စာအုပ်ထဲမှာကတော့ Steve Jobs စမွေးတဲ့ အကြောင်းကနေ ကင်ဆာဖြစ်ပြီး အနားယူလိုက်တဲ့ အထိ ပါဝင်ပါတယ်။ ငယ်စဉ် ဘဝအကြောင်းကို ဖတ်မိရင်တော့ Pirate Of the Silicon Vally မှာ Steve Jobs က ဘာကြောင့် ဒီလောက် ဆိုးရသလဲဆိုတာကို နားလည်လို့…More