saturngod
-
Active user ကို သိချင်သည့် အခါမှာ user app ကို login ဝင်တိုင်း log မှတ်ပါတယ်။ id user_id created_at 1 1 2019-04-12 2 1 2019-04-13 3 2 2019-04-12 4 2 2019-04-13 5 3 2019-04-13 6 4 2019-04-13 7 4 2019-04-13 8 1 2019-04-13 9 3 2019-04-13 MySQL အရ အောက်ပါ အတိုင်း ရေးပါတယ်။ SELECT COUNT(DISTINCT user_id),created_date From login_user where created_date >=…
-
ဒီနေ့ Win Mobile က ကိုစိုးနောင်ဝင်း ပြောလို့ Android Q ကို Emulator စမ်းကြည့်ဖြစ်တယ်။ Android Q မှာ ဇော်ဂျီတွေ မြင်နေရတယ် လို့ ဆိုပါတယ်။ Emulator နဲ့ စမ်းကြည့်တော့ 90% လောက် က ဖတ်လို့ရတယ်။ GBoard ကို အသုံးပြုပြီး ဇော်ဂျီ နဲ့ ရေးလို့လည်း ရတယ်။ Zawgyi Decode လိုမျိုး font အသစ်တစ်မျိုး ကို မြန်မာ အတွက် စ စမ်းထားတယ်လို့ ထင်တယ်။ Android Q မှာတော့ language မှာ မြန်မာလို့ ထားလို့ရပြီ။ လက်ရှိ က Samsung သုံးနေတာ ဆိုတော့…
-
Programming basic စာအုပ်မှာ python နှင့် အဓိကထားပြီး ရေးထားပါတယ်။ Programming မှာ language ထက် အရေးပါတာကတော့ logic ပါ။ looping ဘယ်လိုပတ်မယ် ဘာကြောင့် ပတ်သင့်တယ်။ if condition ကို ဘယ်လို ရေးသင့်တယ်။ စသည့် အခြေခံ ကျသည့် တွေးခေါ်မှု က လိုအပ်တယ်။ ဥပမာ * ** *** **** ***** လိုမျိုး basic ကို တစ်ကြောင်းစီ ရိုက်ထုတ်လည်း အဖြေထွက်တာပဲ။ ဘာကြောင့် looping သုံးသင့်သလဲ ဆိုတာကို စဉ်းစားတတ်ဖို့ လိုတယ်။ Programming basic စာအုပ်မှာ အခြေခံ အကျဆုံး အပိုင်းတွေတာ ထည့်သွင်းထားတယ်။ python…
-
Programming Basic စာအုပ်က အကုန်လုံး ရေးပြီးသွားပြီ။ ထပ်ဖြည့်ထားတာတွေလည်း ရှိတယ်။ ပြန်ပြင်ထားတာတွေလည်း ပါတယ်။ အခု စာလုံးပေါင်း ပြန်စစ်တာရယ် နောက်ပြီးတော့ code တွေ ရှင်းပြထားတာတွေ ကိုယ်တိုင် ပြန်ဖတ်ကြည့်ပြီး နားလည် မလွယ်ပြန်စစ်နေတယ်။ ဖြစ်နိုင်ရင်တော့ စာအုပ် ထုတ်ဖို့ အထိ လုပ်ဖို့ စဉ်းစားထားတယ်။ ebook အနေနဲ့ ဖတ်ကြည့်မယ် ဆိုရင်တော့ အောက်က link မှာ download ချလို့ရပါတယ်။ https://cldup.com/fMPFtlzkeT.pdf
-
iPhone ကို ပုံမှန် သုံးနေပေမယ့် နိုဝင်ဘာလက စပြီးတော့ Note 9 ကို စသုံးဖြစ်တယ်။ စသုံးကာစကတော့ iOS လောက် သဘောမကျဘူး။ နောက်ပြီးတော့ သုံးနေကျ အတိုင်း mac နဲ့ sync မဖြစ်ဘူး။ နောက်ပြီးတော့ Android အတွက် support ဖြစ်သည့် App တွေပြောင်းသုံးရတယ်။ After Using အခု ၃ လ လောက်သုံးပြီးတော့ နေသားကျလာပါပြီ။ သဘောကျတာကတော့ ကင်မရာပဲ။ မြင်ကွင်း ပိုကျယ်ပြီး သုံးခဲ့သည့် iPhone ထက်သဘောကျတယ်။ နောက်တချက်က battery power saving mode နဲ့ ဆို တော်တော် ခံတယ်။ 4% လောက်ကျန်တော့တာကို ၈ နာရီလောက်…
-
ကျွန်တော်တို့ COMQUAS ရုံးမှာ programming ပွဲမှာ မေးခဲ့သည့် ပုစ္ဆာ တစ်ခုပါ။ ယုန် နှင့် ကြက် စုစုပေါင်း ခေါင်း ၃၅ ခေါင်း နှင့် ခြေ ၉၄ ချောင်း ရှိတယ်။ ယုန် ဘယ်နှစ်ကောင်လဲ။ ကြက် ဘယ်နှစ်ကောင်လဲ။ နောက်ပြီး error handling ပါ ထည့်သွင်းဖို့ လိုပါတယ်။ code မရေးခင်မှာ equation တွက် ဖို့ လိုပါတယ်။ ဒါဆိုရင်တော့ ယုန် ဘယ်နှစ်ကောင် ကြက် ဘယ်နှစ် ကောင် အတွက် equation ထွက်လာပါပြီ။ Error handling အတွက် result က အနှုတ် ဖြစ်လို့ မရပါဘူး။ နောက်ပြီးတော့ စားသည့်…
-
Basecamp မှာ အဓိက ပြဿနာက tasks list အကုန်လုံးကို တစ်နေရာတည်းမှာ ကြည့်မရတာပဲ။ ဒါပေမယ့် API အပြည့်အစုံပေးထားတော့ ကိုယ့်ဘာသာကိုယ် python နဲ့ ရေးပြီး ထုတ်လိုက်တယ်။ Basecamp API မှာ ပြဿနာ နောက်တစ်ခုက အဆင့်ဆင့် ထုတ်နေရတာပဲ။ Projects အားလုံးထဲက todo setname ကို ရှာရတယ်။ setname ကနေ တဆင့် todo sets ကို ယူရတယ်။ ပြီးမှ todo တွေကို ဆွဲထုတ်လို့ရတယ်။ code ကတော့ ခက်ခက်ခဲခဲ မဟုတ်ပေမယ့် API ကို နားလည်အောင် အချိန်ပေးပြီး ဖတ်လိုက်ရတယ်။ https://github.com/saturngod/basecamp3-getall-incomplete-todo မှာ ကျွန်တော် code ကို တင်ထားပါတယ်။…
-
လူထု ဒေါ်အမာ ဘာသာပြန်ပြီး ရေးထားသည့် စာအုပ်လေး တစ်အုပ်ပါ။ နေရူး အကြောင်း ကို ဦးနုရဲ့ တာတေ စနေသား ဖတ်ပြီး ကတည်း ဖတ်ကြည့်ချင်ခဲ့တယ်။ နေရူးဟာ ဘယ်လိုမျိုးလူလဲ ဆိုတာ ဦးနု ပြောတာ တစ်ခုတည်းနဲ့ မယုံကြည်ချင်တာလည်း ပါတယ်။ ဒီစာအုပ်ဟာ ဝယ်ထားတာကြာပေမယ့် ရှေ့မှာ စာအုပ် ၂ အုပ် ခံသွားလို့ အခုမှ ဖတ်ဖြစ်တယ်။ ပါးပါးလေးပဲ။ ၁ ရက် ပဲ ကြာတယ်။ စာတွေ အများကြီးထဲမှာ စာ ၂၁ စောင်ထဲပဲ ပါလို့ အားမရ မိတာ အမှန်ပဲ။ စာတွေ ဖတ်ကြည့်လိုက်တိုင်း သမီးပေါ်မှာထားသည့် အချစ် နှင့် နိုင်ငံပေါ်မှာ ထားသည့် စိတ်ကို မြင်ရတယ်။ တကယ်ကို လေးစားဖို့ ကောင်းသည် ။ သူ့စာတွေ ဖတ်ကြည့်လိုက်တော့ ပညာတတ်တယ်။ အင်္ဂလိပ်ကို မုန်းတာ မဟုတ်ဘူး။…