saturngod

  • Parallel Universe is a javascript that written by Mad Computerist. It can detect zawgyi or unicode. It will force to change css font. So, user can see zawgyi and unicode at the same time. I installed unicode and can’t see all of the zawgyi font in facebook. But I don’t want to force font on…

  • dropbox မှာ တင်ထားတဲ့ bookmarklet link ကို သွားရခက်နေသူများအတွက် http://bookmarklet.saturngod.net

  • Unicode , Zawgyi combobox wordpress မှာ ဘယ်လိုထည့်ရမလဲမေးနေသူများအတွက် plugin လေးရေးပြီး တင်ထားလိုက်ပါတယ်။ ဘာ code မှ ပြင်စရာမလိုပဲ plugin လေး သွင်းလိုက်ရင်ရပါပြီ။ http://wordpress.org/extend/plugins/unicode-zawgyi-combobox/

  • Nook color is best for End User

    စာဖတ်ဖို့အတွက် Android Tablet ရွေးမလား Nook Color ရွေးမလားဆိုရင်တော့ Nook Color ကို recommend လုပ်ပါတယ်။ Android ဆိုတာက Geek တွေအတွက်ကတော့ ထမင်းစားရေသောက် လုပ်ချင်တာ လုပ်ဖြစ်ပေမယ့် End user တွေအတွက် တော်တော် အလုပ်ရှုပ်မယ့် ကိစ္စတွေရှိပါတယ်။ စာဖတ်ဖို့အတွက် App ထပ်သွင်းရတာ ရှိမယ်။ Epub , PDF , docx , doc စတဲ့ format တွေ ဖတ်ဖို့အတွက် App ထပ်သွင်းရပါမယ်။ Market ထဲကို ဝင်ပြီး ရှာရမယ်။ ပြီးရင် App ကို ဖွင့်ပြီး SD card ကနေ စာအုပ်ဖွင့်ရမယ်။ အဲဒီအတွက် Computer နဲ့ ချိတ် စာအုပ်တွေ ထည့်။ ပြီးရင် App…

  • ၁၆ ရက်နေ့ညကတည်း ဝယ်လိုက်တာ ၂၃ ရက်နေ့မနက်မှပဲ လက်ထဲကို ရောက်တော့တယ်။ Nook ဝယ်ဖို့ barnes and noble ကနေ vpost us address. အဲလိုပို့တာ ၃ ရက်ကြာတယ်။ Vpost US Address ကိုရောက်တော့ shipping charges ချေရတယ်။ စလုံးရောက်ဖို့ကတော့ ၄ ရက်ကြာတယ်။ စလုံး ရောက်ပြီးနောက်နေ့ပဲ ချက်ခြင်း ရောက်လာပါတယ်။ ဈေးကတော့ shipping charges အပါဝင် S$356.14 ကျပါတယ်။ ကျွန်တော် သုံးဖို့အတွက်တော့ မဟုတ်ပါ။ အစ်မအတွက် မှာပေးထားတာပါ။ ၁ ရက်လောက် စမ်းသုံးကြည့်တော့ iPad ကိုပဲ သဘောကျသွားတယ်။ အရွယ်အစားကတော့ iPad ထက်စာရင် ပိုကောင်းတယ်။ စာဖတ်ဖို့အတွက်ပဲ အသုံးဝင်ပါတယ်။ တခြားဟာတွေအတွက်ကတော့ အသုံးမဝင်ပါ။

  • Creative ကလည်း Android Tablet ကို ထုတ်လိုက်ပါပြီ။ ထုတ်လိုက်တာကတော့ မကြာသေးပါဘူး။ Creative ဆိုတာကတော့ စကာင်္ပူရဲ့ အထင်ကရ company တစ်ခု ဆိုလည်း မမှားပါဘူး။ အထူးသဖြင့် speaker တွေနဲ့ ပတ်သက်ပြီး နာမည်ရှိတဲ့ Brand လို့ဆိုနိုင်ပါတယ်။ ကျွန်တော် Nook Color ကို order မှာပြီး ၃ ရက်အကြာလောက်ထင်တယ်။ တော်တော်လေး မကျေမနပ်ဖြစ်သွားရတဲ့ Product လို့ဆိုရမယ်။ ဈေးနှုန်းကလည်း 8 GB ကို S$360 ပဲ ပေးရတယ်။ အခု အချိန် မြန်မာငွေ ပေါက်ဈေးနဲ့ဆိုရင်တော့ ၂ သိန်းခွဲလောက်ပဲ ရှိပါတယ်။ ၇ လက်မ ဖြစ်တဲ့အတွက် စာဖတ်လို့လည်း အဆင်ပြေပါလိမ့်မယ်။ 16…

  • အခုတလော blog ရေးတာကို ပေးမယ့် အချိန်အစား CSS စာအုပ်ပြီးအောင် ရေးဖို့ အချိန်ပေးမယ်လို့ ဆုံးဖြတ်ထားပြီး CSS စာအုပ်ပဲ ရေးဖြစ်နေတယ်။ blog post တွေမှာ ရေးချင်တာရှိသေးတယ်။ သို့ပေမယ့် CSS စာအုပ်က နှစ်ပေါက်နေပြီ။ အဲဒီ အကြွေး အရင်ကျေအောင် ဆပ်မယ်ဆိုပြီး ရေးတော့ ရေးနေတာပဲ။ HTML စာအုပ်တုန်းက စာမျက်နှာ ၅၀ လောက်ပဲ ရှိပေမယ့် CSS စာအုပ်က အခုရေးနေတာ ၆၀ ရှိနေပြီ။ ဒါတောင် တဝက်ပဲ ရောက်သေးတယ်။ W3Cschool ကို reference လုပ်ပြီး ကျောရိုး ယူပြီး ရေးနေတာကြောင့် detail နည်းနည်းကျတာလဲ ပါတယ်။ CSS စာအုပ်ပြီးရင်တော့ Blog ပြန်ရေးပါ့မယ်။…

  • တက္ကသိုလ် နေ့ရက်များ

    Computer တက္ကသိုလ်ဆင်း တော်တော်များများဟာ ဗေဒင်နဲ့ မကင်းကြဘူးဗျ။ ( အချို့တွေကတော့ ကဒ်တွေနဲ့ မကင်းကြဘူးပေါ့ ) အခု နှစ်တွေတော့ မသိတော့ဘူး။ ကျွန်တော်တို့ နှစ်တုန်းကတော့ ဗေဒင် တက္ကသိုလ်လို့တောင် ဆိုရလောက်အောင် ကျောင်းသား ၊ကျောင်းသူတွေ ဗေဒင်ဟောတဲ့သူတွေ ဗေဒင်မေးတဲ့သူတွေကော စုံပေါ့ဗျာ။ တစ်ယောက်နဲ့ တစ်ယောက် ဟောပုံဟောနည်း မတူညီသလို ပညာဖလှယ်တာတွေလည်း ခဏခဏ ပေါ့ဗျာ။ ထမင်းစားချိန်ရောက်ရင် ဗေဒင်ဆရာတွေဆီမှာ ဗေဒင်ဟောတဲ့သူတွေ ရောက်လာတတ်သလို တစ်ခါတစ်ရံမှာလည်း ဗေဒင် ဆရာတွေ ဝိုင်းဖွဲ့ပြီး ဆွေးနွေးကြတာတွေလည်း ရှိသေးပါ့။