saturngod
-
အခုတော့ infinity Blade ဆော့တာ အကုန်ပြီးပြီ။ Achievements ကတော့ ၃၈ ခု ပဲရှိသေးတယ်။ နောက်ထပ် ၄ ခုလောက် ရရင်တော့ ပြည့်ပြီ။ သို့ပေမယ့်လည်း မဆော့ချင်တော့ဘူး။ အခု All master ဖြစ်သွားတဲ့အတွက်ကြောင့် ထပ်ပြီး level တက်စရာ မရှိတော့သလို God King နဲ့ ချရင်လည်း လွယ်လင့် တကူနိုင်နေပြီ။ အဲ… အဆိပ်မမိသွားရင်ပေါ့။ God King နဲ့ ချတဲ့အခါမှာ ဓားစာ တချက်မိသွားရင် အဆိပ်မိသွားတတ်တယ်။ Heal ပြန်မလုပ်နိုင်ရင် သေပြီပဲ။ အဲဒါ တော်တော်ဆိုးတယ်။ တနည်းပြောရင် ညစ်ထားတာပေါ့ဗျာ။ ဆော့ရင်းနဲ့ ဂရုပြုမိလာတာက Infinity Blade company က တော်တော် ညစ်ထားတာပဲ။…
-
၁။ ရန်ကုန် ဘဆွေရဲ့ မြန်မာပြည်သား စာအုပ် ဖတ်ပြီးပြီ။ ရိုးရာဓလေ့ထက်စာရင် ဆင်ဖြူရှင်လက်ထပ် တိုင်းပြည်အခြေအနေ စစ်အခြေအနေတို့ကို ရေးထားတာကို သဘောကျတယ်။ ဇာတ်အိမ်ဖွဲ့ထားမှု ခိုင်ခံတယ်။ ဝမ်းနည်းတာက အဲလိုမျိုး ဝတ္ထုကောင်းကို မြန်မာတွေ ပြန်မရိုက်နိုင်ဘူး။ ရိုက်ရင်လည်း ကျန်စစ်မင်း ရုပ်ရှင်လို ဖြစ်သွားမှာ စိုးရတယ်။ ၂။ Startup အကြောင်းရေးပေးပါဆိုပြီး ကိုပီဇီ ကပြောတာနဲ့ စာတွေ တော်တော်ပြန်ဖတ်လိုက်ရတယ်။ rework တောင် ပြန်မဖတ်ဖြစ်တော့ဘူး။ မှတ်မိသလောက်ထဲကနည်းနည်းနဲ့ အခုတလော ဖတ်ထားတဲ့ စာအုပ်တွေထဲက အကြောင်း နောက်ပြီး ကိုယ်မြင်ဖူး တွေ့ဖူးတာတွေကို ပေါင်းပြီး ရေးပေးလိုက်တယ်။ ခေါင်းစဉ်ကတော့ ကိုပီဇီ ပဲရွေးပေးလိုက်တာ။ Start-ups တွေ ဘာကြောင့် မအောင်မြင်ရတာလဲ ။ ဒုတိယ အပိုင်းကို ရေးတော့…
-

ကိုငြိမ်းချမ်းထွေးက ရန်ကုန်ဘဆွေရေးတဲ့ မြန်မာပြည်သား စာအုပ်ဖတ်ကြည့်ပါလားလို့ပြောတာနဲ့ သူငယ်ချင်း စလုံးလာမယ့်သူကို စာအုပ် ၂ အုပ်မှာလိုက်တယ်။ ၁ အုပ်က ရန်ကုန်ဘဆွေ မြန်မာပြည်သား နဲ့ မြသန်းတင့် ရဲ့ သုခမြို့တော်။ သုခမြို့တော်က ရန်ကုန်အိမ်မှာ ဝယ်ထားတဲ့ စာအုပ်ရှိပေမယ့် ရှာရတာနဲ့ ရှုပ်တာနဲ့ သူငယ်ချင်းကိုပဲ ဝယ်လာခိုင်းလိုက်တယ်။ ရန်ကုန်ဘဆွေ ရဲ့ မြန်မာပြည်သား စာအုပ်ကို အခုဖတ်ကြည့်လိုက်တော့ ရှေးတုန်းက ဓလေ့လေးတွေ ရေးထားတဲ့ စာအုပ်ကောင်းပဲဗျ။
-
Joomla Day ကို မန်းမှာ လုပ်မယ်လို့ ဆိုပါတယ်။ Joomla Day က ဘာလဲဆိုတာကိုတော့ ဒီမှာ သွားဖတ်ကြည့်နိုင်ပါတယ်။ မြန်မာနိုင်ငံက Joomla ဝါသနာရှင်တွေ ပညာရှင်တွေ အတူတကွ တွေ့ဆုံဆွေးနွေးကြမယ့် ပွဲဆိုလည်း မမှားပါဘူး။
-
တစ်ပတ်လောက် game development အတွက် စာတွေ ဖတ်လိုက်ရတယ်။ cocos2d ကိုလည်း အမြန် လေ့လာရတယ်။ အိမ်ပြန်ချိန် ည ၉ နာရီ ဖြစ်တာလည်း ၁ ပတ်ကျော်နေပြီ။ ၁ ပတ်အတွင်းမှာ တော်တော်လေး အပင်ပန်းခံလိုက်တာ game development အကြောင်းကို အနည်းငယ် တီးခေါက်မိသွားတယ်။ အများကြီးမသိသေးရင်တောင် အရင်ကထက်တော့ နည်းနည်း ပိုသိလာပြီလို့ ဆိုရမယ်။ ပြီးခဲ့တဲ့ ၂ ပတ်ကစပြီး လုံးဝ ကို မအားတာ။ ရုံးက dead line တွေကော bugs တွေကော နဲ့ ရှုပ်နေတာပဲ။ game သေးသေးလေး တစ်ခုကို ပြီးခဲ့တဲ့ အပတ်က စရေးခိုင်းတယ်။ ခက်တာက logic ရှိတယ်။ မရေးတတ်ပြန်ဘူး။…
-
http://cydia.macforus.com မှာ ဇော်ဂျီ iPad Keyboard ရပါပြီ။ os 4.2 အတွက်သာ ဖြစ်ပါသည်။ 3.2 အတွက် မရပါ။ Zawgyi Keyboard iPad 4.2 ကို install လုပ်ပါ။ respring လုပ်လိုက်ပါ။ (cydia တွင် respring လို့ ရှာပြီး သွင်းလိုက်လျှင် respring app ရမည်) သို့မဟုတ် restart လုပ်လို့လည်းရပါသည်။ Setting -> Keyboard -> Myanmar ကို ရွေးပေးလိုက်ပါ။ keyboard က ကိုဝေဖြိုးလင်းပဲရေးထားတာပါ။
-
ဟိုနေ့က ကိုပီဇီ နဲ့စကားပြောဖြစ်သေးတယ်။ ကျွန်တော်က ရန်ကုနု်မှာ လူငယ်တွေကော ဘယ်လိုလဲလို့ မေးလိုက်တော့ … ကိုပီဇီက အားမလို အားမရတွေဖြစ်နေတယ်။ ၁၀ တန်းပြီးမှ computer အခြေခံစသင်ရတာနဲ့ အင်္ဂလိပ်စာ အခြေခံပြန်သင်ရတာကို မကျေမနပ်တွေ ဖြစ်နေတယ်။ ၁၀ တန်းပြီးပြီဆိုရင် အင်္ဂလိပ်စာ အခြေခံနဲ့ computer အခြေခံ ကို သင်တာ နောက်ကျနေပြီဗျ။ ကျွန်တော်တို့တွေ အသက်အရွယ်ကြီးတဲ့ အထိ ရှေ့မတက်နိုင်တာက ၁၀ တန်းပြီးမှ အခြေခံ စတာကြောင့်လည်း ပါတယ်ဆိုတာ မမှားဘူး။ ၁၀ တန်း ပြီးဆိုတော့ ၁၆ နှစ် ပေါ့။ ၁၆ နှစ်မှာမှ Word , Excel , Powerpoint တွေ စသင်ခိုင်းတာက အလွန်ကို…
