saturngod

  • Posterous

    ရန်ကုန်ကလူတွေတော့ Posterous ကို သုံးလို့ရမရ မသိဘူး။ Posterous က blogspot လိုမျိုး blog site တစ်ခုပါပဲ။ blog တွေကို လွယ်လွယ်ကူကူ ဖန်တီးလို့ရသလို လှပတဲ့ Theme တွေလည်း တော်တော်များပါတယ်။ Tumblr လိုမျိုး posterous Blog တွေကိုလည်း subscribe ( Follow ) လုပ်လို့လည်း ရပါတယ်။ Why posterous Tumblr ဟာ blogpost ကို လွယ်လွယ်ကူကူနဲ့ တင်လို့ရပါတယ်။ နောက်ပြီးတော့ audio နဲ့ video တွေတင်ရတာ အရမ်းလွယ်ပါတယ်။ Posterous မှာ အကြိုက်ဆုံးအပိုင်းကတော့ blog ရေးသာထက် bookmarklet ပဲ။ ကိုယ်ကြိုက်တဲ့ website တွေကို လွယ်လွယ်ကူကူ bookmark လုပ်လို့ရအောင် ဖန်တီးပေးတာပါ။ ဥပမာ ကြည့်ချင်ရင်တော့ http://saturngod.pulsememe.com မှာ…

  • Facebook Account အပါအဝင် Twitter, WordPress ( wordpress နဲ့ လုပ်ထားတဲ့ website တွေ အပါအဝင် ) , Gowalla , tumblr.com စသည့် တော်တော်များများ site ကို firesheep ဆိုတဲ့ firefox addon နဲ့ လွယ်လွယ်ကူကူ hijack လုပ်လို့ရပါတယ်။ firesheep ကို firefox ကနေ run လိုက်ပြီဆိုတာနဲ့ wifi network ထဲမှာ ရှိနေတဲ့ အသုံးပြုသူအားလုံးရဲ့ page တွေကို login ဝင်စရာမလိုပဲ လွယ်လွယ်ကူကူ ဝင်ရောက်နိုင်ပါတယ်။ ကာကွယ်လို့ရတဲ့ နည်းလမ်းကတော့ https:// ကို အသုံးပြုခြင်းပါပဲ။ firefox မှာဆိုရင်တော့ forceTLS ဆိုတဲ့…

  • အပြောင်းအရွှေ့ – ၂

    ကျွန်တော် အပိုင်း ၁ ကိုတော့ ရေးပြီးပါပြီ။ အပိုင်း ၁ မှာတော့ အလုပ်ရတဲ့ အကြောင်း ကို ရေးပြီးပါပြီ။ အဲ.. အလုပ်လည်း ရတယ်။ ဒီဘက်ကိုလည်း အလုပ်ထွက်မယ်လို့ ပြောလိုက်ပြီ။ ကျွန်တော့် အမှားက အဲမှာ စတာပဲ။ ဒီဘက်က EP status မသိရသေးခင် အလုပ်ထွက်ဖို့ အကြောင်းပြောလိုက်တာပဲ။ ပုံမှန် အားဖြင့် တော်တော်များများက EP status သိရမှ အလုပ်ထွက်စာတင်ကြပါတယ်။ ကျွန်တော်က ဒီဘက် ကနေ EP မလျှောက်ရသေးခင် ထွက်စာတင်လိုက်တော့ စိတ်မချရတဲ့ အခြေအနေကို ရောက်သွားတာပေါ့။

  • Airsoft သွား ပစ်တဲ့ နေ့တုန်းက Web Designer နဲ့ ကားမှာ ဘေးကပ်ရပ် ထိုင်ဖြစ်တော့ စကားပြောဖြစ်ခဲ့တယ်။ သူနဲ့ အတူတူထိုင်ပြီးတော့ သူ့နိုင်ငံ အကြောင်း ကိုယ့် နိုင်ငံ အကြောင်းတွေ ပြောဖြစ်ခဲ့တဲ့အပိုင်းထဲက အပိုင်း အချို့ Me: မင်းတို့ အစိုးရက ဘယ်လိုလဲ။ Dirman: အရမ်းဆိုးတယ်ကွာ။ Me: ဟုတ်လား။ ဒါနဲ့ မင်း Design ပိုင်းကို ဘယ်ကနေ သင်လာတာလဲ။ Dirman: ကျောင်းမှာ သင်လာတာလေကွာ။ Me: အန် … အဲဒါတွေ တက္ကသိုလ်မှာ သင်တယ်။ ဟုတ်လား။ Dirman: အေးလေ။ မင်းတို့ဆီမှာ အဲလိုမျိုး တက္ကသိုလ် မရှိဘူးလား။ Visual Art တို့ Visual…

  • အပြောင်းအရွှေ့

    မန်ယူမှာတော့ Rooney ပြောင်းမယ် ကိစ္စက အရမ်းကို နာမည်ကြီးသွားတယ်။ အခုတော့ မန်ယူနဲ့ ၅ နှစ် စာချုပ်သက်တမ်း ထက်တိုးလိုက်ပါပြီ။ အဲ… ပြောချင်တာ ဘောလုံးသမား အပြောင်းအရွှေ့ ကိစ္စ မဟုတ်ပါ။ စလုံးမှာ အလုပ်လုပ်ပြီး နောက်ထပ် အလုပ်ပြောင်းတဲ့ အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို အတွေ့အကြုံရအောင် ပြောမလို့ပါ။ လွန်ခဲ့တဲ့ ၁ နှစ်က စလုံးကို စရောက်ခဲ့တယ်။ စရောက်ပြီး ၃ ရက်မှာပဲ Point Star မှာ အလုပ်ရခဲ့တယ်။ PHP Developer အနေနဲ့ပါပဲ။ Point Star က အဓိက Google Apps ကို ရောင်းတာ ဖြစ်ပြီးတော့ Web Development ကိုလည်း Client တွေ လိုအပ်တဲ့အခါမှာ ရေးဆွဲပေးပါတယ်။ Google Apps ရောင်း။ ပြီးရင် websites ဆောက်ပေးပေါ့။ Website တွေ အားလုံးဟာလည်း wordpress…

  • စမ်းပြီးပြီ။ မိုက်၏။ ကြည်သည်။ မြန်သည်။ ပြဿနာမရှိ။ တစ်ယောက်နဲ့ စကားပြောနေလျှင် နောက်တစ်ယောက်က ခေါ်မရ။ http://www.apple.com/mac/facetime/ တွင် beta version ရပြီ။ အခုတော့ အိပ်ပြီ။ ၃ နာရီထိုးနေပြီ။

  • Ornagai ကို localhost မှာ ဘယ်လို သွင်းရမလဲ ဆိုသူများအတွက် https://github.com/saturngod/ornagai-V2/wiki/Ornagai-Setup အရင်ဆုံးတော့ Ornagai ကို download ချထားဖို့တော့ လိုတာပေါ့။

  • jquery mobile alpha release

    အရင်ကတော့ jquery ကို iphone အတွက် ရေးချင်ရင် jQTouch နဲ့ အသုံးပြုပြီး ရေးရတယ်။ နောက်တော့ sencha touch ပေါ်လာတယ်။ phonegap , titanium လိုမျိုး web base ကနေ app ဖန်တီးလို့ရလာတာတွေကြောင့် native ui နဲ့ တူတဲ့ jquery framework တွေ ခေတ်စားလာပါတယ်။ အများအားဖြင့်တော့ jQTouch နဲ့ sencha ကို အသုံးများပါတယ်။ Ornagai မှာလည်း jQTouch ကို အသုံးပြုထားတယ်။ jQuery ကလည်း အခုတော့ mobile version အတွက်ပါ ထုတ်ပါပြီ။ သူကြေငြာထားတာတော့ ကြာပြီ။ အခုမှပဲ alpha release ထုတ်တာပေါ့။။