Knowledgebase

  • အခုခေတ်က တော်တော်ယောင်လို့ ကောင်းတဲ့ ခေတ်လို့ ဆိုရမလားမသိဘူး။ Language တွေ ယောင်လို့ ပြီးလို့ Mobile Development လုပ်တော့မယ်ဆိုရင် ထပ်ယောင် စရာတွေ လာပြီ။ Android ကိုလုပ်မလား iPhone ကိုလုပ်မလား။ နောက်ပြီး ၂ ခုလုံးလုပ်ချင်တယ်ဆိုတဲ့သူတွေလည်း ရှိသေးတယ်။ ဟိုးအရင်တုန်းက Mobile အတွက် Nokia Symbian ပဲရှိတော့ Java လေ့လာပဲ။ အခုတော့ ခေတ်တွေက ပြောင်းသွားပြီ။ Web Developer လည်း Mobile App ရေးလို့ရကုန်တော့ Web Developer တွေလည်း Mobile လိုင်းကို ယောင်တောင်တောင်နဲ့ လွယ်လွယ်လေး ကူးလို့ရနေပြီ။

  • CodeIgniter မှာ 403 Forbidden Error ကို ပြီးခဲ့တဲ့ အပတ်က Client ရဲ့ စက်မှာ တက်လာတယ်။ ကျွန်တော့် စက်မှာကတော့ ဘာမှမဖြစ်ဘူး။ ဘာဖြစ်လို့လည်းဆိုပြီး Googling လုပ်ကြည့်လိုက်တော့ permission ကြောင့်ပါ။ Apache က www-data ဆိုတဲ့ user နဲ့ အလုပ်လုပ်ပါတယ်။ Zip file ကို extract လုပ်လိုက်ချိန်မှာ File , Folder permission တွေအားလုံးက လက်ရှိ user ကပဲ read , write လုပ်လို့ရတဲ့ permission ဖြစ်သွားတယ်။ Linux မှာဆိုရင်တော့ file permission တွေအားလုံးကို 775 ပြောင်းပြီး file, folder…

  • Programming အခြေခံ အတွက် ဘာတွေ ရှိတယ်ဆိုတဲ့ လမ်းကြောင်းလေး ပြထားပေးတာပါ။ လိုအပ်နေပါသေးတယ်။ လိုအပ်တာတွေကို ဖြည့်စွက်ပြီး ပြောပေးကြပါ။ Changes Log version 1.1 ကို update လုပ်ထားသည်။ Knowledge နှင့် Windows Mobile ကို ထည့်သွင်းထားသည်။

  • တစ်ခြား နိုင်ငံတွေမှာတော့ မသိ ဘူး ကျွန်တော်တို့မြန်မာ နိုင်ငံမှာ high school အရွယ်တွေကတော့ Developer တို့ Programmer တို့ဆိုတာ သိကြမှာ မဟုတ်ဘူး။ ငယ်ငယ်ကတည်းက ကျောင်းမှာ စာအရမ်းတော်တဲ့ ကလေးက ဆယ်တန်းမှာ အမှတ်မကောင်းလို့ ဆေးကျောင်းမဝင်ပဲ computer ကို ရွေးချယ်ခဲ့တာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် နိုင်ငံခြားမှာ computer ကျောင်းသွားတတ်တာပဲ ဖြစ်ဖြစ်ပေါ့။ ပထမ အချက်က သူတို့တွေက Programming ဆိုတာ မသိကြဘူး။

  • HTML 5 section ကို ဒီနေ့မှ စမ်းကြည့်တယ်။ တော်တော်မိုက်တာပဲ။ contenteditable ကို အကြိုက်ဆုံးပဲ အရင်က content တွေကို editable ဖြစ်ဖို့ jquery နဲ့ ရေးရတယ်။ အခုတော့ လွယ်ပါ့။ editable ဖြစ်ချင်ရင် contenteditable ကို true ပေးလိုက်ရုံပဲ။ jquery နဲ့ ပေါင်းပြီး သုံးလိုက်တော့ inline edition က အရမ်းလွယ်သွားပြီ။ <section contenteditable=”true”>ဒီစာကို ပြင်လို့ရတယ်။</section> HTML5 ကို သဘောကျပြီး ကျလာတာတော့ အမှန်ပဲ။

  • ဘာလိုလိုနဲ့ iPhone SDK ကို လေ့လာတာ ၅ လ လောက်ရှိသွားပြီထင်တယ်။ January က စပြီး လေ့လာဖြစ်တယ်လို့ထင်ရတယ်။ ဘာလို့လည်းဆိုတော့ iPhone SDK Alert Box ဆိုတဲ့ post လေး ရေးခဲ့ဘူးလို့ပါ။ အဲတုန်းကတော့ Alert box တောင် မရေးတတ်သေးဘူး။ လုံးဝ စလုံးရေ စဆိုပါတော့။ ကျွန်တော် ၅ လ အတွင်း မှာ Objective C ကို သိရုံလေး သိလာတယ်။ တနည်းပြောရင် သူများရေးထားတာ ကူးချတတ်လာတယ်ပေါ့။  language အသစ်တစ်ခုကို ငါ ဘယ်လို လေ့လာခဲ့လဲဆိုတာကို အခုအချိန်မှာ ပြန်စဉ်းစားမိတယ်။

  • မနေ့တုန်းကတော့ Flash Future ဆိုပြီး ကျွန်တော် ရေးပြီးပါပြီ။ Flash ဟာ အနာဂတ်မှာ ပျောက်ဆုံးသွားမှာလားဆိုတဲ့ မေးခွန်း တစ်ခုကို ဖြေရမယ်ဆိုရတော့ မပျောက်ဆုံးပါ။ မသေဆုံးနိုင်ပါ။ Adobe ဟာလည်း flash ကို သေဆုံးခွင့်ပြုမှာ မဟုတ်ဘူး။ နောက်ပြီး blog post တွေ တော်တော်များများမှာ Flash နဲ့ HTML 5, jquery ဟာ ယှဉ်ပြိုင်ဘက်တွေ ဖြစ်လာပြီ လို့ ရေးလာကြပါတယ်။ တကယ်တန်းစဉ်းစားကြည့်မယ်ဆို ဟုတ်သလိုလိုနဲ့ မဟုတ်ပြန်ဘူး။ ဘာဖြစ်လို့ Flash က မသေဆုံးနိုင်တာလဲ။

  • ဒီနေ့ Flash နဲ့ ပတ်သက်ပြီး နောက်ထပ် ဆောင်းပါးတစ်ပုဒ်ကို ထူးတေဇာ ရဲ့ twitter status ကနေ link ရလို့ဖတ်ဖြစ်လိုက်တယ်။ Opera က HTML5 video ကိုပဲ support လုပ်မယ်ဆိုတာလေးပါ။ အကုန်လုံး သိကြတဲ့အတိုင်းပဲ Flash က iPhone, iPodTouch, iPad တွေမှာ မရသလို အသစ်ထွက်ရှိမယ့် iPhone OS 4 မှာလည်း အများမျှော်လင့်သလို မပါဝင်ခဲ့တာ သိကြပြီးတဲ့အတိုင်းပဲ။ ပထမဆုံး Apple က Flv တွေအစား HTML5 ကို video မှာ အသုံးပြုဖို့စတင်ခဲ့တယ်။ HTML5 အတွက် mp4 ကို အသုံးပြုခဲ့တယ်။ အဲလိုပဲ Google ကလည်း…